
နေပြည်တော် ဒီဇင်ဘာ ၁
နိုင်ငံတော်အစိုးရမှ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများသည် ရဟန်း သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများနှင့် အေးချမ်းစွာ နေထိုင် လျက်ရှိသော ပြည်သူများ အကြောက်တရား လွှမ်းမိုးစေရန် ၎င်းတို့နှင့် အမြင်အယူအဆမတူ သူများအား “သူလျှို၊ သတင်း ပေး၊ ဒလန်” ဟု စွပ်စွဲ၍ ရက်စက် စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ကို ဥပဒေမဲ့ ကျူးလွန်လျက် ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ဆင်မရဲကျေးရွာရှိ အခြေခံ ပညာ အထက်တန်းကျောင်း (ဆင်မရဲ) တွင် အထက်တန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင် နေသည့် အောင်ပန်းချောင်း ကျေးရွာနေ ဒေါ်မာစီသည် ၎င်း၏ အစ်မဖြစ်သူ ဒေါ်မာသီနှင့် သမီး ဖြစ်သူ မနှင်းမာလာအောင်တို့ နှင့်အတူ နေအိမ်၌ရှိနေစဉ် နိုဝင် ဘာ ၂၈ ရက် နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ခန့် ရောက်ရှိလာပြီး ဆရာမဖြစ်သူ ဒေါ်မာစီအား ကျေးရွာ၏ အရှေ့ ဘက် မီတာ ၁၅၀ ခန့်အကွာရှိ စက်လှေဆိပ်သို့ လက်ပြန်ကြိုး တုပ်၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်းနှင့် အကြမ်း ဖက်သမားများသည် ကျေးရွာ၏ မြောက်ဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အနာဂတ်ကလေး ငယ်များအား ပညာသင်ကြားပေး နေသည့် ဆရာမဖြစ်သူအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်