ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၏ (၁၅၉)ကြိမ်​​​မြောက် ဗုဒ္ဓပူဇနိယပွဲ​​တော် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲကျင်းပ

 

ရန်ကုန် ​  မတ်   ၃


ရန်ကုန်အ​နောက်ပိုင်းခရိုင် မရမ်း ကုန်းမြို့နယ်  အမှတ်(၃)ရပ်ကွက် ​ရှေး​ဟောင်းသမိုင်းဝင် အပရာဇိတ          ဆံ​တော်ရှင်     ကျိုက်ဝိုင်း​စေတီ​​တော်မြတ်ကြီး၏  (၁၅၉) ကြိမ်​မြောက်      ဗုဒ္ဓပူဇနိယပွဲ​တော် ဆွမ်းဆန်စိမ်း​      လောင်းလှူပွဲ အခမ်းအနားကို မတ် ၁ ရက်က  စေတီ​တော်မြတ်ကြီး၏   ရင်ပြင်​တော်၌ ကျင်းပသည်။

 


အဆိုပါ       ဆွမ်းဆန်စိမ်း​လောင်းလှူပွဲသို့   မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး      ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊          မြို့နယ် ကြက်​ခြေနီအသင်း၊မြို့နယ်စာ​ရေး ဆရာအသင်း၊ မြို့နယ်ဂီတအစည်း အရုံးနှင့်    စေတနာရှင်ပြည်သူများ က    ဆွမ်းဆန်စိမ်း အပါအဝင် လှူဖွယ်ဝတ္ထု    ပစ္စည်းများအား ကုသိုလ်ယူ ​  လောင်းလှူခဲ့ရာ သံဃာ​တော် စုစု​ပေါင်း ၂၃၅ ပါး အား ​  လောင်းလှူပူ​ဇော်ခဲ့သည်။ ​


အေး​အေး​အောင်(ပြန်/ဆက်)