ရဲဘော်တို့အနေဖြင့် သင်ကြားလေ့ကျင့်ခဲ့ကြသည့် အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အမှန်တကယ်လိုက်နာ ကျင့်သုံးသွားကြရန် လိုအပ်သကဲ့သို့ အမြဲစွဲမြဲနေစေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်နေရန်လည်း လိုအပ်

 

နေပြည်တော်   ဧပြီ     ၆


တပ်မတော်   (ကြည်း)    ဗိုလ်သင်တန်း ကျောင်း (ဗထူး)  ဗိုလ်လောင်းသင်တန်း    အမှတ်စဉ်  (၁၂၅)  သီဟတပ်ခွဲ သင်တန်း ဆင်း  ဂုဏ်ပြုစစ်ရေးပြ  အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်     ဗထူးတပ်မြို့ တပ်မတော်   (ကြည်း)    ဗိုလ်သင်တန်း ကျောင်း (ဗထူး) စစ်ရေးပြကွင်း၌   ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး     မဟာသရေစည်သူ မင်းအောင်လှိုင်   ကိုယ်စား    နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး  သရေစည်သူ   စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်        ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင်  အောင်ဇော်အေး၊  ကာကွယ်ရေးဦးစီးချုပ် ရုံးမှ   တပ်မတော်အရာရှိကြီးများ၊   အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့်   ဇနီး၊   ဗထူးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား  ဗိုလ်လောင်းများ  တက်ရောက်ကြ သည်။


အလေးပြုခြင်းခံယူ


အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်   (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး  ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။ ထို့နောက်    ကျောင်းဆင်း    ဗိုလ်လောင်း     တပ်ခွဲ များ၏ အနှေးလျှောက်၊  အမြန်လျှောက်ဖြင့် ချီတက် အလေးပြုခြင်းကို ခံယူသည်။


ငွေဓားဆုချီးမြှင့်


ယင်းနောက်     နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်      ကာကွယ်ရေးဦးစီးချုပ်    (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည်   တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)  ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၅)မှ အကောင်း ဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ် ၁၂၁၊ ဗိုလ်လောင်း အောင်မင်းသူ  အား ငွေဓားဆု ချီးမြှင့် ပေးအပ်သည်။


မိန့်ခွန်းပြောကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က သင်တန်း ဆင်း မိန့်ခွန်းပြောကြားရာတွင် တပ်မတော်သားများ သည်   ဒို့တာဝန်အရေးသုံးပါးကို  ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး နှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို အဓိက နေရာက       တာဝန်ထမ်းဆောင်နေကြသူများဖြစ် ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အရေး ကြုံလာပါက အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်  စွန့်စားသည့် စိတ်ဓာတ်နှင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊   တပ်မတော်     (ကြည်း) ဗိုလ်သင်တန်းကျောင်း  (ဗထူး)   က လက်ရုံးရည်၊ နှလုံးရည်နှင့်    ပြည့်စုံသော   အရာရှိကောင်းများ ဖြစ်အောင်    လေ့ကျင့်သင်ကြားခဲ့ကြပြီး   တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် စစ်ဘက်ခေါင်းဆောင်ငယ်များ အဖြစ်     နိုင်ငံတော်ကာကွယ်ရေး   တာဝန်များကို ထမ်းဆောင်ကြမည့်   ရဲဘော်တို့အနေဖြင့်    မိမိကို ပေးအပ်လာသော လုပ်ငန်းတာဝန်အပေါ် ဂုဏ်ယူ တတ်ကြရန်နှင့်   ပေးအပ်လာသည့်   ရည်မှန်းချက် တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်း မှုနှင့်အတူ      ပေါ်ပေါက်လာခဲ့ပြီး     ရရှိထားသော လွတ်လပ်ရေးကို    ဆုံးရှုံးမသွားရအောင်လည်း ခေတ်အဆက်ဆက်     ကာကွယ်စောင့်ရှောက်လာ ခဲ့သော အစဉ်အလာကြီးမားသည့် တပ်မတော်ကြီး ဖြစ်ကြောင်း၊ အနာဂတ်တပ်မတော်၏ ခေါင်းဆောင် များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ရဲဘော်တို့ အနေဖြင့်   ဒို့တပ်မတော်၏    သမိုင်းကြောင်းအစဉ် အလာများကို    သိရှိနားလည်ထားကြရန်   လိုမည် ဖြစ်ကြောင်း။


အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့


တပ်မတော်ကို   ၁၉၄၁   ခုနှစ်၊    ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) မှ သန္ဓေတည်ခဲ့ပြီး ဗမာ့ကာကွယ် ရေး တပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊   မျိုးချစ်ဗမာ့တပ်မတော်    (PBF)    အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ တပ်မတော် သည် သမိုင်းစဉ်အဆက်ဆက် တိုင်းရင်းသား ပြည်သူ များရှေ့က ခိုင်မာသော အမျိုးသား အင်အားစုအဖြစ်  ရပ်တည်ကာ ကိုလိုနီနယ်ချဲ့လက်အောက်က မြန်မာ့ လွတ်လပ်ရေးရယူရာတွင်  အဓိက   အခန်းကဏ္ဍမှ ပါဝင်ခဲ့သလို   လွတ်လပ်ရေးရပြီးနောက်ပိုင်း    နိုင်ငံ တော်အတွင်း ပြည်တွင်းလက်နက်ကိုင် သောင်းကျန်း ဆူပူမှုများနှင့်   ပြည်ပက   သွေးထိုးနှောင့်ယှက်မှု အန္တရာယ်အမျိုးမျိုးကို တိုင်းရင်းသားပြည်သူများ နှင့်အတူ  လက်တွဲပြီး  မျိုးချစ်စိတ်၊  နိုင်ငံချစ်စိတ် တို့ဖြင့် အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း။ 


ထိန်းသိမ်းစောင့်ရှောက်


ခေတ်အဆက်ဆက်၊   အစိုးရအဆက်ဆက်နှင့်  နိုင်ငံရေးစနစ်အမျိုးမျိုးကြားတွင် တပ်မတော်သည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက်  နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ များ၏ရှေ့တွင် မားမားမတ်မတ် ရပ်တည်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် တပ်မတော် ၏ ကောင်းမြတ်သော  သမိုင်းကြောင်း အစဉ်အလာ များကို သိရှိနားလည်ပြီး လက်ဆင့်ကမ်း ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားကြရန်       မှာကြားလိုကြောင်း။ 


နိုင်ငံတစ်နိုင်ငံ၏ တိကျစွာပိုင်းခြား သတ်မှတ် ထားသည့် ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာ ကို ကာကွယ်ရန်အတွက် တပ်မတော်တစ်ရပ် မရှိ မဖြစ်လိုအပ်ပြီး တပ်မတော်သားတိုင်းသည်လည်း  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေရန် လိုအပ် ကြောင်း၊     မျိုးချစ်စိတ်ဓာတ်နှင့်      ပတ်သက်၍ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၃) သင်တန်းဆင်းပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး   မဟာသရေစည်သူ မင်းအောင်လှိုင် က “အမျိုးသားရေးလက္ခဏာနှင့် အမျိုးသားယဉ်ကျေးမှုများ      လျော့နည်းလာမယ်  ဆိုရင်     မျိုးချစ်စိတ်ဓာတ်ဟာလည်း    တိမ်ကော ပျောက်ကွယ်သွားမှာဖြစ်တယ်။ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကြီး မားဆုံးသော အန္တရာယ်ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံ အတွက် နိုင်ငံသားတို့ရဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေးဟာ အထူးအရေးကြီးတယ်။ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်    စောင့်ထိန်းရေးဟာ    ဒို့တပ်မတော်အတွက် သာမက တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့  အလွန်အရေးကြီးကြောင်း၊ မျိုးချစ်စိတ်ဓာတ်ဆိုတာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို   ချစ်မြတ်နိုးတဲ့စိတ်၊    တိုင်းပြည်နဲ့ လူမျိုးကိုထိရင်     မချိအောင်    နာတတ်တဲ့စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား  မယ်ဆိုတဲ့  စိတ်ဓာတ်ပဲဖြစ်တယ်။  ဒို့တပ်မတော် အနေနဲ့လည်း   စတင်သန္ဓေတည်   ပေါက်ဖွားလာ ကတည်းက မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်ပြီး စည်းကမ်းနဲ့ အမိန့်နာခံမှုကောင်းတဲ့  တပ်မတော် ဖြစ်လို့ နိုင်ငံတော်အတွက် အခိုင်မာဆုံး Institution ဖြစ်တယ်” ဟု မှာကြားခဲ့ကြောင်း။    


ကျေပွန်အောင် ထမ်းဆောင်


ထို့ကြောင့် ရဲဘော်တို့အနေဖြင့် မိမိတို့ တာဝန် ကျရာ တပ်ရင်း/တပ်ဖွဲ့များတွင် စည်းကမ်းနှင့် အမိန့် နာခံမှု ကောင်းသည်ထက်ကောင်းအောင်၊ ခိုင်မာ သည်ထက် ပိုမိုခိုင်မာအောင်  ဆက်လက်ကြိုးပမ်း တည်ဆောက်သွားကြရန် လိုအပ်ကြောင်း၊ ပစ္စုပ္ပန် ကာလတွင်လည်း တပ်မတော်အနေဖြင့် ပြည်သူတို့၏  ဆန္ဒဖြစ်သော    ပါတီစုံ     ဒီမိုကရေစီလမ်းကြောင်း တည်တံ့ခိုင်မြဲစေရေးနှင့် နိုင်ငံ၏ အဓိကလိုအပ်ချက် ဖြစ်သော     တည်ငြိမ်အေးချမ်းရေးနှင့်       ထာဝရ ငြိမ်းချမ်းရေးတို့အတွက် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ပြီး နိုင်ငံတော်နှင့်    နိုင်ငံသားတို့၏    အကျိုးစီးပွားကို ရှေးရှုကာ    နိုင်ငံတော်     ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန်  ကျေပွန်အောင် ထမ်းဆောင်လျက်ရှိ ကြောင်း၊   ထိုသို့   ထမ်းဆောင်ရာတွင်   နိုင်ငံတော် အတွက် မရှိမဖြစ်လိုအပ်သော “ပြည်ထောင်စု မပြိုကွဲ  ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဆိုသည့် ဒို့တာဝန်   အရေးသုံးပါးကို   အမျိုးသားရေးတာဝန် အဖြစ် အစဉ်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွား ကြရန် အလေးအနက်မှာကြားလိုကြောင်း။


တပ်မတော်ကို       ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရာတွင် တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲ စွမ်းအားများ ပြည့်စုံနေရန်လိုအပ်ပြီး တိုက်ပွဲစွမ်းရည်  ပြည့်ဝစေရန် စွမ်းရည်ထက်မြက်ပြီး အရည်အချင်း ပြည့်ဝသော  စစ်သည်များ    လိုအပ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ်      ဖွံ့ဖြိုးတိုးတက်ရေးကို  အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  တစ်ဦးချင်းစွမ်းရည် တိုးတက်ကောင်းမွန်လာစေရန် အတွက်   တပ်မတော်သားတိုင်း   အဆင့်နဲ့လျော်ညီ သည့်      စစ်ပညာ၊   စစ်မှုနည်းပညာရပ်များအပြင် သက်ဆိုင်ရာနယ်ပယ်အလိုက် စာပေပညာရပ်များ ကိုလည်း ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများ တွင်ပါ ပညာတော်သင်များ စေလွှတ်သင်ကြားပေး လျက်ရှိကြောင်း။


တိုက်ပွဲစွမ်းအားပြည့်ဝစေရေး


တိုက်ပွဲစွမ်းအားများ ပြည့်ဝစေရေးအတွက်လည်း  တပ်မတော်အနေဖြင့်     ခေတ်နှင့်    လျော်ညီသည့် စစ်လက်နက်ပစ္စည်းများကို တပ်ဆင်အသုံးပြုနိုင်ရေး  အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသ တွင်းနှင့်    နိုင်ငံတကာ    တပ်မတော်များနည်းတူ ရင်ပေါင်တန်းနိုင်သည့် ခေတ်မီတပ်မတော် (Stan-dard Army) ဖြစ်အောင် အရှိန်အဟုန်ဖြင့် အပိုင်း လိုက်၊ အကန့်အလိုက် အစီအမံများအတိုင်း ဆောင် ရွက်လျက်ရှိကြောင်း၊    တပ်မတော်      အင်အားရှိမှ တိုင်းပြည်    အင်အားရှိမည်       ဖြစ်သောကြောင့် တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်  ထက်မြက်သည့်  ခေတ်မီ  မျိုးချစ်တပ်မတော်ဖြစ် အောင် တည်ဆောက်နေသည့်ကာလတွင် ရဲဘော် တို့အနေဖြင့် ကျရာကဏ္ဍမှ သစ္စာရှိရှိ တာဝန်ကျေပွန် စွာ    ထမ်းဆောင်သွားကြရန်    တိုက်တွန်းမှာကြား လိုကြောင်း။


တပ်မတော်သည် ပြည်သူများ လိုလားတောင့်တ သည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်၌ လွတ်လပ်ပြီး တရားမျှတသည့် ပြည်သူက ရွေးချယ် ပေးလိုက်သော ကောင်းမွန်သည့်  အစိုးရ၊ သန့်ရှင်း သည့်အစိုးရတစ်ရပ်    ဖြစ်ပေါ်လာစေရန်အတွက်  ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် အထွေထွေ ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ သော်လည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင်  ပြုလုပ်ခဲ့သည့်    ပါတီစုံဒီမိုကရေစီ     အထွေထွေ ရွေးကောက်ပွဲတွင် ရဲဘော်တို့သိရှိပြီးသည့်အတိုင်း မဲမသမာမှုနှင့် တရားမဲ့ အနိုင်ရလိုမှုအပေါ် တရားဝင် တုံ့ပြန်ဖြေရှင်းမှု   မရှိသည့်အပြင်    နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို မတရားရယူလိုမှုများကြောင့် စည်းကမ်းစနစ်တကျရှိသည့်     ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖည်မသွားစေရေး ဖြေရှင်း နိုင်ရန်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏  အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ခုနှစ် အရေးပေါ်ကာလပြဋ္ဌာန်းချက်ပါ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်ဖြစ်ကြောင်း။


နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက်ပိုင်း  နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီကို   စစ်ဘက်၊ အရပ်ဘက်   ပေါင်းစပ်ဖွဲ့စည်းပြီး   ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့်အညီ ဖြေရှင်း ရမည့်       လုပ်ငန်းတာဝန်များ     ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ    ကျင်းပပေးကာ နိုင်ငံ့တာဝန်များကို သန့်သန့်ရှင်းရှင်းဖြင့် အနိုင်ရရှိပြီး ပြည်သူလူထုက လွတ်လပ်၍ တရားမျှတစွာ ရွေးချယ် ပေးလိုက်သည့်    ဒီမိုကရေစီအစိုးရထံ     ပြန်လည် လွှဲပြောင်းပေးရန်    တပ်မတော်က    အတိအလင်း ကြေညာထားပြီးလည်း ဖြစ်ကြောင်း။


ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့


တပ်မတော်က နိုင်ငံတော်တာဝန်များကို ၂၀၂၁  ခုနှစ်၊ ဖေဖော်ဝါရီလ  ၁ ရက်တွင် စတင်ထိန်းသိမ်း ပြီးနောက် ဖေဖော်ဝါရီလ ၃ ရက် နောက်ပိုင်းကာလ များတွင်     ငြိမ်းချမ်းစွာ    ဆန္ဒဖော်ထုတ်မှုများမှ တစ်ဆင့် ပြည်တွင်း၊ ပြည်ပ အမျိုးမျိုးသော သွေးထိုး လှုံ့ဆော်မှုများကြောင့် အစုအဖွဲ့များအလိုက် ဆူပူ မှုများ၊    အကြမ်းဖက်မှု၊    ဖောက်ခွဲဖျက်ဆီးမှုနှင့် ရက်ရက်စက်စက်   တရားမဲ့သတ်ဖြတ်မှုများအထိ ဖြစ်ပွားလာခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်    “နိုင်ငံတော်၏      ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီသာလျှင် အနည်းဆုံးအင်အားနှင့်  အနိမ့်ဆုံးအဆင့်  တုံ့ပြန် အရေးယူမှုတို့ဖြင့်သာ ထိန်းထိန်းသိမ်းသိမ်း ဆောင်  ရွက်ခဲ့ပြီး   တစ်နိုင်ငံလုံး    အတိုင်းအတာအတွင်း စစ်အုပ်ချုပ်ရေးကို ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ် အတွင်းရှိ မြို့နယ် ၆ မြို့နယ်သာ မဖြစ်မနေထုတ်ပြန် ဆောင်ရွက်ခဲ့သည်” ကို နားလည်သဘောပေါက် ကြရန် အလေးအနက်ထား ပြောကြားလိုကြောင်း။


အမြဲလေ့ကျင့်ဆောင်ရွက်


သင်တန်းကာလအတွင်းတွင်      တပ်မတော် ခေါင်းဆောင်ငယ်များ၏  အဆင့်နှင့်လျော်ညီသည့်  စစ်ပညာ၊ ခေါင်းဆောင်မှုပညာနှင့် အုပ်ချုပ်မှုပညာရပ် များကို     သင်ကြား     လေ့ကျင့်ပေးလိုက်ပြီးဖြစ် ကြောင်း၊ ရဲဘော်တို့အနေဖြင့် သင်ကြားလေ့ကျင့် ခဲ့ကြသည့် အတတ်ပညာများကို လက်တွေ့နယ်ပယ် တွင်  အမှန်တကယ် လိုက်နာကျင့်သုံးသွားကြရန် လိုအပ်သကဲ့သို့ အမြဲစွဲမြဲနေစေရန်အတွက် စဉ်ဆက် မပြတ်    လေ့ကျင့်နေရန်လည်း    လိုအပ်ကြောင်း၊ ကြုံတွေ့ရသည့် စစ်မြေပြင်အခြေအနေနှင့် အခက် အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ရန်အတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည် လေ့ကျင့်ခြင်း သာဖြစ်ကြောင်း၊ လေ့ကျင့်ခြင်းသည် ကျွမ်းကျင်မှု၊  ယုံကြည်မှု၊   ကျန်းမာကြံ့ခိုင်မှုနဲ့   ရဲစွမ်းသတ္တိများကို ရရှိစေမည်ဖြစ်သည့်အတွက်    ရဲဘော်တို့အနေဖြင့် တစ်ဦးချင်း  လေ့ကျင့်မှုများအပြင်  အစုအဖွဲ့လိုက်  လေ့ကျင့်မှုများကိုပါ မီးနာမှသံကောင်းမည်ဆိုသည့်  လေ့ကျင့်ရေး ဆောင်ပုဒ်နှင့်အညီ မှန်မှန်ကန်ကန် နည်းစနစ်တကျ    ပြင်းပြင်းထန်ထန်   မခိုမကပ်ဘဲ ရသည့်  အချိန်တိုင်းတွင် အမြဲလေ့ကျင့်ဆောင်ရွက် နေကြရန် မှာကြားလိုကြောင်း။


သင်တန်းကျောင်းက   သင်ကြားလေ့ကျင့်ပေး လိုက်သည့် ပညာရပ်များသည် အခြေခံသဘောမျှသာ  သင်ကြားပေးလိုက်ခြင်းဖြစ်သည့်အတွက် လက်တွေ့ အသုံးချသည့်အခါ     ခေါင်းဆောင်ငယ်များပီပီ “ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှု၊ တီထွင်လုပ်ကိုင် ဆောင်ရွက်တတ်မှုနှင့် သင်ကြားလေ့ကျင့်ခဲ့ရသည့်  ပညာရပ်များကို ပေါင်းစပ်ပြီး အသုံးချဆောင်ရွက် သွားကြရန်” လိုအပ်ကြောင်း၊  လေ့ကျင့်စဉ်အခြေအနေ  များဖြင့် စစ်မြေပြင်တွင် ကြုံတွေ့နိုင်သည့် အခြေ အနေများသည်  အနည်းနှင့်အများ  ကွဲလွဲနိုင်ခြင်း ကြောင့် ရင်ဆိုင်ရသော အခက်အခဲများကို ကျော်လွှား နိုင်ရန်အတွက် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေ သည့် စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကို  လေ့လာ၊    ကျန်းမာကြံ့ခိုင်ကျွမ်းကျင်မှု   ရှိနေရန် လေ့ကျင့်၊   စစ်အခြေခံသဘောတရား၊   စစ်မြေပြင် စည်းကမ်းများ   လိုက်နာဆိုသည့်     လုပ်ငန်းစဉ် (၃)   ရပ်ကို   စဉ်ဆက်မပြတ်   ကိုယ်တိုင်ရော   မိမိ တပ်ဖွဲ့ဝင်   စစ်သည်များကိုပါ    တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန်  တိုက်တွန်းစေလိုကြောင်း။


စာကောင်းပေမွန်များ ဖတ်ရှုလေ့လာ


စာဖတ်ခြင်းသည် ဗဟုသုတနှင့် အသိပညာကို  တိုးပွားစေပြီး အတွေးအခေါ်အယူအဆများ မြင့်မား စေနိုင်ခြင်းကြောင့်          စာကောင်းပေမွန်များကို အချိန်ပေး     ဖတ်ရှုလေ့လာကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား    တစ်ယောက်ဖြစ်သည်နှင့်အညီ ပေးအပ်လာသည့်တာဝန်များကို အချိန်မရွေး၊ နေရာ မရွေး    ထမ်းဆောင်နိုင်ရမည်   ဖြစ်သောကြောင့် ကျန်းမာကြံ့ခိုင်မှုရှိအောင်၊ ကိုယ်ခံစွမ်းအားပြည့်ဝ အောင် နေထိုင်ကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ဘဝကို  ထိခိုက်စေနိုင်သည့်   အရက်၊    ကွမ်းယာ၊ ဆေးလိပ်များကို         ရှောင်ကြဉ်ကြရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတအောင်လည်း နေထိုင် စားသောက်ကြရန် လိုအပ်ကြောင်း။


စိတ်ပိုင်းဆိုင်ရာနှင့်   ရုပ်ပိုင်းဆိုင်ရာ   ကျန်းမာ ကြံ့ခိုင်ရေးအတွက် လေ့ကျင့်ရေးကသာ တည်ဆောက် ပေးနိုင်သည်ဖြစ်သောကြောင့်    ကိုယ်တိုင်လည်း လေ့ကျင့်နေရန်လိုအပ်သကဲ့သို့ မိမိလက်အောက်ကို လည်း စဉ်ဆက်မပြတ် လေ့ကျင့်ပေးနေရန် လိုအပ် ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် ကျန်းမာ ကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည် ဆိုသည့်   တပ်မတော်၏     လေ့ကျင့်ရေးဆိုင်ရာ ရည်မှန်းချက်များနှင့်အညီ       နေထိုင်ကျင့်ကြံပြီး တပ်မတော်ကို    တိုက်စွမ်းရည်၊    တိုက်စွမ်းအား ကောင်းမွန်မြင့်မားအောင် ကြိုးစားအားထုတ်သွား ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
သင်တန်းကာလအတွင်း ခေါင်းဆောင်မှု ပညာ ရပ်နှင့်ပတ်သက်သည့် အခြေခံသဘောတရားများနှင့်  ကျင့်စဉ်များကို   သင်ကြားလေ့ကျင့်   ပေးလိုက်ပြီး  ဖြစ်ကြောင်း။


စံနမူနာပြဖြစ်ရမည်


“ခေါင်းဆောင်မှုဆိုသည်မှာ အထက်ကပေးအပ် သည့်   ရည်မှန်းချက်တာဝန်များကို    ပြီးမြောက် အောင်မြင်အောင် လက်အောက်ငယ်သားများနှင့် အတူတကွ    ဆောင်ရွက်ခြင်း”    ပင်ဖြစ်ကြောင်း၊  မှန်ကန်သည့်    ခေါင်းဆောင်မှုပေးနိုင်ရန်အတွက် ခေါင်းဆောင်ကိုယ်တိုင်က   စံနမူနာပြ  ဖြစ်ရမည်ဖြစ် သကဲ့သို့ လက်အောက်ငယ်သားများအပေါ် “တပ်မှူး ကောင်းစိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ်” ထားရှိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။


ခေါင်းဆောင်များဖြစ်ရန် ကြိုးစား


လက်အောက်ကို    ဦးဆောင်ရာတွင်လည်း မှန်ကန်သည့်ခေါင်းဆောင်မှု၊ ဥပဒေနှင့် ညီညွတ်သည့်  အမိန့်၊ မျှတသည့်ဆုံးဖြတ်ချက်များနှင့် လုပ်ကိုင် ဆောင်ရွက်ပြီး မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်များဖြစ်ရန် ကြိုးစားဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊   လက်အောက်က   ယုံကြည် အားကိုးပြီး တစ်စိတ်တစ်ဝမ်းတည်း လိုက်ပါဆောင် ရွက်သည့်    ခေါင်းဆောင်မှုကိုရရှိမှသာ      စည်းလုံး ညီညွတ်မှုအင်အားဖြင့် မိမိအဖွဲ့အစည်း၏ ရည်မှန်း ချက်တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊   ထို့ကြောင့်    ရဲဘော်တို့အနေဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် အောင်မြင် မှုရရှိရန်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ရပ် နှင့်အညီ ကျင့်ကြံကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ခေါင်းဆောင်ဆိုသည်မှာ   မိမိဦးဆောင်သည့် အဖွဲ့အစည်းကို     ပေးအပ်လာသော     တာဝန်များ၊ ဖြစ်ပေါ်လာသည့် အခက်အခဲများနှင့် လိုအပ်ချက် များကို    ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး    ဦးဆောင်ဖြေရှင်းရသူ ဖြစ်သကဲ့သို့ ရရှိလာသည့် အကျိုး၊ အပြစ်များကိုလည်း  တာဝန်ခံရသည့်သူသာ ဖြစ်ကြောင်း၊ တာဝန်ကိုသိပြီး  တာဝန်ကျေပွန်သည့် ခေါင်းဆောင်၊ အခက်အခဲနှင့်  ပြဿနာများအပေါ် စွန့်လွှတ်စွန့်စားသည့်စိတ်ဖြင့် တာဝန်ယူဖြေရှင်းနိုင်သည့် ခေါင်းဆောင်များဖြစ်ရန် လိုအပ်ကြောင်း။
မည်သည့်အဖွဲ့အစည်းမဆို ခေါင်းဆောင်သည်  အရေးကြီးသည့်အတွက် ခေါင်းဆောင်တစ်ယောက် အနေဖြင့်    ရှိသင့်ရှိထိုက်သည့်   အရည်အသွေးကို ကောင်းမွန်တိုးတက်အောင် တည်ဆောက်သွားရမည် ဖြစ်သကဲ့သို့ ဆင်ခြင်တုံတရား၊ အသိတရား၊ သတိ တရား   အမြဲထားပြီး   ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လက်အောက်ကို ကွပ်ကဲခေါင်းဆောင်ရာ တွင်လည်း ဖြစ်သင့်တာဖြစ်အောင်၊ မဖြစ်သင့်တာ  မဖြစ်ရအောင် စေတနာထားပြီး ထိန်းကျောင်းဆောင် ရွက်သွားကြရန် လိုအပ်ကြောင်း။ 


မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်


လက်အောက်ငယ်သားများ၏ သက်သာချောင်ချိ ရေးအတွက် လူမှုရေးအခက်အခဲများကို သတ်မှတ် ထားသည့်   အမိန့်/ညွှန်ကြားချက်နှင့်      ပြဋ္ဌာန်း ထားသည့် ဥပဒေမူဘောင်အတွင်းမှ မှန်မှန်ကန်ကန် ဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ သို့မှသာ    လက်အောက်ငယ်သားများ၏   ယုံကြည် အားကိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရရှိလာ မည်ဖြစ်ပြီး မိမိအဖွဲ့အစည်းအပေါ် ပေးအပ်လာသော တာဝန်များကို အခက်အခဲမရှိဘဲ အောင်မြင်အောင်  အထက်အောက်    ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် မိမိအဖွဲ့ အစည်းက ယုံကြည်အားကိုးရသည့် ခေါင်းဆောင် ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြ ရန် အလေးအနက်ထား မှာကြားလိုကြောင်း။


သွေးထိုးမြှောက်ပင့် သွေးခွဲလျက်ရှိ


နိုင်ငံတော်ကာကွယ်ရေးအတွက် တန်ဖိုးရှိသော  အခြေခံစိတ်ဓာတ်နှင့်   တပ်မတော်ကို    ဝင်ရောက် လာခဲ့ကြသည့် ရဲဘော်တို့သည် ရှိပြီးသားစိတ်ဓာတ်ကို  ပိုမိုခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်မကောင်းပါက တိုက်စွမ်းအားလျော့နည်း နိုင်သည်ဖြစ်သောကြောင့် စိတ်ဓာတ်ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ လက်ရှိကာလ တွင် ပြည်ပနိုင်ငံအချို့နှင့် ပြည်တွင်းအကြမ်းဖက် အဖွဲ့အစည်းများက နိုင်ငံတော်နှင့် တပ်မတော်ပြိုကွဲ အောင် နည်းလမ်းအမျိုးမျိုးဖြင့် သွေးထိုးမြှောက်ပင့်  သွေးခွဲလျက်ရှိသည်ကို    တွေ့မြင်နေကြရမည်ဖြစ် ကြောင်း၊ တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်လိုသည့် မွန်မြတ် သည့် စိတ်ဓာတ်နှင့် မိမိတို့ သဘောဆန္ဒအလျောက် ဝင်ရောက်     အမှုထမ်းကြသူများဖြစ်သည့်အတွက်  မိမိထမ်းဆောင်ရသည့် တာဝန်များကို ယုံကြည်ချက်၊ ခံယူချက်   မြင့်မြင့်မားမားထားပြီး  ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။


ဂုဏ်ယူစွာထမ်းဆောင်


ဆန့်ကျင်ဘက်အဖွဲ့အစည်းများက မည်သို့ပင် ပုံစံအမျိုးမျိုးဖြင့်   ထိုးနှက်တိုက်ခိုက်လာစေကာမူ ရဲဘော်တို့အနေဖြင့်   နိုင်ငံချစ်စိတ်၊   မျိုးချစ်စိတ်၊ ရဲဘော်စိတ်၊      တပ်မတော်၏    အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ်များဖြင့် သစ္စာရှိရှိ    ရဲရဲဝံ့ဝံ့   ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့အနေဖြင့် တပ်မတော်သား ကောင်းတစ်ယောက်၏ ယုံကြည်ချက်၊ ခံယူချက် များကို နားလည်သဘောပေါက်ပြီး ရပ်တည်ချက် ခိုင်မာစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်က    ပေးအပ် သည့်   တာဝန်များကို   ဂုဏ်ယူစွာ ထမ်းဆောင်ပြီး ကျေးဇူးသစ္စာကို စောင့်သိရိုသေကြရန် အလေးအနက် ထား မှာကြားလိုကြောင်း။

 


တပ်မတော်သည် နိုင်ငံတော်၏ အဓိကအကျဆုံး သော လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့်အတွက်  တပ်မတော်သားတိုင်းသည်   စစ်ဘက်စည်းကမ်း၊ စစ်ဘက်ဥပဒေနှင့် နယ်ဘက်ဥပဒေများအပြင် ဂျီနီဗာ ကွန်ဗန်းရှင်းနှင့်      ထိတွေ့      တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) ကဲ့သို့သော နိုင်ငံ တကာက လိုက်နာကြသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကိုလည်း တန်ဖိုးထား လေးစားလိုက်နာ ကြရကြောင်း၊   စည်းကမ်းကောင်းမွန်သည့်   အဖွဲ့ အစည်းသည် ကြာရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက် တာဝန်ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက် နိုင်သည်ဖြစ်သောကြောင့့် တပ်မတော်သည် နိုင်ငံ တော်၏ အခိုင်အမာဆုံးသော  အဖွဲ့အစည်းအဖြစ် ရပ်တည်နေခြင်းဖြစ်ကြောင်း။


တပ်မတော်သားများအနေဖြင့်    စည်းကမ်း လိုက်နာမှု၊  အမိန့်နာခံတတ်မှုတို့နှင့်   ပတ်သက်၍ (၇၇)  နှစ်မြောက် တပ်မတော်နေ့  စစ်ရေးပြအခမ်း  အနားတွင်   တပ်မတော်    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က “ဒို့တပ်မတော်သား တစ်ဦးချင်းကအစ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကာ စည်းကမ်းကောင်းတဲ့ တပ်မတော်၊ စည်းကမ်းရှိတဲ့အဖွဲ့အစည်း၊ စည်းကမ်း အရာမှာ    စံနမူနာပြဖြစ်တဲ့     အဖွဲ့အစည်းအဖြစ် တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်း သွားကြရမှာဖြစ်တယ်။ တပ်မတော်ကောင်း တစ်ရပ် ဖြစ်ဖို့အတွက် စစ်သားကောင်းများနဲ့ ခေါင်းဆောင် ကောင်းများကို   ပေါင်းစပ်ဖွဲ့စည်းထားဖို့    လိုအပ် တယ်။ စစ်သားကောင်းတစ်ယောက် ဖြစ်ဖို့အတွက် စစ်စည်းကမ်းကောင်းမွန်ဖို့ လိုအပ်ပြီး စစ်စည်းကမ်း ကောင်းမွန်မှသာ အမိန့်နာခံတတ်မှုလည်း ရှိလာမှာ ဖြစ်တယ်။


ဒါ့ပြင် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေဖို့ အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်ဝပြီး  အတွေ့အကြုံများကို အတွေးအခေါ်ကောင်းများနဲ့ ပေါင်းစပ်အသုံးချနိုင်ဖို့     ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)  ရပ်နဲ့  ချိန်ထိုးဆောင်ရွက်သွားဖို့   လိုတယ်။ စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှု နှစ်ခု ကို ပေါင်းစပ်ကျင့်သုံးလိုက်နာတဲ့ အခြေခံစစ်သား ကောင်းများနဲ့     အတွေးအခေါ်   ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါင်းစပ်တည်ဆောက် ထားတဲ့ တပ်မတော်ဟာလည်း စွမ်းရည်ထက်မြက်တဲ့  တပ်မတော်ကောင်းတစ်ရပ်၊ ခိုင်မာမှုရှိတဲ့ အင်အားစု တစ်ခုအဖြစ်   နိုင်ငံတော်ကာကွယ်ရေး    တာဝန် များကို စွမ်းအားပြည့် ထမ်းဆောင်နိုင်မှာဖြစ်တယ်” ဟု   ပြောကြားခဲ့ကြောင်း၊   ထို့ကြောင့်   ရဲဘော်တို့ အနေဖြင့် စည်းကမ်းကောင်းပြီး အမိန့်နာခံတတ်မှု ကောင်းသည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင်  ကြိုးစားပြီး      မိမိကွပ်ကဲရသည့်   တပ်ဖွဲ့ကိုလည်း တပ်ဖွဲ့ကောင်းတစ်ရပ်ဖြစ်အောင် တည်ဆောက်သွား ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။


စွမ်းရည် (၃) ရပ် ပြည့်စုံနေရန်လို


တပ်မတော်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်ဆိုသည့် စွမ်းရည် (၃) ရပ် ပြည့်စုံနေရန် လိုအပ်ကြောင်း၊ ထိုသို့ စွမ်းရည် (၃)   ရပ်   ပြည့်စုံရန်  တပ်တိုင်း၊   ရဲဘော်တိုင်းတွင် ရှိရမည့်   အခြေခံအရည်အချင်း  (၅)  ပါးဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုနှင့် စွမ်းရည် (၃) ရပ် ပြည့်စုံမှုရှိကြရန် လိုအပ်ကြောင်း၊ ထိုစွမ်းရည် (၃) ရပ်သည် အပြန်အလှန်ချိတ်ဆက်နေပြီး အထူး သဖြင့်   အုပ်ချုပ်ရေးစွမ်းရည်  ပြည့်စုံကောင်းမွန်မှု မှတစ်ဆင့် စစ်ရေးစွမ်းရည် တိုးတက်အောင်မြင်ခြင်း နှင့် စည်းရုံးရေး စွမ်းရည်သည်လည်း ပိုမိုကျစ်လျစ် ခိုင်မြဲလာမည်ဖြစ်ကြောင်း၊     ယနေ့အချိန်အခါတွင် ပြည်တွင်းပြည်ပလောက်ကောင်၊ သစ္စာဖောက်များ သည် နိုင်ငံအပေါ် ဆရာ့ဆရာကြီးများ၏ ကိုယ်ကျိုး စီးပွားအတွက်    အသွင်အမျိုးမျိုး၊      ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ချုပ်ကိုင်ခိုင်းစေမှုများအတိုင်း နယ်ပယ် ပေါင်းစုံ၌ တစ်သဝေမတိမ်းလိုက်နာ လှုပ်ရှားနေကြရ သည့် တစ်နည်းအားဖြင့် အခိုင်းအစေဘဝများဖြင့်  ဆောင်ရွက်ကြရာ အဓိကမှာ တပ်မတော်ပြိုကွဲရေးနှင့် နိုင်ငံတော်အလုံးစုံ  ပျက်သုဉ်းရေး၊ ရုပ်သေးအစိုးရ ဖြစ်စေရေး   စသည့်အကြံဆိုးများလည်း   ပါဝင်နေ ကြောင်းကို     သတိပြုကြရမည်    ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းရုံးရေးနှင့် အေးချမ်းစွာ  နေထိုင်လိုပြီး နိုင်ငံတော်၏ ကျေးဇူးများကို စောင့်သိ ရိုသေကြသည့်    ပြည်သူများအတွက်    တပ်ပြင် စည်းရုံးရေးသည်လည်း  မလုပ်မဖြစ်လုပ်ကြရမည့်၊ တပ်မတော်သားတိုင်း ဆောင်ရွက်ကြရမည့် လုပ်ငန်း တာဝန်တစ်ခုဖြစ်ကြောင်း။


ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်


ထို့ပြင် စည်းရုံးရေးစွမ်းရည်ဆိုသည်မှာ တပ်တွင်း မိသားစုများနှင့် ပြည်သူများကိုပါ တပ်မတော်နှင့် တစ်သားတည်းဖြစ်အောင် စည်းရုံးနိုင်သည့် စွမ်းရည် ဖြစ်ကြောင်း၊ တပ်တွင်းစည်းရုံးရေး ဖော်ဆောင်ရာ တွင်   တပ်တည်ဆောက်ရေး   လုပ်ငန်းကြီး  ၄  ရပ် ဖြစ်သည့်   လေ့ကျင့်ရေး၊  အုပ်ချုပ်ရေး၊   သက်သာ ချောင်ချိရေး၊     စိတ်ဓာတ်တို့ဖြင့် အဓိကထား ဆောင် ရွက်သွားရမည်ဖြစ်ပြီး     ဘယ်သူခွဲခွဲဒို့မကွဲ    အမြဲ စည်းလုံးမည် ဆိုသည့်အတိုင်း ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်ထားကြရန်လိုကြောင်း။        


မိမိကွပ်ကဲအုပ်ချုပ်ရသည့် စစ်သည်မိသားစုများ ၏  စားဝတ်နေရေး  ကိစ္စရပ်များတွင်လည်း အမှန် တကယ်    သက်သာချောင်ချိမှုရရှိအောင်     ရသင့် ရထိုက်၊ ခံစားခွင့်ခံစားထိုက်သည့် အခွင့်အရေးများ ရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းသည် လည်း     တပ်တွင်းစည်းရုံးရေး       ခိုင်မာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း။ 


ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်


တပ်ပြင်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် တပ်မတော်သားပီသစွာ နေထိုင်ပြုမူပြောဆို ခြင်းကစ၍ မိမိတို့ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများ   ဆောင်ရွက်ပေးခြင်း၊   သဘာဝဘေး အန္တရာယ်များ ကျရောက်ပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြည်သူလူထုအား  ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ပေး ခြင်းနှင့် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်း  စသည်များကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြည်သူ အပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များနှင့်အညီ နေထိုင် ကျင့်ကြံ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


စည်းရုံးရေးစွမ်းရည် ကောင်းမွန်ခြင်းသည်လည်း  အပြန်အလှန်အားဖြင့်     အုပ်ချုပ်ရေး   စွမ်းရည်နှင့် စစ်ရေးစွမ်းရည်ကိုပါ   တိုးတက်​ကောင်းမွန်စေပြီး ပေးအပ်လာသည့်     မည်သည့်တာဝန်များကိုမဆို အောင်မြင်အောင်   ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက်   ရဲဘော်တို့အနေဖြင့်   တပ်တွင်းတပ်ပြင် စည်းရုံးရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စဉ်ဆက် မပြတ်     ကြိုးစားဆောင်ရွက်သွားကြရန်    အလေး အနက်ထား မှာကြားလိုကြောင်း။


ထာဝရငြိမ်းချမ်းရေးရရှိရေး


နိုင်ငံတော်အနေဖြင့်      ပါတီစုံ    ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင် ရန်အတွက်   နိုင်ငံတော်တည်ငြိမ်အေးချမ်းနေရန်  နှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးသည် အဓိကလိုအပ် ချက်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့     ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement- NCA) ပါ    သဘောတူညီချက်များအတိုင်း     အလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။


ငြိမ်းချမ်းရေးခြေလှမ်းအသစ်


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက် ကျင်းပနိုင်ရေး အစဉ်တစိုက်ဆောင်ရွက် လျက်ရှိရာ ငြိမ်းချမ်းရေး ခြေလှမ်းအသစ်အနေဖြင့်  အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့များကလွဲ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအားလုံးကို   ထာဝရငြိမ်းချမ်းရေးအတွက် မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမပါဘဲ ဆွေးနွေး နိုင်ရန်နှင့် ကျင်းပပြီးဖြစ်သော စိန်ရတုပြည်ထောင်စု နေ့အခမ်းအနားကို တက်ရောက်ကြရန် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ကြေညာချက် အမှတ်၊ ၁/၂၀၂၂ ဖြင့် ဖိတ်ခေါ်ခဲ့ခြင်းသည် တပ်မတော်အနေဖြင့် အမှန် တကယ်     ငြိမ်းချမ်းရေးကို   ရရှိစေလိုသည့်စိတ်၊ တိုင်းရင်းသားညီနောင်များကို ညီရင်းအစ်ကိုသဖွယ် ထားရှိသည့်စိတ်ကို ရှေးရှုပြီး ဆောင်ရွက်ခဲ့သည်ကို သိရှိထားကြရန် လိုအပ်ကြောင်း။


ထို့ပြင်    နိုင်ငံတော်အစိုးရ၏    လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား   နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားရှိပြီးလည်းဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၂ ခုနှစ်ကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ငြိမ်းချမ်း ရေးနှစ်အဖြစ်   သတ်မှတ်ကာ   NCA   လက်မှတ် ရေးထိုးပြီး   လက်နက်ကိုင်   အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ ကိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု   ညှိနှိုင်းရေးကော်မတီမှ  ထာဝရ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်  လျက်ရှိကြောင်း၊ ရဲဘော်တို့အနေဖြင့် ထာဝရငြိမ်းချမ်း ရေးရရှိရေးအတွက်   အထောက်အကူပြုစေမည့် တာဝန်ပေးအပ်မှု    မှန်သမျှကိုလည်း     ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း။


ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်


တပ်မတော်၏  မွန်မြတ်သည့် အတိတ်သမိုင်း ကြောင်း အစဉ်အလာနှင့်အညီ ပစ္စုပ္ပန်ရပ်တည်ချက်  အမှန်တရားကို သိရှိနားလည်ပြီး ပေးအပ်လာသော တာဝန်များကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက်  ကျေပွန်အောင် ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်သွားရန်၊  တပ်မတော်ကို  အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့်   ခေတ်မီ   မျိုးချစ်တပ်မတော်ဖြစ် အောင် အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားရန်၊ လေ့ကျင့်ခြင်းသည် ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုနှင့်      ရဲစွမ်းသတ္တိများကို    ရရှိစေ မည်ဖြစ် သောကြောင့် တစ်ဦးချင်းလေ့ကျင့်မှုများ အပြင် အစုအဖွဲ့လိုက်လေ့ကျင့်မှုများကိုပါ မှန်မှန် ကန်ကန်   နည်းစနစ်တကျ   လေ့ကျင့်ဆောင်ရွက် သွားရန်၊ ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှု၊ တီထွင်  လုပ်ကိုင်ဆောင်ရွက်တတ်မှုတို့နှင့်      ပေါင်းစပ်ပြီး သင်ကြားခဲ့ရသည့် သင်ခန်းစာများကို   စစ်မြေပြင်တွင် နည်းလမ်းတကျ      ကျင့်သုံးဆောင်ရွက်သွားရန်၊ လက်အောက်ငယ်သားများက   တပ်မှူးကောင်း သဖွယ်၊ မိဘသဖွယ် အားကိုးရသည့် ခေါင်းဆောင် ကောင်းများဖြစ်အောင်   ခေါင်းဆောင်မှု   အင်္ဂါရပ် (၁၆)  ရပ်နှင့်အညီ    လိုက်နာဆောင်ရွက်သွားရန်၊ ခေါင်းဆောင်မှုအရည်အသွေးကို    စဉ်ဆက်မပြတ်  တိုးတက်အောင် တည်ဆောက်ကာ တာဝန်ကိုသိပြီး  တာဝန်ကျေပွန်သည့်   ခေါင်းဆောင်၊  အခက်အခဲ နှင့်  ပြဿနာများအပေါ်  စွန့်လွှတ်စွန့်စားစိတ်ဖြင့် တာဝန်ယူဖြေရှင်းနိုင်သည့်        ခေါင်းဆောင်များ ဖြစ်အောင်    ကြိုးစားဆောင်ရွက်သွားရန်၊     နိုင်ငံ တော်နှင့် တပ်မတော်က ချမှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်း    ဥပဒေများကို      လေးစားလိုက်နာပြီး “စည်းကမ်းကောင်းသော    တပ်မတော်ဖြစ်သည်”  ဆိုသည့် တပ်မတော်၏ အစဉ်အလာကို ဆက်လက် ထိန်းသိမ်း   ဆောင်ရွက်သွားရန်၊   တပ်မတော်၏ စွမ်းရည်သုံးရပ် တိုးတက်မြင့်မားစေရန် တပ်တွင်း/ တပ်ပြင် စည်းရုံးရေးကို  ခိုင်မာသည်ထက်   ခိုင်မာ အောင်     ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ    ကြိုးစား တည်ဆောက်သွားကြရန်  မှာကြားသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ်   ကာကွယ်ရေးဦးစီးချုပ်   (ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး    သရေစည်သူ   စိုးဝင်း   သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူ ပြီးနောက်   စစ်ရေးပြအခမ်းအနားမှ   ပြန်လည် ထွက်ခွာသွားသည်။


ဂုဏ်ပြုအမှာစကားပြောကြား


စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်    ဒုတိယ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်  (ကြည်း)  ဒုတိယဗိုလ်ချုပ် မှူးကြီး သရေစည်သူ စိုးဝင်း သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ရိပ်သာခန်းမ၌  ထူးချွန်ဆုရ ဗိုလ်လောင်းများအား တွေ့ဆုံ၍ ဂုဏ်ပြု  အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်