ရေကြောင်းသတိပေးချက်ထုတ်ပြန်

 

 

၁။    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9နှင့် M-3တို့တွင် Geotechnical Site Survey(GTI) and Associated Studies ဘူမိဗေဒနည်းပညာ ဆိုင်ရာ ရေအောက်မြေသားနမူနာ လေ့လာတိုင်းတာခြင်းလုပ်ငန်းများအား Survey Vessel “MV. DP2 KEYFIELD HELMS" ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြသည့် Coordinate  များဖြစ်သော Point M3 ASK-12 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ မိနစ် ၅၈.၆၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၀ မိနစ်  ၀၀.၈၃ စက္ကန့်၊ Point ZWP-16(Zawtika-25) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၂၀.၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၃ မိနစ် ၂၇.၃၈ စက္ကန့်၊ Point ZWP-17(Zawtika-29) မြောက် လတ္တီတွဒ် ၁၄ ဒီဂရီ ၃၁ မိနစ် ၀၄.၈၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၀ မိနစ် ၃၉.၇၇ စက္ကန့်၊ Point ZWP-18 (Zawtika-14) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ၀၀.၁၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅.၅၂ စက္ကန့် ၊ Point ZWP-19(Zawtika-12) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၁၇.၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၆ မိနစ် ၃၅.၇၉ စက္ကန့်နှင့် Point Zawtika-38 (Jacket Receiver) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၂ မိနစ် ၀၃.၂၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၅ မိနစ် ၃၉.၄၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ် ဧပြီ  ၁၅ ရက်မှ ၂၀၂၂ ခုနှစ် မေ ၃၀ ရက်အထိ  ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ 
၂။    သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 နှင့် M-3 တို့တွင် Geotechnical site Survey (GTI) and Associated Studies ဘူမိဗေဒနည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ လေ့လာတိုင်းတာခြင်း လုပ်ငန်းများအား Survey Vessel "MV. DP2 KEYFIELD HELMS” လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ အတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါတည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ ထားပါ၍ သင်္ဘော ကြီးငယ်များ၊ ကုန်တင်စက်လှေများ၊  ငါးဖမ်းသင်္ဘောများ၊   စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊   ငါးဖမ်းဆီးခြင်းနှင့်   ငါးဖမ်းကိရိယာများ  ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန