ရွေးကောက်ပွဲများအပေါ်မှ လှမ်းမျှော်၍ ဒီမိုကရေစီအနှစ်သာရ ရှာဖွေခြင်း

Type

 

လေ့လာသူတစ်ဦး

 

နိဒါန်း    


ရွေးကောက်ပွဲများသည်    မူအားဖြင့် ဒီမိုကရေစီ၏ အခြေခံကျသော အပိုင်း ကဏ္ဍတစ်ခုဖြစ်သည်။   ပြည်သူလူထု သည်   ရွေးကောက်ပွဲများကြောင့်ပင် ၎င်းတို့၏ နိုင်ငံရေးအရ ရပိုင်ခွင့်များအား ကျင့်သုံးနိုင်ပြီး     နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများ၌ ၎င်းတို့အား ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ပေသည်။ ပြည်သူလူထုသည် ရွေးကောက်ပွဲတွင်     ကောင်းနိုးရာရာ  နိုင်ငံရေးပါတီများကို ရွေးချယ်မဲပေးခြင်း ဖြင့် ယင်းတို့၏ အနာဂတ်အတွက်လိုလား မျှော်မှန်းချက်များကိုရရှိရန် ရင်းနှီးမြှုပ်နှံ မှုပြုကြသည်။    လူ့အဖွဲ့အစည်း၏ ရှုထောင့်မှကြည့်ပါက   ပြည်သူလူထု အနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်များ အား ခန့်အပ်ပိုင်ခွင့်ကိုသာမက ယင်းတို့ ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးလို စိတ်မရှိသော သို့မဟုတ် ဆောင်ရွက်ပေး နိုင်ခြင်းမရှိသော ကိုယ်စားလှယ်များအား ဖယ်ရှားဖြုတ်ချပိုင်ခွင့်ကိုပါ ရွေးကောက် ပွဲများက အပ်နှင်းထားသည်။ အမျိုးသား လုံခြုံရေး သို့မဟုတ် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် စည်းစနစ်တကျရှိရေး ကို ထိခိုက်လာနိုင်သည့် အခြေအနေများ တွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ပုဂ္ဂိုလ်ရေး   လွတ်လပ်ခွင့်များအပေါ် အစိုးရ၏   ကန့်သတ်ချက်များကို သဘောတူ   လက်ခံလိုက်နာမှုပြုကြရ သည်။ ထို့ကြောင့်ပင် ပြည်သူလူထုသည် နိုင်ငံတော်၏အာဏာကို မည်သူကရယူ ပြီး မည်ကဲ့သို့ ကျင့်သုံးသွားမည်နည်း ဟူသည့်အပေါ် လွှမ်းမိုးနိုင်မည့် အခွင့် အလမ်းအား    ရွေးကောက်ပွဲများမှ တစ်ဆင့်    ဖမ်းဆုပ်ရယူကြရခြင်းဖြစ် သည်။ 

 


ဒီမိုကရေစီဟူသည်


လက်တွေ့တွင်မူ ဒီမိုကရေစီဟူသည် မှာ စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်များ (binding decisions) အား စုပေါင်း ချမှတ်နိုင်ရန်စီမံပေးသည့်     နည်းလမ်း တစ်ခုဖြစ်သည်။     ဒီမိုကရေစီအား လက်တွေ့ကျင့်သုံးရာတွင် လိုအပ်သော မှတ်ကျောက်များကို  နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများက စံအဖြစ်သတ်မှတ် ပြဋ္ဌာန်းပေးသည်။   ဤဆောင်းပါးနှင့် သက်ဆိုင်သည့်    ဒီမိုကရေစီဆိုင်ရာ မှတ်ကျောက်စံနှုန်းအချို့မှာ     (က) ဆုံးဖြတ်ချက်ချရာတွင် ပါဝင်သင့်သူများအားလုံးပါဝင်မှုရှိခြင်း၊   အထူးသဖြင့် အဆိုပါဆုံးဖြတ်ချက်ကြောင့်   ထိခိုက် ခံစားရနိုင်သူများ ပါဝင်ခြင်း၊ (ခ) အများစု က    ဆုံးဖြတ်ချက်ချမှတ်သော်လည်း လူနည်းစု၏  တရားဥပဒေကြောင်းနှင့် ညီညွတ်သည့် အခွင့်အရေးနှင့် အကျိုး စီးပွားများကို  အကာအကွယ်ပေးခြင်း၊ (ဂ) တစ်ဦးချင်း၏    လွတ်လပ်ခွင့်က အခြားသူများ၏      လွတ်လပ်ခွင့်အား ထိခိုက်မှုမရှိခြင်း၊ (ဃ) သဘောထားကြီး မှုနှင့်   အကြမ်းမဖက်ရေးသည်  လူမှု ဆက်ဆံရေးအားလုံး၏ အခြေခံဖြစ်ခြင်း နှင့် (င) နိုင်ငံရေးပါတီများသည် မတူ ကွဲပြားသော လူမှုအစုအဖွဲ့များ၏ အကျိုး စီးပွားများကို စုစည်းဖော်ထုတ်ပေးခြင်း နှင့် ကိုယ်စားပြုမှုရှိခြင်းတို့ဖြစ်သည်။ 

 


ဒီမိုကရေစီအား  လက်တွေ့ကျင့်သုံး ရာတွင် ကိုယ်စားပြုမှု တစ်ခုတည်းသာ မဟုတ်ဘဲ ပါဝင်သင့်သူများ အားလုံးပါဝင် မှုရှိသော ဆုံးဖြတ်ချက်ချမှတ်ခြင်း/ မူဝါဒ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ အကျိုးစီးပွား များနှင့်   အင်စတီကျူးရှင်းများကို  စီမံ ခန့်ခွဲခြင်း၊ အလျော့အတင်း အပေးအယူ ပြုခြင်း၊       နိုင်ငံရေးအရင်းအနှီးကို ပျိုးထောင်အသုံးချခြင်းနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် ယင်းတို့နှင့် ဆက်စပ် နေသည့် ချိတ်ဆက်အပြောင်းအလဲများ ကို ပဲ့ကိုင်ခြင်းတို့ အပါအဝင် အချို့သော အခန်းကဏ္ဍများ၌        သိမ်မွေ့မှုနှင့် ကျွမ်းကျင်လိမ္မာမှုတို့   လိုအပ်သည်ကို ဤမှတ်ကျောက်စံနှုန်းများက ဖော်ပြနေ သည်။  သို့သော်  လူများစု၏ဆန္ဒကို လိုက်လျောမှုသည်ပင်   ဒီမိုကရေစီဟု အလွယ်တကူရှုမြင်မိပါက အများကြိုက် လိုက်သည့်ဝါဒ၊ အများစုမှ အပ်နှင်းသည့် လုပ်ပိုင်ခွင့်နှင့်   ပုဂ္ဂိုလ်ရေးကိုးကွယ်မှု တို့ကို ဒီမိုကရေစီနှင့် အတူတူပင်ဖြစ်သည် ဟု လွဲမှားယူဆမိနိုင်ပါသည်။ အပျံသင်စ ဒီမိုကရေစီနိုင်ငံ   တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည်မှာ ထိုသို့သော အခြေအနေမျိုးပင် ဖြစ်သည်။ 

 


မြန်မာနိုင်ငံသည်  အာရှတိုက်နှင့် အိန္ဒိယသမုဒ္ဒရာအကြား  ဆုံချက်တွင် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအရ အချက်အချာကျစွာ    တည်ရှိနေသော နိုင်ငံဖြစ်သည်။    မြန်မာနိုင်ငံသည် တစ်ဖက်တွင် ပြည်တွင်းနှင့် အနောက် နိုင်ငံများထံမှ ဖိအားများစွာကို ရင်ဆိုင်၍ အခြားတစ်ဖက်တွင် ပြည်ထောင်စုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊  ပိုင်နက်နယ်မြေနှင့်  အချုပ်အခြာ အာဏာ          တည်တံ့ခိုင်မြဲရေးတို့ကို အမျိုးသားရေးတာဝန်များအဖြစ် တန်ဖိုး ထား ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲကာ နိုင်ငံရေး၊ စီးပွားရေး နှင့် လုံခြုံရေးအင်အားများကို တစ်ဆင့် ချင်း တည်ဆောက်ခဲ့ရသည့် စိန်ခေါ်မှုများ နှင့် ပြည့်နှက်နေသော အချိန်ကာလများ ကို ကျော်ဖြတ်ခဲ့ရသည်။ ဤသို့ဖြင့် ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီအသွင်ကူးပြောင်း မှုကို ပြန်လည်စတင်နိုင်ခဲ့သည်။  

 


မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု


အတိတ်ကာလက ကိုလိုနီအုပ်ချုပ် ရေးမှ အချုပ်အခြာအာဏာပိုင် ဒီမိုကရေစီ အမျိုးသားအစိုးရ    တစ်ရပ်အဖြစ်သို့ ကူးပြောင်းခဲ့သည့် ကာလတစ်လျှောက် တွင် နိုင်ငံဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အကျပ်အတည်းများစွာနှင့် တွေ့ကြုံခဲ့ရသည်။ ကိုလိုနီခေတ် အင်စတီကျူးရှင်း များသည်      အကျိုးကျေးဇူးအချို့နှင့် အဆင့်မြင့်မားမှုအချို့ကို   ပေးစွမ်းနိုင် သည်မှန်သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေး ဆိုင်ရာ     ဖွဲ့စည်းတည်ဆောက်မှုတို့ အတွက် ဆိုးမွေများလည်း စိမ့်ဝင်ထင် ကျန်စေခဲ့သည်။ ယင်းဆိုးမွေများအနက် အထင်ရှားဆုံးမှာ မြန်မာနိုင်ငံ၏ မတူ ကွဲပြားသော လူမျိုးစုများအကြား သွေးခွဲ အုပ်ချုပ်ခဲ့ခြင်းနှင့်    ပြည်တွင်းလူဦးရေ အချိုးအစားဖွဲ့စည်းပါဝင်မှု ပျက်ယွင်း စေသည့် ပမာဏအထိ တိုင်းတစ်ပါးသား များအား   ခေါ်ဆောင်ထည့်သွင်းခဲ့ခြင်း တို့၏ အကျိုးဆက်များပင်ဖြစ်သည်။ ကိုလိုနီအစိုးရသည် သင့်လျော်ခြင်းရှိမရှိ မစဉ်းစားဘဲ ယင်းတို့၏ ကိုယ်ကျိုးစီးပွား ကိုသာ ရှေးရှုသည့်လုပ်ရပ်များ ဆောင် ရွက်ခဲ့ပြီး ဒေသခံတို့၏ လူမှုယဉ်ကျေးမှု ဆိုင်ရာ       သက်ရောက်နိုင်မှုများကို ထည့်သွင်းစဉ်းစားခဲ့မှု    မရှိသလောက် ဖြစ်သည်။ ကာလကြာမြင့်လာသည့်အခါ အဆိုပါ လူမှုယဉ်ကျေးမှုဆိုင်ရာ သက်ရောက်မှုများသည် ပြင်ပလှုံ့ဆော် မှုများနှင့်   ပေါင်းစပ်ပြီး   အမူအကျင့် ဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ နိုင်ငံရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ (မက်ခရိုနှင့် မီဇိုအဆင့်များ) နှင့်  လုံခြုံရေးဆိုင်ရာ ပြဿနာများအဖြစ်သို့   ပွားများအသွင် ပြောင်းလဲလာခဲ့သည်။   (ဤဆောင်းပါး တွင် အဆိုပါပြဿနာများနှင့် စပ်လျဉ်း၍ အကျယ်ဖွင့်ဆို ရှင်းလင်းခြင်း မပြုတော့ ပါ။) ကိုလိုနီခေတ်အမွေဆိုးများသည် မြန်မာ့ဒီမိုကရေစီ   အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် ဝိသေသလက္ခဏာနိုင်ငံရေးအသွင်ဖြင့်သော် လည်းကောင်း၊ လူ့အဖွဲ့ အစည်းချင်း ပဋိပက္ခနှင့် ရန်လိုမှုအသွင် ဖြင့်သော်လည်းကောင်း      ယနေ့တိုင် တွယ်ကပ်တည်ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ ဖွဲ့စည်းတည်ဆောက် မှုဆိုင်ရာ အဟန့်အတားများကြောင့်ပင် မြန်မာ့ဒီမိုကရေစီ   အသွင်ကူးပြောင်းမှု ဖြစ်စဉ်     သို့မဟုတ်  ဒီမိုကရေစီစနစ် ကျင့်သုံးမှုဖြစ်စဉ်၏    အဆင့်တိုင်း၊ ခြေလှမ်းတိုင်းတွင် ပြည်တွင်း၊ ပြည်ပမှ အမြတ်ထုတ်အသုံးချမှုများ မရှိစေရန် သတိကြီးစွာထား၍ ဆောင်ရွက်ရလျက် ရှိသည်။ 

 


လေ့လာဆန်းစစ်သွားမည်


ဤအခန်းဆက်    ဆောင်းပါးများ၌ မြန်မာ့ဒီမိုကရေစီ  အသွင်ကူးပြောင်းမှု ဖြစ်စဉ်နှင့် ဆက်စပ်၍ ပြီးခဲ့သည့် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ၏ ဒီမိုကရေစီနှင့် ကွဲလွဲသွေဖည် နေသော      ဆောင်ရွက်ချက်အချို့ကို ဖော်ပြသွားမည်ဖြစ်သည်။   ထို့နောက် NLD ပါတီနှင့် တရားမဝင်အဖွဲ့အစည်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော ပြည်ထောင်စုလွှတ်တော်  ကိုယ်စားပြု ကော်မတီ(CRPH)နှင့်     အမျိုးသား ညီညွတ်ရေးအစိုးရ   (NUG)  တို့၏ လုပ်ဆောင်ချက်များကို ယင်းရှုထောင့်မှ ပင်   လေ့လာဆန်းစစ်သွားမည်ဖြစ်ပါသည်။ 

 


အပိုင်း (၁)


၂၀၂၀  ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ပါဝင်သင့်သူများအားလုံး ပါဝင်ကိုယ်စား ပြုမှုမူနှင့် အခြေခံချို့ယွင်းချက်
NLD ပါတီ၏ ဒီမိုကရေစီနှင့် ကွဲလွဲ သွေဖည်နေသော ဆောင်ရွက်ချက်များကို ပြန်လှန်သုံးသပ်ပါက    ရွေးကောက်ပွဲ နည်းဥပဒေများအား    ပြင်ဆင်ခြင်းမှ စတင်ရမည်ဖြစ်သည်။  NLD  အစိုးရ လက်ထက်   ရွေးကောက်ပွဲကော်မရှင် သည် ပြည်တွင်းယာယီနေရပ်ရွှေ့ပြောင်း လုပ်သားများအနေဖြင့်  ၎င်းတို့ရောက်ရှိ နေထိုင်ရာဒေသမှ ကိုယ်စားလှယ်လောင်း အား    မဲပေးနိုင်ရန်  ခွင့်ပြုထားသည့် ရွေးကောက်ပွဲဆိုင်ရာ   နည်းဥပဒေပါ နေထိုင်မှုသက်တမ်း သတ်မှတ်ချက်အား ရက်ပေါင်း ၁၈၀ မှ ၉၀ အဖြစ်သို့ လျှော့ချ ပြင်ဆင်ရန် အဆိုပြုခဲ့သည်။ ယင်းအဆို ပြုချက်အပေါ်   တိုင်းရင်းသားနိုင်ငံရေး ပါတီ ၁၅ ဖွဲ့ခန့် ပါဝင်ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်    (UNA)   ပါတီ အပါအဝင်  နိုင်ငံရေးပါတီ ၁၄ ခုတို့က ကန့်ကွက်ခဲ့ကြသည်။   သို့သော်လည်း NLD ပါတီမှ အများစုနေရာရရှိထားသည့် ပြည်ထောင်စုလွှတ်တော်သည်   ယင်း အဆိုပြုချက်ကို အတည်ပြုပေးခဲ့သည်။ NLD ပါတီ၏ အဆိုပါလုပ်ဆောင်ချက်ကို သာမန်ရှုမြင်မည်ဆိုပါက မဲဆန္ဒနယ် ပြင်ပ ရောက် နိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံး စေရေးအတွက် ဆောင်ရွက်ချက်တစ်ခု အဖြစ် ယူဆရမည်ဖြစ်သည်။ သို့ရာတွင် ယင်းလုပ်ဆောင်ချက်ကြောင့် တိုင်းရင်း သားပါတီများက ၎င်းတို့၏ မဲဆန္ဒနယ် များ၌ ၎င်းတို့ရရှိရမည့် ဆန္ဒမဲများ အချိုး အစားအရ ဆုံးရှုံးနစ်နာစေခဲ့ရသည်ဟု ယူဆကြသည်။ NLD ပါတီ၏ တစ်နိုင်ငံ လုံး သောင်ပြိုကမ်းပြို မဲအပြတ်အသတ် အနိုင်ရပြီး လွှတ်တော်အတွင်း အခြေခံ ဥပဒေအား ပြင်ဆင်နိုင်မည့် လုပ်ပိုင်ခွင့် ရရှိရန်၊  တပ်မတော်အား  အရပ်ဘက် ထိန်းချုပ်မှုအောက်သို့ ထည့်သွင်းနိုင်ရန် နှင့် ဒီမိုကရေစီကို ခိုင်မာအားကောင်းစေ ရန်ဟူသော ဆန္ဒနှင့်အတူ NLD ပါတီ ဦးဆောင်စိုးမိုးသော လွှတ်တော်ပေါ်ထွန်း ရေးကို ရှေးရှုဦးတည်ပြီး အားလုံးပါဝင် ကိုယ်စားပြုရေးဟူသောမူအား လျစ်လျူ ရှုမိစေခဲ့ပုံရသည်။ 

 


ညွန့်ပေါင်းအစိုးရ


၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ နီးကပ် လာသည်နှင့်အမျှ       ရွေးကောက်ပွဲ စောင့်ကြည့်      လေ့လာသူတို့ကလည်း အမျိုးမျိုးသော   မှန်းဆမှုများပြုခဲ့ကြ သည်။   အဆိုပါ  ခန့်မှန်းမှုများအနက် တစ်ခုမှာ   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် တိုင်းရင်းသား ပါတီအချို့ရရှိသော     ဆန္ဒမဲများကို ပေါင်းစပ်လိုက်ပါက    ပြည်ထောင်စု လွှတ်တော်တွင်   ကိုယ်စားလှယ်နေရာ ၂၅   ရာခိုင်နှုန်းနှင့်အထက်   ရရှိနိုင်ပြီး ယင်းပမာဏကို       တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှင့်    ထပ်ပေါင်းလိုက်မည်ဆိုလျှင် ညွန့်ပေါင်းအစိုးရတစ်ရပ်   ထွက်ပေါ် လာနိုင်သည်ဟူသော    အယူအဆဖြစ် သည်။ ထို ၂၅+ + ၂၅ ဟူသော အခြေအနေ သည် NLD အနေဖြင့် အတတ်နိုင်ဆုံး ရှောင်ကြဉ်လိုသော ဖြစ်နိုင်ခြေ အခင်း အကျင်းတစ်ခု ဖြစ်ခဲ့သည်။ 

 


NLD အစိုးရသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၆ ရက်နေ့ကစတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါကို   သဘာဝဘေးအန္တရာယ် တစ်ခုအဖြစ် ကြေညာခဲ့သည်။ Carter Center  ၏  ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာအရ သဘာဝဘေးအန္တရာယ် သည် လုံခြုံစိတ်ချရမှုမရှိသည့် အခြေ အနေများနှင့်ပေါင်းစပ်၍   သတ်မှတ် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲများကို ဥပဒေအရ    တရားဝင်ရွှေ့ဆိုင်းမှုပြုနိုင် သည့် အကြောင်းအချက်တစ်ခုဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက် တွင် မြန်မာနိုင်ငံ၏ တရားဝင်မှတ်ပုံတင် ထားသော  နိုင်ငံရေးပါတီ  ၉၂  ခုအနက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သော USDP  ပါတီ နှင့်   ၎င်း၏  မဟာမိတ်များအပါအဝင် နိုင်ငံရေးပါတီ ၂၄ ခုက နိုဝင်ဘာလ ၈ ရက်နေ့အား ရွေးကောက်ပွဲကျင်းပမည့် ရက်အဖြစ်        သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုခဲ့ သည်။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ရွေးကောက်ပွဲကျင်းပမည့်ရက်အား ပြန်လည်သုံးသပ်ရန်နှင့်  လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ      (DPNS)  က ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် တောင်း ဆိုခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် တတိယအများဆုံး အနိုင်ရရှိခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) ကလည်း လက်ရှိအခြေအနေတွင်   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ပြီး မျှတ သော      ရွေးကောက်ပွဲကျင်းပရန်မှာ လက်တွေ့မကျသဖြင့်   အလေးအနက် ထား   စဉ်းစားရန်  အကြံပြုခဲ့သည်။ အခြားတစ်ဖက်တွင်မူ   နိုင်ငံရေးပါတီ အချို့က နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အကျပ်အတည်းများနှင့် စပ်လျဉ်း၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ ကို   ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းပါက ယာယီ သာ ဖြစ်သင့်သည်ဟုလည်း အကြံပြု ခဲ့ကြသည်။

 


ရွေးကောက်ပွဲကျင်းပခြင်း
မပြုရန် ကြေညာ


ထိုစဉ်က  ကိုဗစ်-၁၉  ကပ်ရောဂါ လှိုင်းလုံး ဒုတိယအကြိမ် ရိုက်ခတ်ခဲ့ပြီး ရောဂါကူးစက်မှုနှုန်း   အရှိန်တက်နေခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ ၃၈၅၀၂ ဦး ရှိပြီး သေဆုံးသူ  ၉၄၅  ဦးအထိ ရှိခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ရန်ကုန်တိုင်းဒေသကြီးက ကူးစက်မှုနှင့် သေဆုံးမှု      အမြင့်မားဆုံးဖြစ်သည်။ အောက်တိုဘာလ ၁၉ ရက် တစ်ရက် တည်းမှာပင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ သူ ၁၁၇၁ ဦးအနက် ရန်ကုန်တိုင်းဒေသ ကြီးတွင် ရောဂါပိုးတွေ့ရှိသူ ၇၇၃ ဦး ရှိခဲ့ ပြီး ရောဂါပိုးကူးစက်မှု၏ ၆၆ ရာခိုင်နှုန်း ရှိနေခဲ့သည်။ ထိုအချိန်က ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ပေါင်း ၄၄ မြို့နယ် အနေဖြင့် နေအိမ်၌သာ နေထိုင်ကြရန် (stay-at-home) အမိန့်ထုတ်ပြန်ထား သည်။ မန္တလေးတိုင်းဒေသကြီး၏ အချို့ နေရာများ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် အချို့ ဒေသများတွင်လည်း (stay-at-home) အမိန့်ထုတ်ပြန်ထားခဲ့သည်။ ရွေးကောက် ပွဲကော်မရှင်၏ အချက်အလက်များအရ ပဲခူးတိုင်းဒေသကြီး၏ မြို့နယ် ၂ မြို့နယ် မှ ကျေးရွာအုပ်စု ၄၂ ခု၊ ကရင်ပြည်နယ်၏ မြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ ခု၊ မွန်ပြည်နယ်၏ မြို့နယ် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ ခု၊ ရခိုင်ပြည်နယ်၏ မြို့နယ် ၉ မြို့နယ်နှင့် မြို့နယ် ၄ မြို့နယ်မှ ကျေးရွာအုပ်စု ၁၂၃ ခုနှင့် ရပ်ကွက် ၁၆ ခု၊ ရှမ်းပြည်နယ်၏ မြို့နယ် ၆ မြို့နယ်နှင့် မြို့နယ် ၁၇ မြို့နယ်မှ ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၁၂၅ ခု၊ ကချင်ပြည်နယ်၏ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၈၂   ခုနှင့်  ချင်းပြည်နယ် ပလက်ဝ မြို့နယ်မှ ကျေးရွာအုပ်စု ၉၄ ခုတို့တွင် လွတ်လပ်ပြီး          တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေ အနေမရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပ ခြင်းမပြုရန် ကြေညာခဲ့ကြောင်း သိရှိရ သည်။ ယခင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့်   ဦးမြင့်နိုင်က ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်းနှင့် စပ်လျဉ်း ပြီး ကော်မရှင်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊   ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အခြားဌာနဆိုင်ရာများ၏ ကိုဗစ်-၁၉ နှင့် မြေပြင်လုံခြုံရေးဆိုင်ရာ အကြံပြု ချက်များကို အခြေခံ၍ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု   ပြောကြားခဲ့သည်။

 

သို့ရာတွင်    တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်      ဇော်မင်းထွန်းကမူ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက် ပွဲကျင်းပခြင်းမှ ချန်လှပ်ခဲ့သည့် ဒေသ များအနက် အချို့သည် တပ်မတော်က အဆိုပြုခဲ့သည့်   ဒေသများနှင့်  ကွဲလွဲ လျက်ရှိသည်ဟု    ပြောကြားခဲ့သည်။ ကိုဗစ်-၁၉     ကပ်ရောဂါ   ကူးစက်မှု မြင့်တက်လျက်ရှိသော်လည်း ရွေးကောက် ပွဲကို   ရွှေ့ဆိုင်းရန်  လိုလားမှုမရှိသော ရွေးကောက်ပွဲ      ကော်မရှင်အနေဖြင့်  စောဒကများစွာ ဖြစ်ပေါ်နေလင့်ကစား ရွေးကောက်ပွဲကို ချန်လှပ်ခဲ့သော ဒေသ များမှလွဲ၍ မြန်မာနိုင်ငံ၏ အခြားသော ဒေသများတွင်     သတ်မှတ်ထားသည့် ရက်၌ပင်     ကိုဗစ်-၁၉    ကျန်းမာရေး စည်းကမ်းများနှင့်အညီ      ကျင်းပခဲ့သည်။ 

 


အလေးအနက် မေးခွန်းထုတ်စရာဖြစ်


ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်သည် အာဏာရပါတီ NLD ကို ဘက်လိုက်မှုပြုခဲ့သည်ဟု တိုင်းရင်းသားနိုင်ငံရေးပါတီများက စွပ်စွဲခဲ့ကြသည်။ ရွေးကောက်ပွဲကော်မရှင်၏ တိုင်းရင်းသား ဒေသများတွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ကြောင့်   ထိုသို့စွပ်စွဲခံရ သည်မှာ  အံ့ဩစရာမဟုတ်ပေ။  မကြာ သေးမီက မှတ်တမ်းများအရ ရန်ကုန် တိုင်းဒေသကြီး၏ ရောဂါကူးစက်မှုနှုန်း သည်   တစ်နိုင်ငံလုံး  ကူးစက်မှု၏  ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီးအတွင်း မည်သည့်မြို့နယ် ကိုမှ ရွေးကောက်ပွဲရွှေ့ဆိုင်းသည့် စာရင်း တွင် ထည့်သွင်းခဲ့ခြင်းမရှိပေ။ ရွေးကောက် ပွဲကော်မရှင်သည် ရန်ကုန်တိုင်းဒေသကြီး ၏ မြို့နယ်တိုင်း၌မူ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့်ရက်တွင် ကျင်းပခဲ့ သော်လည်း မြန်မာနိုင်ငံ၏ မဲပေးပိုင်ခွင့် ရှိသူ ၃၈ သန်းအနက် ရခိုင်နှင့် ရှမ်းစသည့်   တိုင်းရင်းသားပါတီများသာ အနိုင်ရရှိရန် အလားအလာကောင်းသည့်   ပြည်နယ် မဲဆန္ဒနယ်များမှ လူဦးရေ ၁ ဒသမ ၅ သန်း၏ ဆန္ဒမဲပေးမှုအား ရွှေ့ဆိုင်းခြင်း ဖြင့် USDP ပါတီနှင့် တိုင်းရင်းသားပါတီ များ၏  ၂၅+ + ၂၅   ဖြစ်နိုင်ခြေ  အခင်း အကျင်းကို  သာသာနှင့်နာနာ  ဖယ်ရှား ပစ်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲအား အဆိုပြုနိုင်ခွင့်နှင့်   ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်မည့် ၎င်းတို့၏ အခွင့်အရေး ကိုလည်း    ထိခိုက်ပျက်စီးစေခဲ့သည်။ ရွေးကောက်ပွဲရွှေ့ဆိုင်းခံရသော မဲဆန္ဒ နယ်များအနေဖြင့် ကြားဖြတ်ရွေးကောက် ပွဲများမှတစ်ဆင့်            ပြည်ထောင်စု နှင့်    ပြည်နယ်/တိုင်းဒေသကြီးများ၏ အုပ်ချုပ်ရေးနှင့်   ဥပဒေပြုရေးတို့တွင် ပါဝင်နိုင်သော်လည်း      ထိုအချိန်တွင် ၎င်းတို့၏ ကိုယ်စားလှယ်များအနေဖြင့် သမ္မတရွေးချယ်ရေးနှင့် အစိုးရဖွဲ့ရေးတွင် ပါဝင်နိုင်ရန် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ပြီးဖြစ်နေမည့်   အနေအထား ဖြစ်သည်။ NLD ပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   ရွေးကောက်ပွဲကို ဥပဒေဘောင်အတိုင်း ထိန်းချုပ်ဆောင်ရွက်ခဲ့သည်ဟုဆိုလျှင်ပင်      အဆိုပါ ရွေးကောက်ပွဲ၏ ရလဒ်များက ပါဝင်သင့် သူများအားလုံး ပါဝင်ကိုယ်စားပြုမှုမူနှင့် ကိုက်ညီမှု ရှိ/မရှိ အပေါ် အလေးအနက် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်။ 

 


 ညီတူညီမျှ  အခွင့်အရေးမရှိ


ရွေးကောက်ပွဲ၏အခြားသော အခင်း အကျင်းများကလည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူအားလုံးအတွက် တရား မျှတမှုနှင့်စပ်လျဉ်းပြီး မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ NLD ပါတီက ခန့်အပ်ခဲ့သော ရွေးကောက်ပွဲကော်မရှင်သည်     ယခင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေး   ဦးဆောင်သော   ရွေးကောက်ပွဲ ကော်မရှင် (၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် မှ ၂၀၁၆ ခုနှစ် မတ်လ  ၃၀  ရက်)နှင့် နှိုင်းယှဉ်ပါက         နိုင်ငံရေးပါတီများ၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများ အပါအဝင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သူ များ (stakeholders)နှင့် ထိတွေ့ဆက်ဆံ မှု နည်းပါးလှသည်ဟု ဝေဖန်ခံခဲ့ရသည်။ ထိုသို့   ထိတွေ့ဆက်ဆံမှု  နည်းပါးလှ သဖြင့် stakeholders များအနေဖြင့် ၎င်းတို့၏   စိုးရိမ်ပူပန်မှုများကို  အလုံ အလောက် ဖော်ထုတ်ဆွေးနွေးမှုမပြု နိုင်ခဲ့သကဲ့သို့ အကြံဉာဏ်နှင့် ပါဝင်ကူညီ မှုလည်း   မပြုနိုင်ခဲ့ကြချေ။

 

 ဗိုလ်ချုပ် အောင်ဆန်း၏    ရုပ်ပုံအသုံးပြုမှုအား ပိတ်ပင်ရန်ဟူသော ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ      လိုက်နာရမည့် ကျင့်ဝတ်ကို ပြင်ဆင်ရန်  အဆိုပြုမှုများ ရှိခဲ့သော်လည်း ဦးလှသိန်း ဦးဆောင် သော    ရွေးကောက်ပွဲကော်မရှင်က ငြင်းဆန်ခဲ့သည်။ ယင်းသည် ဗိုလ်ချုပ် အောင်ဆန်းအား နိုင်ငံ၏ လွတ်လပ်ရေး သူရဲကောင်းအဖြစ်မှ   ပါတီသူရဲကောင်း အဖြစ်သို့ ရောက်ရှိသွားစေပြီး ကိုယ်စား ပြုမှုကိုလည်း    ထိခိုက်စေခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံပိုင် မီဒီယာ၌ ရွေးကောက်ပွဲမဲဆွယ်မိန့်ခွန်း များ ထုတ်လွှင့်ရာတွင်လည်း ကော်မရှင် အနေဖြင့် သင့်လျော်မှုမရှိဟု ယူဆသည့် ပြောကြားချက်များကို   ဆင်ဆာဖြတ် တောက်ခဲ့သည်။ ဥပမာအားဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက NLD ပါတီအနေဖြင့် လွှတ်တော်အတွင်း နေရာ အများစုရရှိထားခြင်းကို တစ်ပါတီစနစ် အဖြစ် ခေါ်ဆိုခဲ့ပြီး “နိုင်သူအကုန်ယူ” စနစ်အစား “အချိုးကျကိုယ်စားပြုစနစ်” သို့ ပြောင်းလဲရန် တိုက်တွန်းပြောကြား ချက်ကို   ဆင်ဆာဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ NLD အစိုးရသည် နိုင်ငံပိုင် မီဒီယာကို   ၎င်းတို့ပါတီ၏  မူဝါဒနှင့် အောင်မြင်မှုများအား ထုတ်လွှင့်ရာနေရာ အဖြစ် ဆက်တိုက်အသုံးချခဲ့သည်။ NLD ပါတီအနေဖြင့် ယင်းတို့နှင့် မတူကွဲပြား သည့်   အမြင်များကို  သဘောထားကြီး သည်းခံလိုခြင်း မရှိသည်ကို ၅ နှစ်လျှင် တစ်ကြိမ်သာ ထုတ်လွှင့်သည့် မဲဆွယ် စည်းရုံးမှု   မိန့်ခွန်းတိုအား   ဆင်ဆာ ဖြတ်တောက်သည့်    ရွေးကောက်ပွဲ ကော်မရှင်၏လုပ်ရပ်က ပြသနေသည်။ သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ NLD ပါတီနှင့် အခြားနိုင်ငံရေးပါတီများ အကြား   ညီတူညီမျှ  အခွင့်အရေးမရှိခဲ့ သည်ကို   ထိုလုပ်ဆောင်ချက်များက ပြသနေသည်။ 

 


ရွေးကောက်ပွဲကော်မရှင်၏ အမှား အယွင်းများတတ်သည့် အနေအထားမှာ လည်း သိသာထင်ရှားခဲ့သည်။ Frontier Myanmar သတင်းဌာန၏ ရေးသားချက် အရ    ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ လည်း ကြီးမားသည့် မဲစာရင်းမှားယွင်းမှု ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အဓိက စိုးရိမ်စရာ အချက်တစ်ချက် ဖြစ်ခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့် နိုင်၏ ပြောကြားချက်အရ မဲစာရင်းစစ်ခဲ့ သူ ၆ ဒသမ ၆ သန်းရှိသည့်အနက်၂၀၀၀၀၀ ဦးက မဲစာရင်းအမှားအား ပြင်ဆင်ရန် ကြိုးပမ်းခဲ့ပြီး ၆၅၀၀၀ ဦးက မဲစာရင်း ပေါ်မှ ၎င်းတို့၏အမည်များနှင့် စပ်လျဉ်း ပြီး စောဒကတက်ခဲ့သည်ဟု သိရသည်။ ရွေးကောက်ပွဲအပြီးတွင် မူမမှန်မှုများနှင့် စပ်လျဉ်းသော သတင်းများပေါ်ထွက်လာ ခဲ့ပြီး နိုင်ငံရေးပါတီအချို့က ရွေးကောက် ပွဲကော်မရှင်ထံ   ကန့်ကွက်စာပေးပို့ခဲ့    ကြသည်။   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက             ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်သစ်အနေဖြင့် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှ မဲဆန္ဒရှင် စာရင်းများကို    စစ်ဆေးသည့်အခါ မဲစာရင်း မူမမှန်မှုပေါင်း ၁၁၃၀၅၃၉၀ ခု   ရှိသည်ကိုလည်းကောင်း၊      လူဦးရေ ၄၈၆၉၄၂၇ ဦးသည် နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ      မဲပေးခဲ့သည်ကိုလည်း ကောင်း တွေ့ရှိခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏   အဆိုပါချို့ယွင်းချက် သည်   တမင်ကြံစည်ဆောင်ရွက်ခြင်း ဟုတ်သည်ဖြစ်စေ၊  မဟုတ်သည်ဖြစ်စေ ဒီမိုကရေစီအတွက်    အခြေခံကျသည့် ချို့ယွင်းချက်တစ်ရပ်ပင်ဖြစ်သည်။

 


အမှားသရုပ်ပြလုပ်ရပ်တစ်ခု


ခြုံ၍သုံးသပ်ရပါက  ရွေးကောက်ပွဲ များသည် ဒီမိုကရေစီ၏ အနှစ်သာရကို အားကောင်းခိုင်မာအောင် ဖြည့်ဆည်း ဖော်ဆောင်ပေးသည့် လက်နက်ကိရိယာ များအဖြစ် ပါဝင်ထမ်းဆောင်ရမည်ဖြစ် သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာမူ ပြည်သူလူထု၏ လိုအင်ဆန္ဒများကို မှန်ကန်တရားမျှတစွာ  ဖော်ထုတ်ပေးရေး ထက်   တစ်ပါတီ၊  လူတစ်စုတစ်ဖွဲ့က နိုင်ငံရေးအာဏာကို  လက်ဝါးကြီးအုပ် ရယူနိုင်ရေးအတွက်    ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင် ရွက်သွားခဲ့သော အမှားသရုပ်ပြလုပ်ရပ် တစ်ခု ဖြစ်သွားခဲ့ရ ပေသည်။ 


အပိုင်း (၂)


အင်စတီကျူးရှင်းအမြင်ဖြင့် ပြီးခဲ့သည့် အစိုးရနှစ်ရပ်ကို နှိုင်းယှဉ်လေ့လာခြင်း 
အင်စတီကျူးရှင်းအမြင်အရ ကြည့် ပါက ဆုံးဖြတ်ချက်ချမှတ်/ မူဝါဒရေးဆွဲ သည့် အင်စတီကျူးရှင်းများနှင့် အဆိုပါ ဆုံးဖြတ်ချက်နှင့် မူဝါဒတို့အား အကောင် အထည်ဖော်ရသည့်   အင်စတီကျူးရှင်း များဟူ၍ရှိသည်။ အခြေခံအားဖြင့် နိုင်ငံ ၏ သက်ဆိုင်ရာ အင်စတီကျူးရှင်းများ သည် အတက်အဆင်းရှိသည့် ဆုံးဖြတ် ချက် ချမှတ်ခြင်းနှင့် မူဝါဒရေးဆွဲခြင်း၌သော်လည်းကောင်း၊      ယင်းတို့အား အကောင်အထည်ဖော်ခြင်း၌ သော်လည်း ကောင်း ပါဝင်ပတ်သက်ဆောင်ရွက်ကြ ရသည်။ ထို့ကြောင့် အချို့သော အင်စတီ ကျူးရှင်းများအတွက်  ဆုံးဖြတ်ချက်ချ ခြင်း၊  မူဝါဒရေးဆွဲခြင်းနှင့်   အကောင် အထည်ဖော်ခြင်း လုပ်ငန်းစဉ်နှစ်ခုစလုံး တွင် ပါဝင်ပတ်သက်ရသည်မှာ မဆန်း လှပေ။ အစိုးရအဖွဲ့ဝင်များ၊ အဖွဲ့အစည်း များအနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စကြီး ငယ်၏ အတိမ်အနက်နှင့် လိုအပ်ချက်ကို လိုက်၍  နိုင်ငံရေးပါတီများနှင့်  အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အပါအဝင် အစိုးရမဟုတ်သည့် နိုင်ငံ့အရေးဆက်နွှယ် ဆောင်ရွက်သူများနှင့်   ပြည်သူလူထု၏ အကြံဉာဏ်နှင့်     ထင်မြင်ယူဆချက် များရယူရန်    လိုအပ်မည်ဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေးမှ ချန်ထားရစ်သည့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အဟန့် အတားများနှင့်   ရုန်းကန်ရင်ဆိုင်နေရ သော   မြန်မာနိုင်ငံကဲ့သို့သော  နိုင်ငံ အတွက်မူ  တပ်မတော်သည်  ဆုံးဖြတ် ချက် ချမှတ်ခြင်း/ မူဝါဒရေးဆွဲခြင်းတို့တွင် ချန်ထား၍မရသော        အရေးပါသည့် နိုင်ငံ့အင်စတီကျူးရှင်းတစ်ခု   ဖြစ်သည်။

 


ကိုလိုနီခေတ်ဆိုးမွေဖြစ်သည့်  ဖွဲ့စည်း တည်ဆောက်မှုဆိုင်ရာ အဟန့်အတား များသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌        သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ   ပြင်ဆင်ရေး လုပ်ငန်းစဉ်၌     သော်လည်းကောင်း၊ အခြားသော   နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များ  သို့မဟုတ်  အမျိုးသား အသိုက်အဝန်း       တည်ဆောက်ရေး လုပ်ငန်းစဉ်များ၌ သော်လည်းကောင်း စိန်ခေါ်မှုများအဖြစ် တည်ရှိနေသည်။

 


သမ္မတဟောင်း   ဦးသိန်းစိန်သည် နိုင်ငံရေး၊  စီးပွားရေးနှင့် ဥပဒေရေးရာ အကြီးစား      ပြုပြင်ပြောင်းလဲမှုများ၊ လူ့အခွင့်အရေး တိုးတက်စေခဲ့မှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ   ပြင်ဆင်ရေး ဆိုင်ရာ    ဆွေးနွေးမှုများကို   စတင် ဖော်ဆောင်ခဲ့ခြင်းများဖြင့် လူအများကို အံ့အားသင့်စေခဲ့သည်။  ပြုပြင်ပြောင်းလဲ ရေးကို အရှိန်မြှင့်တင်လိုသော ဦးသိန်းစိန် သည်  ဒီမိုကရေစီအသွင်ကူးပြောင်းမှု တွင် အပြုသဘောဆောင်သော အင်အား စုများအဖြစ်   ပါဝင်ကြရန်  အားလုံးကို ဖိတ်ခေါ်ခဲ့သည်။ အထူးသဖြင့် ယခင်က ပူးပေါင်းဆောင်ရွက်ခြင်း      မရှိသည့် လူပုဂ္ဂိုလ်နှင့်   အဖွဲ့အစည်းများအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန် သည်   လက်တွေ့လုပ်ဆောင်ချက်များ ပြသ၍ ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ  အစိုးရနှင့် နိုင်ငံတော်     အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီအစိုးရတို့ လက်ထက်တွင် ပူးပေါင်းဆောင်ရွက်မှု မပြုနိုင်ခဲ့သည့်       အဓိကအင်အားစု ဖြစ်သော  NLD ပါတီကိုသာမက ၈၈ မျိုးဆက် ကျောင်းသားများနှင့် တိုင်းရင်း သားနိုင်ငံရေးပါတီများကိုပါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို  အမျိုးသားရေး တာဝန်အဖြစ် ပူးပေါင်းပါဝင်လာကြရန် စည်းရုံးနိုင်ခဲ့သည်။      ဦးသိန်းစိန်သည် ဆက်ဆံရေးဝန်ကြီးတစ်ဦးမှ  တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်။

 

 နောက်ပိုင်း တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ၏ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုတာဝန်က ၎င်းအတွက် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပုံအား   ကိုယ်တိုင် ကိုယ်ကျလေ့လာနိုင်မည့်  အခွင့်အရေး တစ်ခုဖြစ်ခဲ့သည်။        ဦးသိန်းစိန်သည် လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေး ရေးကော်မရှင်တွင်   ဒေါ်အောင်ဆန်း စုကြည်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူစေ ခဲ့ပြီး  ၈၈  မျိုးဆက် ကျောင်းသား ကိုယ်စားလှယ်  ၂  ဦးနှင့်အတူ  တွဲဖက် ဆောင်ရွက်စေခဲ့သည်။    ဤသို့ဖြင့် ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် ကို အကျိုးစီးပွားစီမံခန့်ခွဲရာတွင် ပါဝင် ဆောင်ရွက်စေခြင်းဖြင့် ၎င်း၏ဆုံးဖြတ် ချက်    ချမှတ်သည့်   အတက်အဆင်း လုပ်ငန်းစဉ်တွင်     ပါဝင်သင့်သူများ၏ အကြံဉာဏ်နှင့် အယူအဆများ ပိုမိုပါဝင် လာစေရန်   ကြိုးပမ်းခဲ့သည်။  အစိုးရ ဘက်ခြမ်းတွင်လည်း  သမ္မတရုံးဝန်ကြီး ဌာန  ၆  ခုဖြင့်  အမျိုးမျိုးသော ပြုပြင် ပြောင်းလဲမှုများကို   ညှိနှိုင်းအကောင် အထည်ဖော်   ဆောင်ရွက်စေခဲ့သည်။ အဆိုပါဝန်ကြီးဌာများ၏    ဝန်ကြီးများ သည် စစ်ဘက်-အရပ်ဘက် ဆက်ဆံ ရေး၏ ကြားခံအဖြစ်လည်း ဆောင်ရွက် ခဲ့ကြသည်။ သမ္မတဟောင်း ဦးသိန်းစိန် သည်     ၎င်း၏ပြုပြင်ပြောင်းလဲမှုများ အတွက် တပ်မတော်၏ ထောက်ခံမှုကို လည်း  ရယူနိုင်ခဲ့သည်။  အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး  လုပ်ငန်းစဉ်တို့ အား အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်    အဖွဲ့ အစည်းများနှင့် တရားဝင်နှင့် အလွတ် သဘော တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ တစ်နည်းအားဖြင့်   ဦးသိန်းစိန်သည် ၎င်း၏အစိုးရအဖွဲ့၏         ဆုံးဖြတ်ချက် ချမှတ်ရေး  လုပ်ငန်းစဉ်အတွက်သော်  လည်းကောင်း၊   ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များအပေါ် နိုင်ငံရေးအရ ထောက်ခံမှု    စုစည်းရယူရန်အတွက် သော်လည်းကောင်း   အစိုးရအင်စတီ ကျူးရှင်းများကိုသာမက      အစိုးရ မဟုတ်သော အင်စတီကျူးရှင်းများကိုပါ ပါဝင်အားဖြည့်စေခဲ့သည်ကို    တွေ့ရှိရသည်။ 


(ဆက်လက်ဖော်ပြပါမည်)