
မြန်လင်းမောင်
ဒီရေတောများသည် ဇီဝမျိုးစုံမျိုးကွဲ များနှင့် လူသားများအတွက် အရေး ကြီးသော ဂေဟစနစ်များဖြစ်သည်။ ၎င်းတို့သည် ကာဗွန်သိုလှောင်သူများ၊ ငါးမျိုးစိတ်များ၏ ပေါက်ပွားရာနေရာများ၊ ကမ်းရိုးတန်း အကာအကွယ်ပေးသူ များအဖြစ် ၎င်းတို့၏ တန်ဖိုးကို ကျွန်ုပ်တို့ လူသားများက အသိအမှတ်ပြုလာကြရပြီး ကျန်ရှိနေသည့် ဒီရေတောများကို ထိန်းသိမ်းကာကွယ်ရန်နှင့် ပြန်လည် ထူထောင်ရေး အစီအစဉ်များ ပိုမို အားကောင်းလာစေရန် တစ်ကမ္ဘာလုံး၌ လုပ်ဆောင်နေကြရပြီဖြစ်သည်။
ယခုအခါ နောက်ပြန်ဆုတ်၍ မရနိုင် သော ရာသီဥတုပြောင်းလဲမှုနှင့် ပိုမို ကျယ်ပြန့်သော ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှု များဆိုင်ရာ အကျပ်အတည်း၏ သက်ရောက်မှုများကို လျှော့ချရန်အတွက် ဒီရေတောများကို ထိန်းသိမ်းထားရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ် နေပြီဖြစ်သည်။
ဒီရေတောများ၏ အံ့သြဖွယ် အကျိုးကျေးဇူးများ
ကမ္ဘာလုံးဆိုင်ရာ ဒီရေတောများ မဟာမိတ်အဖွဲ့ (Global Mangrove Alliance-GMA)၏ အဆိုအရ -
l ဒီရေတော ဆုံးရှုံးခြင်း၏ ၁ ရာခိုင်နှုန်းကို တားဆီးနိုင် ခြင်းအားဖြင့် ကာဗွန်တန်ချိန် သန်းနှစ်ရာကို ထိန်းသိမ်းထား နိုင်သည်။
l ၁၉၉၆ ခုနှစ်မှစတင်၍ ဒီရေတော ဆုံးရှုံးမှုများကို ပြန်လည် ထူထောင်ခြင်းအားဖြင့် ကာဗွန် ဓာတ်ငွေ့ ၁ ဒသမ ၂၇ ဂစ်ဂါတန် (မြေဆီလွှာနှင့် မြေပြင်ရှိ ဇီဝ လောင်စာဆီ စည်သန်းပေါင်း ၅၂၀ ကျော်သို့မဟုတ် အမေရိကန် နိုင်ငံ မော်တော်ယာဉ်ပေါင်း ၄၉ သန်းမှ ထုတ်လွှတ်သည့် ကာဗွန် ပမာဏ) နှင့်ညီမျှသော ကာဗွန် ထုတ်လုပ်မှုကို ကာကွယ်ပေးနိုင် ခဲ့သည်။
l GMA ရည်မှန်းချက်သည် ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည် ထူထောင်ရန် လိုအပ်နေသည့် ဒီရေတော ဧရိယာ ၈၁၈၂ စတု ရန်းကီလိုမီတာ၏ အနည်းဆုံး တစ်ဝက်ခန့်ကို ပြန်လည် ထူထောင်ရေး ရည်မှန်းထား သည်။ ဒီရေတောများသည် အထူးသဖြင့် အရှေ့တောင် အာရှဒေသရှိ ပင်လယ်ငါးမျိုး စိတ်များနှင့် အခွံမာငါး ၂၅ ဘီလီယံကို တိုးပွားလာစေပြီး ၎င်းတို့အပေါ် မှီခိုနေရသည့် မရေမတွက်နိုင်သော ငါးဖမ်း သမားများနှင့် အသေးစားရေ လုပ်သား ၄ ဒသမ ၁ သန်း ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို အထောက်အကူ ပေးလျက်ရှိသည်။
l ကျန်ရှိနေသည့် ဒီရေတော များသည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးသွားနိုင်သည့် တန်ဖိုး ဒေါ်လာ ၆၅ ဘီလီယံ ကျော်ကို တားဆီးကာကွယ် ထားသည့်အပြင် နှစ်စဉ် လူ ၁၅ သန်းခန့်အား ရေလွှမ်းမိုးမှု အန္တရာယ်ကို လျှော့ချပေးလျက် ရှိသည်။
l ဒီရေတောများသည် ကမ္ဘာပေါ် တွင် အထိရောက်ဆုံး ကာဗွန် စုပ်ယူမှုနှင့် သိုလှောင်မှုစနစ်များ ဖြစ်သည်။ ၎င်းတို့သည် လက်ရှိ တွင် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၂၁ ဘီလီယံကျော်နှင့် ညီမျှသော ကာဗွန်ကို သိုလှောင် ထားကြသည်။
l GMA၏ မကြာသေးမီက ထုတ် ပြန်သည့် အချက်အလက်များ အရ လက်ရှိကမ္ဘာတစ်ဝန်းတွင် ဒီရေတော စတုရန်းကီလိုမီတာ ၁၄၇၀၀၀ ကျန်ရှိနေကြောင်း သိရပြီး ယင်းအရွယ်အစားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကျယ် အဝန်းနှင့်ညီမျှသော ဧရိယာဖြစ် ကြောင်း သိရသည်။
l ရေတိုက်စားခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်းနှင့် လူတို့၏ ပယောဂများကြောင့် ၁၉၉၆ ခုနှစ်ကတည်းက ဒီရေတော ဧရိယာ ၅၂၄၅ စတုရန်း ကီလိုမီတာ အသားတင်ဆုံးရှုံးခဲ့ သည်။
l ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တစ်နှစ်လျှင် ပျမ်းမျှဆုံးရှုံးမှုသည် ၀ ဒသမ ၀၄ ရာခိုင်နှုန်း သို့ ကျဆင်းခဲ့သော်လည်း နောက်ထပ် ဆုံးရှုံးမှုများကို ရပ်တန့်ရန်၊ ကျန်ရှိနေသော ဒီရေတောများကို ကာကွယ် ရန်နှင့် ဆုံးရှုံးသွားသောအရာ များကို ပြန်လည်ဖြည့်ဆည်းရန် ဦးစားပေး လုပ်ဆောင်နေဆဲ ဖြစ်သည်။
ဒီရေတော ထိန်းသိမ်းရေး လှုပ်ရှားမှုများ
၂၀၂၂ ခုနှစ် ကမ္ဘာ့ဒီရေတောများ အခြေအနေဆိုင်ရာ ထုတ်ပြန်ချက်အရ ဒီရေတောဆုံးရှုံးမှု ရပ်တန့်ရေး၊ မကြာသေးမီက ဆုံးရှုံးခဲ့သော ဒီရေတော များ၏ ထက်ဝက်ကို ပြန်လည်ထူထောင် ရေး၊ ကမ္ဘာတစ်ဝန်းရှိ ဒီရေတောများ ကာကွယ်မှု နှစ်ဆတိုးရေးနှင့် ကမ္ဘာ တစ်ဝန်းရှိ လက်ရှိ ဒီရေတော ဟက်တာ ၁၅ သန်း၏ အနာဂတ်ကို လုံခြုံစေရေးတို့အတွက် ကမ္ဘာ့နိုင်ငံများက အမေရိကန်ဒေါ်လာ လေးဘီလီယံ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ ကမ်းရိုးတန်းဒေသများ တွင် နေထိုင်သူ သန်းပေါင်းများစွာတို့၏ ရာသီဥတုနှင့် လိုက်လျောညီထွေရှိမှုနှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှုများ မှာ ၎င်းတို့အပေါ်တွင် မူတည်လျက် ရှိသည်။ ။