ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော် ရေးလုပ်ငန်းများတွင်  အကျိုးတူ   ပူးပေါင်းဆောင်ရွက်လျက်ရှိသောPOSCO INTERNATIONAL Corporation( Myanmar E&P) သည်  ကမ်းလွန် လုပ်ကွက်အမှတ်၊ A-1 တွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Offshore Construction Vessel “DLV 2000” ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point-A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၁ ဒသမ ၁၁၅ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၄ ဒသမ ၃၄၀ စက္ကန့်၊ Point-B မြောက်လတ္တီတွဒ်   ၁၉ ဒီဂရီ  ၅၁  မိနစ် ၄၂ ဒသမ ၇၅၉ စက္ကန့်၊  အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၇ ဒသမ ၂၀၂ စက္ကန့်၊ Point-C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ  ၃၉ မိနစ် ၅၂ ဒသမ ၇၆၂ စက္ကန့်၊   အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၉ ဒသမ ၁၅၉ စက္ကန့်နှင့်   Point-D မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၉ မိနစ် ၅၁ ဒသမ ၁၃၆ စက္ကန့်၊  အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၆ ဒသမ ၉၈၈ စက္ကန့်အတွင်းတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၁၅ ရက်အထိ  ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

 


 သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 တွင် SHWE Phase 2 Development Project အရ Offshore Installation  Activities လုပ်ငန်းများအား Offshore Construction Vessel “DLV 2000” ဖြင့် လုပ်ငန်းများ  ဆောင်ရွက်နေစဉ်ကာလအတွင်း  လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု  မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါ လုပ်ငန်းခွင်တည်နေရာ များမှ ၄ ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners)  ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ် များ၊  ကုန်တင်စက်လှေများ၊  ငါးဖမ်းသဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထား ခြင်း၊ ငါးဖမ်းဆီးခြင်းနှင့်  ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် အသိပေး  ကြေညာ အပ်ပါသည်။


ငါးလုပ်ငန်းဦးစီးဌာန