ရေကြောင်းသတိပေးချက် ထုတ်ပြန်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃
နိုင်ငံတကာဆက်သွယ်ရေးဆက်ကြောင်းအဖြစ် အသုံးပြုနေသည့် SEA-ME-WE 3(South East Asia-Middle East-Western Europe 3) အာရှ-ဥရောပရေအောက်ကေဘယ်  ဆက်သွယ်ရေးစနစ်သည် ၅-၁၁-၂၀၂၂ ရက်နေ့ (၁၇:၃၄) နာရီအချိန်တွင် ဖျာပုံမြို့ရှိ ရေအောက် ကေဘယ်စခန်းမှ ၁၁၀ ကီလိုမီတာအကွာခန့်၌ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ ပါသဖြင့်   ပြုပြင်နိုင်ရန်အတွက်   ရေအောက်ကေဘယ်ပြုပြင်ရေး သင်္ဘော ASEAN RESTORER ဖြင့်  ဆောင်ရွက်သွားမည့်  တည်နေရာကို ဖော်ပြသည့် Coordinate များဖြစ်သော မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၃၇ ဒသမ ၀၅၉ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၅ ဒီဂရီ ၄၆ ဒသမ  ၄၃၇ မိနစ် ၀၀ ဒသမ ၀၀ စက္ကန့်အတွင်းတွင် ၂၀၂၂ ခုနှစ်  ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်အထိ  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍    SEA-ME-WE 3      အာရှ - ဥရောပရေအောက်    ကေဘယ်ချို့ယွင်းမှုကို ပြုပြင်နိုင်ရန်အတွက် ရေအောက်ကေဘယ် ပြုပြင်ရေးသင်္ဘော ASEAN RESTORER ဖြင့် လုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ် စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာများမှ  ၄ ကီလိုမီတာ ပတ်လည်အတွင်းကို     ရေကြောင်းသတိပေးချက်    (Notice to Mariners)    ထုတ်ပြန်ကြေညာထားပါ၍   သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊   ငါးဖမ်းသင်္ဘောများ၊  စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီး ခြင်းနှင့်       ငါးဖမ်းကိရိယာများချထားခြင်း      မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက     အသိပေးကြေညာထားကြောင်း    သိရ သည်။
သတင်းစဉ်