
၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသော PTTEP International Limited ၏ ပိုက်လိုင်းကုမ္ပဏီဖြစ်သော Delta Gas Transporation Limited(DGT)သည် ကမ်းလွန် လုပ်ကွက်အမှတ်၊ M-9 နှင့် M-3 တို့နှင့်ဆက်စပ်နေသည့် Domestic Gas to Power (DG2P) Project အတွက် Marine Baseline Survey of Pipeline လုပ်ငန်းများအား Survey Vessel “MV. HAI DUONG 68” ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြသည့် Coordinates များဖြစ်သော Point-1 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၄၅ မိနစ် ၄၉.၂၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁ မိနစ် ၅၅.၆၈ စက္ကန့်၊ Point-2 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၄၅ မိနစ် ၂၀.၁၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁ မိနစ် ၄၀.၅၃ စက္ကန့်၊ Point-3 မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၇ မိနစ် ၁၉.၄၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၆ မိနစ် ၃၇.၆၅ စက္ကန့်၊ Point-4 မြောက် လတ္တီတွဒ် ၁၅ ဒီဂရီ ၁၆ မိနစ် ၅၃.၈၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၆ မိနစ် ၁၈.၃၉ စက္ကန့် နှင့် Point-Reference Station မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၇ မိနစ် ၄၇.၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၁ မိနစ် ၂၀.၈၃ စက္ကန့်တို့ အတွင်းတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် M-9နှင့် M-3 တို့နှင့် ဆက်စပ်နေသည့် Domestic Gas to Power (DG2P) Project အတွက် Marine Baseline Survey of Pipeline လုပ်ငန်းများအား Survey Vessel “MV. HAI DUONG 68”ရေယာဉ်ဖြင့် လုပ်ငန်း များဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများနှောင့်နှေး ကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါလုပ်ငန်းခွင်တည်နေရာများမှ (၄) ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်း သတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထား ခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ် ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန