ရေကြောင်းသတိပေးချက်ထုတ်ပြန်

 

နေပြည်တော်   အောက်တိုဘာ  ၁၉


မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 တွင် Development Construction Project အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးလုပ်ငန်း များအား Derrick Crane/Accommodation Work Barge “HUA TIAN LONG DP2 4,000T” ဖြင့်  ဆောင်ရွက်သွားမည့်တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point ZWP12 P/F  မြောက် လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၅၂.၇၉၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၆ မိနစ် ၄၃.၅၈၆ စက္ကန့်၊ Point ZWP13 P/F မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၉ မိနစ် ၀၇.၈၃၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၉ မိနစ် ၂၂.၇၆၅ စက္ကန့်၊ Point ZWP14 P/F မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၉ မိနစ် ၅၄.၃၁၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၄၅.၄၁၀ စက္ကန့်၊ Point ZWP15 P/F မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၆ မိနစ် ၂၇.၀၁၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၅ မိနစ် ၁၂.၉၅၄ စက္ကန့်တို့ အတွင်း တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၀၂၃ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ   ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 


သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက် အမှတ်၊M-9 တွင် Development Construction Project အတွက်  ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးလုပ်ငန်းများအား Derrick Crane/Accommodation Work Barge “HUA TIAN LONG DP2 4,000T” ဖြင့်  လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာများမှ (၄)ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန် များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။                                          

သတင်းစဉ်