
ရေး ဇန်နဝါရီ ၈
မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာရှိ ကျိုက်ဒေ တမော့ဗရတ် သာသနာပြုဌာန ဆရာတော်ဘဒ္ဒန္တပုပ္ဖရမ္မ ဦးဆောင် မှုဖြင့် ဆောက်လုပ်နေသည့် အာယုကရုဏာ ဘိုးဘွားရိပ်သာ ကြိုဆိုဧည့်ခံဆောင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ က တူးမြောင်းကျေးရွာအနီး ရေး-မော်လမြိုင်လမ်းမကြီး လေယာဉ် ကွင်းဟောင်းရှေ့ အာယုကရုဏာ ဘိုးဘွားရိပ်သာ ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။
ပန္နက်တင် မင်္ဂလာအခမ်း အနားကို ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ နှင့် ဒါယကာများက ဦးဆောင် ပြုလုပ်ကြပြီး အဆိုပါဘိုးဘွား ရိပ်သာကို မြေလေးဧကကျော် တွင် ဘိုးဘွားများနေထိုင်ရန် အတွက် လူ ၂၀ ဆံ့ အိပ်ဆောင် နှစ်ဆောင်၊ စားသောက်ခန်းမ၊ အုပ်ချုပ်မှုဆောင် တစ်ဆောင်နှင့် ခန်းမတစ်ခုတို့ ဆောက်လုပ်သွား မည်ဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်းသုံးထောင် ခန့် ကုန်ကျမည်ဖြစ်သည်။
ကျိုက်ဒေတမော့ ဗရတ် သာသနာပြုဌာန ဆရာတော်ဘဒ္ဒန္တ ပုပ္ဖရမ္မက ရေးမြို့နယ်အတွင်းရှိ ပြုစုစောင့်ရှောက်ရန် လိုအပ်နေ သော ဘိုးဘွားများရှိနေကြသော် လည်း ပြုစုစောင့်ရှာက်ရန်အတွက် ဘိုးဘွားရိပ်သာ မရှိခြင်းကြောင့် ဆောက်လုပ်ခြင်းဖြစ်ပြီး ကျန်းမာ ရေးချို့တဲ့ပြီး ပြုစုစောင့်ရှောက် ရန် လိုအပ်နေသော အမှီအခိုက် ကင်းမဲ့သည့် ဘိုးဘွားများ အတွက် မှီခိုအားထားရာ နေရာတစ်ခု ဖြစ်လာစေရန်၊ အကူအညီ လိုအပ်နေသော ဘိုးဘွားများ အေးချမ်းစွာနေထိုင် ပြီး စနစ်တကျပြုစုစောင့်ရှောက်နိုင်စေရန်နှင့် ဘိုးဘွားများအနေ ဖြင့် မစွမ်းဆောင်နိုင်တော့သည့် အချိန်ကာလတွင် ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရန် ရည်ရွယ် ပြီး ဆောက်လုပ်ခြင်းဖြစ်သည်။
ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)