
ရွှေဘို ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို တက္ကသိုလ်တွင် (အဝေးသင် သင်တန်း) နဝမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။
ဦးစွာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး ၂၀၁၉ နှင့် ၂၀၂၀ ပညာသင်နှစ်များတွင် ပြုလုပ်ခဲ့သည့် အဝေးသင်သင်တန်း များတွင် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံ ဘာသာရပ် ဘွဲ့များအတွက် အောင်မြင်ခဲ့ကြသည့် မောင်မယ် များကို ဘွဲ့လက်မှတ်များအပ်နှင်း ခဲ့သည်။
အခမ်းအနားသို့ ရွှေဘို တက္ကသိုလ် ပါမောက္ခချုပ် ဆရာမ ကြီး၊ ဒုတိယပါမောက္ခချုပ် ဆရာမ ကြီး ဒေါက်တာတင်တင်ရီနှင့် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင် များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဌာနမှူး (သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း (စာမေးပွဲနှင့် ဘွဲ့နှင်းဌာန)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ ဖိတ် ကြားထားသူများ၊ ဘွဲ့ရမောင်မယ် များနှင့်မိဘဆွေမျိုးများ တက် ရောက်ကြသည်။ အဆိုပါဘွဲ့နှင်း သဘင်ကို တက်ရောက်ဘွဲ့ယူသူ ၂၃၆ ဦးရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)