
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် နွေစပါး နှင့် ဆန်ဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လာကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရွှေဝါထွန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀ဝ နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၇၀၀၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လတတိယပတ် တွင် ရွှေဝါထွန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၁၅၅၀၀၀ဝ နှင့် ဆန်တစ်အိတ်လျှင် ကျပ် ၆၄၀၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လ တတိယပတ်နှင့် နောက်ဆုံးပတ် အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဇူလိုင် လ နောက်ဆုံးပတ်တွင် တတိယပတ်ထက် ရွှေဝါထွန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၅၀၀၀ဝ နှင့် ဆန်တစ်အိတ်လျှင် ဈေးနှုန်း ကျပ် ၆၀၀ဝ မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခင်နှစ်ကာလတူတွင် ရွှေဝါထွန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၆၈၀၀၀ဝနှင့် ဆန်တစ်အိတ် လျှင် ကျပ် ၂၈၅၀ဝ သာ ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ရွှေဝါထွန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၉၂၀၀ဝနှင့် ဆန်တစ်အိတ်လျှင် ကျပ် ၄၁၅၀ဝ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခုနှစ် နွေစပါးပေါ်ချိန်တွင် နွေဆန်ဈေးနှုန်း မှာ ပြည်ပပေါက်ဈေးထက် ပြည်တွင်းဈေးနှုန်း ပိုများနေသဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင် ခြင်း မရှိသေးသော်လည်း ပြည်တွင်းဈေးကွက် တွင် ယခင်နှစ်နှင့် ယခင်အပတ်များထက် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ဆန်စက်ပိုင်နှင့် ကုန်သည်များထံမှ သိရသည်။
DOCA (စစ်ကိုင်း)