
မင်းဘူး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေ စက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောအတွင်း၌ တောတောင်ရေမြေနှင့် သဘာဝ ရှုခင်းအလှများကိုအခြေခံပြီး ပြည်တွင်း/ပြည်ပ ခရီးသွား များအား ဆွဲဆောင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်းကို မန်းရွှေ စက်တော် ဘုရားပွဲတော်ချိန်အမီ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူး သစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော် ဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှ ယနေ့အချိန်အထိ ယာယီ ပိတ်ထားခဲ့ရကြောင်း၊ ယခုအခါ မန်ရွှေစက်တော်ဘုရား ပွဲတော် ဖွင့်ပွဲနှင့်အတူ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးလှသန်း ထံမှ သိရသည်။
“ဆင်စခန်း ပြန်လည်ဖွင့်လှစ်ချိန် မှာ ခရီးတိုဆင်စီးရင် တောတောင် ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝ ရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့ အတွက် ယာယီပိတ်ထားစဉ် ကာလမှာ ကိုဗစ်ကာကွယ်ရေး စည်းကမ်း ချက်တွေနဲ့အညီ ကြိုတင်ပြင်ဆင် မှုတွေ လုပ်ဆောင်နေပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ ဖို့နဲ့ စိမ်းလန်းစိုပြည်စေဖို့ အရိပ် ရအပင်နဲ့ ပန်းအလှပင်တွေကို လည်း တိုးချဲ့စိုက်ပျိုးထားပါတယ်။ ဆင်စခန်း ပြန်လည်ဖွင့်လှစ်ချိန် မှာ မန်းချောင်းဘေး ဆင်များနှင့် အတူ ရေချိုးရင်းအပန်းဖြေနိုင်စေဖို့ ယာယီတံတား၊ တည်းကျောင်းနဲ့ အလှဆင်တာတွေကို ပြင်ဆင် ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။
ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းကို(ယာပုံ) နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဆင်ထီး လေးကောင်၊ ဆင်မ ခုနစ် ကောင်၊ စုစုပေါင်း ဆင် ၁၁ ကောင် ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ ပြည်တွင်းခရီးသွား တစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ငွေကျပ် ၁၀၀၀နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ နှုန်း၊ နိုင်ငံခြားသား တစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၀၀၀၀ နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ နှုန်း၊ တည်းခိုဆောင် အနေဖြင့် ဘန်ဂလို ၁၁ လုံးရှိပြီး တည်းခို ဆောင်တစ်လုံးအတွက် တစ်ရက် လျှင် ငှားရမ်းခ ငွေကျပ် ၃၀၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေစက်တော်မန်း ချောင်း အပန်းဖြေဆင်စခန်း အပါ အဝင် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီး သွားလုပ်ငန်း Elephant Cons-ervation Based Tourism (ECBT) စခန်း ၂၂ ခုကို ဖွင့်လှစ် ထားရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)