ရေဘေးဒဏ်ခံစားခဲ့ရသည့် လှည်းကူးမြို့နယ် စာရေးဆရာအသင်းဝင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ လှူဒါန်းသည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် နိုဝင်ဘာ ၂၄


ရေဘေးဒဏ်     ခံစားခဲ့ရသည့်  လှည်းကူးမြို့နယ်   စာရေးဆရာ အသင်းဝင်များအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ   လှူဒါန်း သည့် ထောက်ပံ့ငွေများ ပေးအပ် ပွဲအခမ်းအနားကို   ယနေ့နံနက် ပိုင်းတွင်  ရန်ကုန်မြို့ရှိ  ရန်ကုန် တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။


တက်ရောက်


အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်  ဝန်ကြီးများ၊  ရန်ကုန်တိုင်း ဒေသကြီး    တရားသူကြီးချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ    ဦးအုန်းမောင်  (မြင်းမူ မောင်နိုင်မိုး)နှင့်    အဖွဲ့ဝင်များ၊ လှည်ကူးမြို့နယ်   စာရေးဆရာ အသင်းဝင်များနှင့် ဖိတ်ကြားထား သော      ဧည့်သည်တော်များ တက်ရောက်ကြသည်။


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း က   ရေဘေးဒဏ်ခံစားခဲ့ရသည့် လှည်းကူးမြို့နယ်  စာရေးဆရာ အသင်းဝင်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လှူဒါန်း သည့်ငွေများကို   ယနေ့ပေးအပ် ခြင်းဖြစ်ပါကြောင်း၊   နိုင်ငံတော်  အစိုးရအနေဖြင့်  ဘက်ပေါင်းစုံမှ နေ၍ တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးနှင့် ဒေသအတွင်း လူမှုစီးပွား ဘဝ    မြင့်မားတိုးတက်ရေးတို့ အတွက် လုပ်ငန်းစဉ်များ ချမှတ် ၍      အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။


ကြည့်ရှုစောင့်ရှောက်


နိုင်ငံတော်က  စာပေလောက သားများ၊ စာပေပညာရှင် စာရေး ဆရာကြီးများအား     တတ်စွမ်း သရွေ့ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိဖြစ်ပွား နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိစ္စရပ်များတွင်     သတင်းတု၊ သတင်းမှားများကြောင့်၊ တိုင်းရင်း သားပြည်သူများ  ပိုမိုဒုက္ခရောက် စေမည့်ဘေးမှ ကင်းဝေးနိုင်စေရေး အတွက် စာပေပညာရှင် စာရေး ဆရာကြီးများက မိမိတို့ နားလည် တတ်ကျွမ်းသည့် စာပေကလောင် စွမ်းအားဖြင့်   နိုင်ငံနှင့်   လူမျိုး အတွက် သတင်းတု၊ သတင်းမှား များကို   တိုက်ထုတ်ချေဖျက်၍ သတင်းမှန်များ ဖော်ပြရေးသား ပေးကြစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက  ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့်     ရေကြီးနစ်မြုပ်စဉ်ကာလ အတွင်း ထောက်ပံ့မှုများ အချိန်နှင့် တစ်ပြေးညီ  ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ကူညီမှုများဆောင်ရွက် ပေးခဲ့ပါကြောင်းနှင့်    နောင်တွင် ရေကြီးနစ်မြုပ်ဒဏ်မှ ကာကွယ် ရန်   ဆောင်ရွက်ထားရှိမှု  အခြေ အနေများကို ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ     လှူဒါန်း သည့်   ထောက်ပံ့ငွေများကို   ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်းက ပေးအပ်ရာ လှည်းကူး မြို့နယ် စာရေးဆရာအသင်းဝင် များကိုယ်စား တာဝန်ရှိသူတစ်ဦး က လက်ခံရယူသည်။


ထောက်ပံ့ငွေများ ပေးအပ်


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးစိုးသိန်းက ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက်   လှည်းကူးမြို့ နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ က ကျေးဇူးတင်စကားပြောကြား ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။      

                
 သတင်းစဉ်