
ရေနံချောင်း ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါခံစားနေရသူများနှင့် အခြားလူနာများ အတွက် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့က အမှာစကား ပြောကြားပြီး ရေနံချောင်းမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက် ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်ထွေး မင်းက အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့် အခြေအနေ များအား ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို မှာကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က အောက်ဆီဂျင် စက်ရုံတည် ဆောက်ရန်အတွက် အလှူငွေ ကျပ် သိန်း ၅၀၀ ကို ပေးအပ် လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် မြို့မိမြို့ဖ ဦးသန်းဝင်းတို့က လက်ခံယူကြသည်။
ရေနံချောင်းမြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရပ်ဝေးရပ်နီးမှ အလှူရှင်စေတနာ ရှင်များက လှူဒါန်းရရှိသည့် အလှူငွေကျပ် သိန်း ၁၀၀၀ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၅၀၀ ဖြင့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အလုံး ၈၀ ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံ တည် ဆောက်မည် ဖြစ်ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်စက်အား စင်ကာပူနိုင်ငံတွင် မှာယူထား ပြီးဖြစ်ကြောင်းနှင့် မြေနေရာကို စက်မှုဇုန်ရပ်၊ ဆိပ်သာကွန်း ထောက်ရပ်နှင့် သစ်တပွေရပ်တို့ တွင် လျာထားပြီး မြေနေရာ ရွေးချယ်ပြီးပါက လုပ်ငန်းများ စတင်ဆောင်ရွက်မည် ဖြစ် ကြောင်း မြို့နယ် စက်ရုံတည် ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်ထွေးမင်းထံမှ သိရ သည်။
မြို့နယ်
(ပြန်/ဆက်)