ရွေ့လျားဈေးကားရောင်းချမှုနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်    အောက်တိုဘာ   ၁၈


ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ပြည်သူ များ    လွယ်လင့်တကူ    ဈေးဝယ် နိုင်ရေးအတွက်        ယနေ့တွင်  မရမ်းကုန်းမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ     ညွှန်ကြားမှုဦးစီးဌာန ဝင်း၊   ပုဇွန်တောင်မြို့နယ်  ပုဇွန် တောင်      ဥယျာဉ်အိမ်ရာ၊    ၅၄    လမ်းနှင့် အနော်ရထာလမ်းထိပ်၊          (၂)   ရပ်ကွက်၊  အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်း မုဒိတာအိမ်ရာ (၂)၊ စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၊     လှိုင်မြို့ နယ် မင်းဓမ္မလမ်း ပညာ့ရိပ်သာ၊ လှိုင်မြစ်လမ်း၊ ရွှေကောင်းကြွယ်   လက်ဖက်ရည်ဆိုင်အနီး၊ မြို့တော် ဂေါက်ကွင်း၊      ကျောက်တံတား မြို့နယ် မြို့တော်ခန်းမနှင့်  ဗိုလ် တထောင်မြို့နယ်၊  ၄၆  လမ်း (၁၂) ထပ်ခွဲ စည်ပင်ရုံးဝင်းများတွင်လည်း (Mobile Market) စနစ်ဖြင့် ဈေး ရောင်းချပေးကြောင်း  သိရသည်။

 


ရန်ကုန်တိုင်း       ဒေသကြီး စည်ပင်သာယာရေး      ဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော် ဝန်)    ဦးဗိုလ်ဌေးသည်    ဒုတိယ မြို့တော်ဝန်၊    အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် အတူ ယနေ့ နံနက် ၆ နာရီခွဲတွင်  ရန်ကင်းမြို့နယ်   ၈  ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာ ဝင်းအတွင်း ရွေ့လျား ဈေးကား  (Mobile    Market)    စနစ်ဖြင့် ကြက်ဥ၊ ဆီနှင့် အသားမျိုးစုံတို့ကို  ဈေးနှုန်းသက်သာစွာဖြင့် နေအိမ် အနီး အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့ သည် ဗဟန်းမြို့နယ် ကန်တော် ကြီး      သဘာဝဥယျာဉ်သို့      သွား ရောက်၍ မြေပဒေသာကျွန်းနှင့် ဆင်ရုပ်ရေကန်ဝန်းကျင် မြက်ခင်း ပြင်များ ဖြတ်ညှိနေမှု၊ ပန်းအလှ ပင်များ            ပုံသွင်းပြုပြင်နေမှု၊  စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်  နေမှုကိုလည်းကောင်း၊ ပုလဲကျွန်း အနီး  အင်ဂျင်နီယာဌာန  (ရေစီး ရေလာစီမံခန့်ခွဲမှု)  မှ  ကန်တော် ကြီးမှရေကို   တိရစ္ဆာန်ဥယျာဉ် ရေမြောင်း၊ ၎င်းမှ အထက်ပန်းဆိုး တန်း၊ ဒေါ်သိန်းတင်လမ်း၊ မြန်မာ့ ဂုဏ်ရည်လမ်း၊     ဗိုလ်မင်းရောင် လမ်း၊ သဲဖြူချောင်း၊ ထိုမှတစ်ဆင့် အေးတံတား     မြစ်ထွက်ပေါက်မှ ပုဇွန်တောင်     ချောင်းအတွင်းသို့ ဆက်လက်       စီးဆင်းစေသည့် ကန်တော်ကြီး     ရေပိုလွှဲရေလျှံ ပေါက် ရေစီးရေလာကောင်းမွန် စေရေး ဆောင်ရွက်နေမှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေး ပြီး     လိုအပ်သည်များ    မှာကြား ဖြည့်ဆည်း    ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်