ရဲစခန်းအသီးသီးတွင် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်အပေါ် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူများ၏ အမှုများအတွက် ဥပဒေနှင့်အညီ ပိတ်သိမ်းပေး

 

နေပြည်တော်   ဩဂုတ်   ၁၃  

 
ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊    လုံခြုံရေး   တပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများ နှင့် ပြည်သူအချို့အား   အုပ်စုဖွဲ့  ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊      အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦများအား   ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင်   ငွေကြေးအရဖြစ်စေ၊  အခြား နည်းလမ်းဖြင့်ဖြစ်စေ၊  နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူများမှအပ  စိုးရိမ်စိတ်ကြောင့်  ထွက်ပြေး တိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့ အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊   ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေး မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ် နိုင်ရန်      တယ်လီဖုန်းနံပါတ်များကို      ဩဂုတ် ၃ ရက်မှစ၍ နေ့စဉ်သတင်းထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။

 


ထိုသို့       ထုတ်ပြန်ကြေညာထားရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ များထံ  ဆက်သွယ်နိုင်သည့်  တယ်လီဖုန်းနံပါတ် များသို့     စိုးရိမ်စိတ်ဖြင့်    တိမ်းရှောင်နေကြသူ    ကာယကံရှင်များ  ကိုယ်တိုင်သော်လည်းကောင်း၊ ကာယကံရှင်၏        မိဘဆွေမျိုးသားချင်းများမှ တစ်ဆင့်သော်လည်းကောင်း      ယုံကြည်စွာဖြင့် ဆက်သွယ်လာကြရာ   အသိပေးထုတ်ပြန် ကြေညာ ခဲ့သည့် ဩဂုတ် ၄  ရက်မှ      ၁၂ ရက်အထိ ကျန်းမာရေးနှင့် ပညာရေးအစရှိသည့် အလွှာစုံမှ တိမ်းရှောင်နေသူ ၂၂၇ ဦး ဆက်သွယ်လာခဲ့သည်။

 


အဆိုပါဆက်သွယ်လာသူ ၂၂၇ ဦးနှင့်ပတ်သက် သည့် မှုခင်းများကို  တိုင်းဒေသကြီး/   ပြည်နယ် ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည် တိုက်ဆိုင်စိစစ်ခဲ့ရာ ဩဂုတ်  ၃ ရက် ထုတ်ပြန် ကြေညာချက်ပါ အမှုပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်း ဆိုင်ရာ     သတ်မှတ်ချက်များနှင့်    အကျုံးဝင်ပြီး ဖြေလျှော့ပေးရန်      ကိုက်ညီမှုရှိသည့်အတွက် ယုံကြည်စွာဖြင့်   ဆက်သွယ်လာသူ  ၁၅၀ တို့၏ အမှုများကို    ပိတ်သိမ်းပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော    အမှုများနှင့်ပတ်သက်၍    အမြန် ပိတ်သိမ်းနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက် လျက်ရှိသည်။

 


စိုးရိမ်စိတ်ဖြင့်    တိမ်းရှောင်လျက်ရှိသည့် ကျန်ရှိသူများအနေဖြင့်လည်း          နိုင်ငံတော် အစိုးရ၏   စေတနာအပေါ်   ယုံကြည်စိတ်ချစွာဖြင့်  ထပ်မံ        ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း     အသိပေး       သတင်းထုတ်ပြန်ထားကြောင်း   သိရသည်။                                          

 

သတင်းစဉ်