ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်း (Maritime Security Exercise) ဆောင်ရွက်စဉ် ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာခြင်း

 

၁။    ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းအား      ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်း များနှင့် လက်တွေ့ပစ်ခတ်ခြင်းများ(Live Firing)  ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီ တွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C  မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ်  ၉၇ ဒီဂရီ  ၄၀ မိနစ်၊  Point D မြောက်လတ္တီတွဒ်   ၁၂ ဒီဂရီ ၅၁ မိနစ်၊  အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့်ဧရိယာအား သတ်မှတ် ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက် တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ပါသည်။


၂။    သို့ဖြစ်ပါ၍      လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်   အဆိုပါဧရိယာမှ   ၅ မိုင် ပတ်လည်အား    သင်္ဘောကြီး/ငယ်များ၊  ကုန်တင်/ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊  စက်တပ်သဗ္ဗန်များ  ဖြတ်သန်းသွားလာခြင်း၊  ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း  မရှိစေရန်နှင့်    လေယာဉ်၊     ရဟတ်ယာဉ်များ    အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် အသိပေးကြေညာအပ်ပါသည်။