ရှေ့နေနှင့် နိုင်ငံ့ဝန်ထမ်းရေးရာ

Type
၁

ဆောင်းပါး

======

 

ရှေ့နေနှင့် နိုင်ငံ့ဝန်ထမ်းရေးရာ

=================

 

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် နိုင်ငံ့ဝန်ထမ်းရေးရာပါတဲ့”

“ဘာအဓိပ္ပာယ်လဲဆရာ”

“ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်း ရေးသားပြုစုတဲ့ “နိုင်ငံ့ဝန်ထမ်းရေးရာ သိမှတ်လေ့လာအဖြေရှာ” စာအုပ်အကြောင်းကို မိတ်ဆက် တင်ပြချင်လို့ပါ”

“စိတ်ဝင်စားမိပါတယ်ဆရာ”

“ကိုင်း…ဒါဖြင့် ဖတ်ကြည့်ကြစို့”

 

အမှာစာ

“မျက်မှောက်ကာလတွင် နိုင်ငံ့ဝန်ထမ်းများအား ရွေးချယ် ရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းများ လူ့စွမ်းအားအရင်း

အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာ၊ အတတ်ပညာ၊ လုပ်ငန်းစွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုများမြင့်မားလာစေရန် အဓိကထား တာဝန်ယူဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ (Union Civil Service Board) ပင် ဖြစ်ကြောင်း၊ ဤစာအုပ်ပါ ဖော်ပြချက်များသည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ မေးမြန်းလာသည့် နိုင်ငံ့ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်စိစစ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့အစည်းအဝေး ၏ အတည်ပြုချက်ဖြင့် ပြန်ကြားပေးခဲ့သည့် ကိစ္စရပ်များ အနက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင် အများဆုံး ကြုံတွေ့နေရသည့် နိုင်ငံ့ဝန်ထမ်းရေးရာများနှင့် အလားတူ ကိစ္စရပ်များ ဖြစ်ပေါ်လာပါက သိမှတ်လေ့လာအဖြေရှာ ဆောင်ရွက်နိုင်ရန် ထုတ်နုတ် စုစည်းတင်ပြထားခြင်း ဖြစ်ကြောင်း၊ စီမံခန့်ခွဲရေးအုပ်ချုပ်သူများသာမက နိုင်ငံ့ ဝန်ထမ်းများအားလုံးအတွက် မရှိမဖြစ်လိုအပ်သည့် လက်စွဲ စာအုပ်တစ်အုပ်လည်းဖြစ်ကြောင်း” စသည်ဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အမှာစာရေးသားထား ပါသည်။

 

စာအုပ်ထုတ်ဝေခြင်းအတွက် စေတနာအစီရင်ခံစာ

 

“စာအုပ်အမည်အပြည့်အစုံမှာ နိုင်ငံ့ဝန်ထမ်းရေးရာ သိမှတ်လေ့လာအဖြေရှာ ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း စီမံခန့်ခွဲသူအရာထမ်းများ သိမှတ်လေ့လာအဖြေရှာ နိုင်ကြစေရန်ရည်ရွယ်၍ စာရေးသူကြီးကြပ်ဆောင်ရွက် ခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များအပေါ် ပြန်ကြားခဲ့သည့် သဘောထားမှတ်ချက်အချို့ကို စုစည်း တည်းဖြတ်၍ တင်ပြထားခြင်းဖြစ်ကြောင်း၊ စီမံခန့်ခွဲ ရသည့် အရာထမ်းများအနေဖြင့် မရှိမဖြစ် လက်စွဲစာအုပ် အဖြစ် ထားရှိရမည့်စာအုပ်ဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းတိုင်း သိမှတ်လေ့လာရမည့်စာအုပ်လည်းဖြစ်ပါကြောင်း” ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းက အစီရင်ခံထားပါသည်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ ဖြစ်ပေါ်လာပုံကိုလည်း ဆက်လက် ရေးသား တင်ပြထားပါသည်။

 

မာတိကာ

 

နေပြည်တော်၊ ရွှေမင်းသားကြီးစာပေက ပထမအကြိမ် (၂၀၂၀) ထုတ်ဝေသော ဤစာအုပ်တွင် အမှာ၊ စာအုပ်ထုတ် ဝေခြင်းအတွက် “စေတနာအစီရင်ခံစာ”၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများဖြစ်ပေါ်လာပုံ နိဒါန်း၊ ၂၀၁၆ ခုနှစ် ဧပြီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အတွင်း ပြန်ကြား ခဲ့သည့် သဘောထားမှတ်ချက်များ၊ ဝန်ထမ်းများအား အတည်ပြုခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အနည်းဆုံး ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ် ခြင်း၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး၊ ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အငြိမ်းစားယူခြင်း၊ အထွေထွေကိစ္စရပ်များ၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အတွင်း သဘောထားမှတ်ချက် ပြန်ကြားခဲ့သည့်ကိစ္စ ရပ်များ၊ ဝန်ထမ်းများအား အတည်ပြုခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အနည်းဆုံးပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း သတ်မှတ်ခြင်း၊ ဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေး၊ ပြင်ပဝန်ထမ်းစည်းကမ်းချက် များဖြင့် တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အငြိမ်းစားယူခြင်း၊ အထွေထွေကိစ္စရပ်များ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အတွင်း ပြန်ကြားခဲ့သည့် သဘောထားမှတ်ချက်များ၊ ဝန်ထမ်း များအား အတည်ပြုခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အနည်းဆုံးပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း သတ်မှတ်ခြင်း၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး၊ ပြင်ပ ဝန်ထမ်းစည်းကမ်းချက်များဖြင့် တာဝန်ထမ်းဆောင်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ အငြိမ်းစားယူခြင်း၊ အထွေထွေ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံပြင်ဆင်ဖွဲ့စည်းရေး၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အတွင်း သဘောထားမှတ်ချက် ပြန်ကြားခဲ့သည့်ကိစ္စရပ်များ၊ ဝန်ထမ်းများအား အတည်ပြုခန့်ထားခြင်း၊ ရာထူး တိုးမြှင့်ခြင်း၊ အနည်းဆုံးပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်း သတ်မှတ်ခြင်း၊ ဝန်ထမ်းစည်းကမ်းထိန်း သိမ်းရေး၊ ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် တာဝန် ထမ်းဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အငြိမ်းစားယူခြင်း၊ အထွေထွေကိစ္စရပ်များ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အတွင်း သဘောထား မှတ်ချက် ပြန်ကြားခဲ့သည့်ကိစ္စရပ်များ၊ ဝန်ထမ်းများ အားအတည်ပြုခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အနည်းဆုံး ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းသတ်မှတ် ခြင်း၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး၊ ပြင်ပဝန်ထမ်း စည်းကမ်းချက်များဖြင့် တာဝန်ထမ်းဆောင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အငြိမ်းစားယူခြင်း၊ အထွေထွေကိစ္စရပ်များနှင့် နိဂုံးတို့ ပါဝင်သည်။ စုစုပေါင်း ထိပ်စီးခေါင်းစဉ် ၄၂ ခု ဖြစ်ပါသည်။

 

လေ့လာမှတ်သားစရာများ

 

ဤစာအုပ်တွင် လေ့လာမှတ်သားစရာ များစွာပါဝင် သည်။ များစွာထဲမှ အောက်ပါလေ့လာစရာ သဘောထား မှတ်ချက်စာစုများကို ကောက်နုတ်တင်ပြပါရစေ -

(၁) စားစရိတ်ခံစားခွင့် ပြု-မပြုကိစ္စ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခြင်းခံရသည့်ဝန်ထမ်းအား တာဝန်မှ ယာယီရပ်ဆိုင်း ထားစဉ် ကာလအတွင်း အသက် ၆၀ ပြည့်သွားသည့် အတွက် စားစရိတ်ထောက်ပံ့ကြေးကို ဆက်လက်ထုတ်ပေး နိုင်ခြင်း ရှိ-မရှိ သဘောထားမှတ်ချက် ပြန်ကြားပေးနိုင် ပါရန်ကိစ္စတွင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဝန်ထမ်းအား ကြိုတင်ပြင်ဆင်ခွင့်နှင့် သက်ပြည့်အငြိမ်းစား ယူခွင့်အတွက် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးမှ အငြိမ်းစား မယူမီ ဥပဒေကြောင်းအရ တရားစွဲဆိုခံရခြင်းဖြစ်သည့် အတွက် သက်ပြည့်အငြိမ်းစားယူခွင့် ပြုထားသည့်အမိန့်စာ ကို ပယ်ဖျက်ပြီးမှသာလျှင် တာဝန်မှယာယီရပ်ဆိုင်းသည့်အမိန့်ကို ထုတ်ပြန်ရမည်ဖြစ်ပြီး တာဝန်မှယာယီ ရပ်ဆိုင်းထားသည့်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များ၊ နည်းဥပဒေ ၆၆ နှင့် နည်းဥပဒေ ၁၇၅ တို့ပါ ပြဋ္ဌာန်း ချက်များအရ စားစရိတ်ထောက်ပံ့ကြေးကို ခံစားခွင့်ပြုရ မည်ဖြစ်ပါကြောင်း၊

 

(၂) ရှေ့နေလိုက်ပါခွင့်

 

ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရာတွင် အရေးယူခံရသည့် ဝန်ထမ်းဘက်မှ ဌာနဆိုင်ရာ စစ်ဆေးမည့် အခန်းတွင်းသို့ စွပ်စွဲခံရသူဘက်မှ လိုက်ပါအကြံဉာဏ် ပေးမည့် ရှေ့နေ သို့မဟုတ် ကျွမ်းကျင်မှု အကူအညီပေးနိုင် သူ တစ်ဦးဦးကို ဝင်ရောက်ခွင့်ပြုပေးနိုင်ခြင်း ရှိ-မရှိ ပြန်ကြားပေးနိုင်ပါရန်ကိစ္စတွင် အရေးယူခံရသည့်ဝန်ထမ်း ကို ကူညီရန် ရှေ့နေ သို့မဟုတ် ကျွမ်းကျင်မှု အကူအညီ ပေးနိုင်သူတစ်ဦးဦးကို လိုက်ပါဆောင်ရွက်ခွင့်၊ စစ်ဆေး မည့်အခန်းတွင်းသို့ ဝင်ရောက်ခွင့်ပြုနိုင်မည်ဖြစ်သော် လည်း အဆိုပါဆောင်ရွက်ခွင့်ရရှိသူက ဌာနဆိုင်ရာ ဆောင်ရွက်မှုတွင် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် အနှောင့်အယှက်ပြုခြင်းတို့ကိုမူ တားမြစ်နိုင်မည်ဖြစ်ပါ ကြောင်း၊

 

(၃) ကိုယ်ဝန်ဆောင် အမျိုးသမီးများအား

ဝန်ထမ်းခန့်ထားခြင်းကိစ္စ

 

နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၄၊ နည်း ဥပဒေခွဲ (င) တွင် “ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်း ဆေးလက်မှတ်တင်ပြနိုင်ရမည်” ဟု ပြဋ္ဌာန်းထားရှိခြင်း သည် ကူးစက်ရောဂါ၊ နာတာရှည်ရောဂါစသည့် လုပ်ငန်း ခွင်ကို ထိခိုက်စေသောအရာများ ရှိ-မရှိကို ဆေးလက်မှတ် အထောက်အထားဖြင့်တင်ပြစေရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်းသည် ကျန်းမာရေးမကောင်း (Unfit) ဟု မှတ်ယူရန်မဟုတ်ပါ ကြောင်း၊ ၂၄-၈-၂၀၂၀ ရက်စွဲပါစာဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပ​ဒေများကို တတိယအကြိမ်ပြင်ဆင် သည့် နည်းဥပဒေများတွင် နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ (င) ကို ပြင်ဆင်ထားပါကြောင်း၊

 

သို့ဖြစ်ပါ၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် ပြင်ပပုဂ္ဂိုလ်များအား ဝန်ထမ်းအဖြစ် အတည်ပြုခန့် ထားရန် ရွေးချယ်စဉ် အိမ်ထောင်ရှင်အမျိုးသမီးဖြစ်ပါက ကိုယ်ဝန် ရှိ-မရှိ ဆေးလက်မှတ်အထောက်အထား တင်ပြ စေပြီး ကိုယ်ဝန်ခြောက်လကျော်ရှိပါက ခန့်ထားရန်မသင့် ပါသဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

(၄) ရှေးဦးစုံစမ်းမှုပြုလုပ်ရာတွင် သက်သေအဖြစ်ထွက်ဆို ခဲ့သည့် တိုင်ကြားသူမှ ယင်း၏သက်သေထွက်ဆိုချက်များကို မိတ္တူပေး၍ ရ-မရကိစ္စ

ရှေးဦးစုံစမ်းမှုနှင့် ဌာနဆိုင်ရာစစ်ဆေးမှုတို့ ပြုလုပ်ရာ တွင် သက်သေအဖြစ် စစ်ဆေးခံခဲ့သည့် ဝန်ထမ်းများသည် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူများမဟုတ် သဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများတွင် သက်သေများအား သက်သေထွက် ဆိုချက် မှတ်တမ်းမိတ္တူများထုတ်ပေးရန် သတ်မှတ်ပြဋ္ဌာန်း ထားခြင်းမရှိသဖြင့်လည်းကောင်း သက်သေထွက်ဆိုချက် မှတ်တမ်းမိတ္တူများအား ထုတ်ပေးရန်မသင့်ပါကြောင်း၊

 

(၅) ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူပုဂ္ဂိုလ်များအား အသက် ၆၀ နှစ်ပြည့်ပြီးနောက် ဆက်လက် တာဝန်ပေးအပ်နိုင်ရေးကိစ္စဝန်ကြီးဌာနတစ်ခုမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူပုဂ္ဂိုလ်တို့အား အသက် ၆၀ နှစ်ပြည့်ပြီးနောက် လုပ်ငန်းလိုအပ်ချက်အရ ဆက်လက်တာဝန်ပေးအပ် လိုသည့် ကိစ္စဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် အသက် ၆၀ နှစ် ပြည့်ပြီးနောက် ဆက်လက် တာဝန်ပေးအပ်လိုသည့် အရာထမ်းများမှာ နိုင်ငံတော် သမ္မတမှ ခန့်အပ်နိုင်သည့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ရာထူးအဆင့်များမဟုတ်ဘဲ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အဆင့်တူ ရာထူးများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ပုဒ်မ ၅၇ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃၀ ပါ ပြဋ္ဌာန်းချက်များအရ အသက် ၆၀ နှစ်ပြည့်လျှင် အငြိမ်းစားယူရမည်ဖြစ်ပြီး လုပ်ငန်းလိုအပ် ချက်အရ ဆက်လက်တာဝန်ပေးအပ်လိုပါက နည်းဥပဒေ ၈၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အငြိမ်းစားယူရန် ကြိုတင် ပြင်ဆင်ခွင့်ကို ငြင်းပယ်နိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ဖြေကြား ဖော်ပြထားသည်ကို လေ့လာဖတ်ရှုရပါသည်။

 

နိဂုံး

(၁) ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်။

A Stronger Civil Service

A Stronger Nation

(၂) နိုင်ငံ့ဝန်ထမ်းရေးရာ သိမှတ်လေ့လာ အဖြေရှာ

တွေ့နိုင်မည်ဖြစ်ပါကြောင်း . . . ။