ရေကြောင်းသတိပေးချက်ထုတ်ပြန်

 

 

၁။    မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO INTERNATIONAL Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် (A-1)ဧရိယာတွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား MMA VIGILANT ရေယာဉ်ဖြင့် ဆောင်ရွက်မည့် ဧရိယာ အကျယ်အဝန်း Coordinate များဖြစ်သော Point-A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၁.၁၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၄.၃၄၀ စက္ကန့်၊ Point-B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၂.၇၅၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၇.၂၀၂ စက္ကန့်၊ Point-C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၉ မိနစ် ၅၂.၇၆၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၉.၁၅၉ စက္ကန့်နှင့် Point-D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၉ မိနစ် ၅၁.၁၃၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၆.၉၈၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ် ဧပြီ  ၂၆ ရက် မှ ၂၀၂၂ ခုနှစ် ဇွန်  ၁၈ ရက် အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။    သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် (A-1) ဧရိယာတွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား MMA VIGILANT ရေယာဉ်ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက် ဖော်ပြပါတည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန