
ပူတာအို ဇန်နဝါရီ ၆
မြန်မာနိုင်ငံ မြောက်ဘက်စွန်းဒေသ ပူတာအိုမြို့မှ မြောက်ဘက် နှင့် အနောက်ဘက် တောင်တန်းကြီးများတွင် ရေခဲတောင်များ ကို ဇန်နဝါရီ ၆ ရက်က ဖြူဖွေးလှပစွာ မြင်တွေ့နေရပြီ ဖြစ်သည်။
အဆိုပါ တောင်တန်းကြီးများတွင် ရေခဲများကို ဒီဇင်ဘာလမှ ဧပြီလအတွင်း အများဆုံးမြင်တွေ့ရခြင်းဖြစ်ပြီး ရေခဲများသည် မိုးတွင်းကာလများတွင် အရည်ပျော်လျက်ရှိရာ ဒေသခံပြည်သူများသည် မိုးတွင်းကာလများတွင် အဆိုပါ ရေခဲတောင်များ၌ သဘာဝဆေးမြစ်ဆေးဥများဖြစ်သည့် ရှီးပတီး၊ မချစ်ဥ၊ ခန်းတောက်မြစ်ကို သွားရောက် ရှာဖွေလျက်ရှိကြသည်။
ယင်းတောင်တန်းကြီးများသည် မိုးတွင်းကာလတွင် စိမ်းလန်းစိုပြည်လျက်ရှိပြီး ဆောင်းရာသီနှင့် နွေရာသီများတွင် ရေခဲများဖြင့်ဖြူဖွေးပြီး လှပသော တောင်တန်းကြီးများအဖြစ် ပြောင်းလဲလာခြင်းကြောင့် ပူတာအိုဒေသခရီးသွားလုပ်ငန်းကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)