
နေပြည်တော် နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ရွှေကျင်-သိမ်ဇရပ်သွားကားလမ်းပေါ် ရှိ “ကျုံပကူ” ချောင်းကူးတံတားအား KNU အဖွဲ့မှအကြမ်းဖက်မှုကိုလိုလား သူများနှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက် နံနက် ၃ နာရီ ၅ မိနစ်တွင် ရွှေကျင် မြို့နယ် ကျုံချောင်ရွာအနီး ရွှေကျင် - သိမ်ဇရပ် သွားကားလမ်းပေါ်ရှိ တံတားအမှတ်(၁/၁၀၇) “ကျုံပကူ” ချောင်းကူးတံတားအား KNU အဖွဲ့ မှအကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက် သမားများ၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါတံတား၏ တောင်ဘက်ကမ်းကပ်ခုံဘက်မှ တံတားကြမ်းခင်း လေးပေခန့်နှင့် ဝဲ/ယာ တံတား လက်ရန်း ခြောက်ပေခန့် ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
ထိုသို့အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် တံတားအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိ သူများက ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်