ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များပြန်လည်ထွက်ခွာ

 

နေပြည်တော်  ဒီဇင်ဘာ  ၁
ပြည်ထောင်စုသမ္မတ        မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့်  ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာသာအသင်းတို့က ပို့ဆောင်နှုတ်ဆက် ကြသည်။
အဆိုပါ စစ်ရေယာဉ်များတွင် လိုက်ပါလာခဲ့ကြ သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များသည် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင်လည်း တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား)ကို    လာရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေ)မှ    စစ်ရေယာဉ်များတွင်   လိုက်ပါလာသည့် အရာရှိ၊ စစ်သည်များသည် မြန်မာနိုင်ငံသို့ရောက်ရှိ နေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့  လေ့လာလည်ပတ်ခြင်း၊     နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ သန်လျင် တပ်နယ်ရှိ     အခြေခံပညာအထက်တန်းကျောင်း (ဆိပ်ကြီး)၌    စာရေးကိရိယာ   လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့်    တပ်မတော်(ရေ)   မှ စစ်ရေယာဉ်များနှင့်အတူ  ဝေဟင်ရန်၊  ရေပြင်ရန်၊ ရေအောက်ရန်     ကာကွယ်ရေးလေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ      လေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာ သို့   ဆက်လက်ထွက်ခွာသွားကြောင်း   သတင်းရရှိ သည်။                                              သတင်းစဉ်