ရွှေဘိုမြို့ရှိ အဝေးပြေးကားဝင်းအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိ

 

နေပြည်တော်   မတ်    ၂၈


စစ်ကိုင်းတိုင်းဒေသကြီး    ရွှေဘိုမြို့    အမှတ် (၆) ရပ်ကွက်ရှိ ကားကြီးဝင်းအနီး၌ ယနေ့နံနက် ၉ နာရီခွဲ ခန့်တွင်  PDF  အမည်ခံ  အကြမ်းဖက်သမားများ      ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း  တစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း  တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့်    ကားကြီးဝင်းအနီး   လမ်းမ ပေါ်တွင်    လှုပ်ရှားသွားလာလျက်ရှိသည့်   အပြစ်မဲ့ ပြည်သူ  အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး အသက် လေးနှစ်အရွယ်နှင့်  အသက် ၁၁ နှစ်အရွယ် ကလေး ငယ် နှစ်ဦး  အပါအဝင်  အမျိုးသား ၁၀  ဦး၊  အမျိုး သမီး ရှစ်ဦး စုစုပေါင်း  ၁၈  ဦး မိုင်းစထိမှန် ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါ     မိုင်းစထိမှန်   ဒဏ်ရာရရှိခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရွှေဘိုမြို့  ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။

 


ထိုသို့     ဆေးကုသပေးနေမှုများကို    ရွှေဘို တပ်နယ်မှ   တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲ ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။                       

သတင်းစဉ်