ပူတာအိုလွင်ပြင်ပတ်လမ်း တည်ဆောက်ရေးလုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

 

ပူတာအို    နိုဝင်ဘာ   ၁၇
ကချင်ပြည်နယ်  ပူတာအိုခရိုင် အတွင်း    ဖွံ့ဖြိုးတိုးတက်ရေး အတွက်         ပူတာအိုမြို့နယ် ပူတာအိုလွင်ပြင်       ပတ်လမ်း အတွင်းမှ လမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေမှုကို  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်    ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်   ဝန်ကြီးချုပ်သည် ဆထီလာကျေးရွာ      ရှင်းလင်း ဆောင်၌       ပူတာအိုလွင်ပြင် ပတ်လမ်းဖြစ်ပြီး      ကျေးရွာအုပ်စု ၃ အုပ်စု   ကျေးရွာပေါင်း ၂၈ ရွာ၌ ဖြတ်သန်းဖောက်လုပ်ထားသည့် ပူတာအို- လယ်မယ်ဝါဂျီ- နမ်ရှယ် ကော့ - မန်စေခွန်- မန်စေလမ်း  ၂၅ မိုင်အတွင်း  ခရိုင်ကျေးလက် လမ်း     ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ      ဆောင်ရွက်လျက် ရှိသည့်     ရေနီတိုမှ      ဆထီလော် ကျေးရွာအထိ    အရှည်ခုနစ် မိုင်ကျော်       လမ်းပိုင်းအတွင်း တည်ဆောက်ရေး     လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဘဏ္ဍာ နှစ်အလိုက် အပိုင်းလိုက် ဆောင်ရွက် မည့်   လုပ်ငန်းအစီအစဉ်များကို ခရိုင်ဦးစီးမှူးနှင့်   လမ်းတည် ဆောက်ရေးကုမ္ပဏီတာဝန်ရှိသူ တို့၏      ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက်    ပြည်နယ်ဝန်ကြီး ချုပ်က  လွင်ပြင်ပတ်လမ်းသည် ပူတာအိုဒေသတွင်း စိုက်ပျိုးရေး ထုတ်ကုန်များအတွက်  အဓိက ကျသည့်    ကုန်ထုတ်လမ်းတစ်ခု ဖြစ်သည့်အတွက် ကျေးလက်နေ ပြည်သူများ၏   လူမှုစီးပွားဖွံ့ဖြိုး လာစေမည်     ဖြစ်သည့်အပြင်   ခရီးသွားလုပ်ငန်း       ဖွံ့ဖြိုးတိုးတက် ရေးအတွက်   များစွာအထောက် အကူပြုသော      လမ်းတစ်ခု ဖြစ်သဖြင့်      ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်း များ         အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရေးနှင့်    အဆိုပါ လမ်းနှင့်အတူ မချမ်းဘောမြို့နယ် ကောင်းမှုလုံ- မန်နို-  ပန်ဆပ်-ထုံတမ်း-ဆာထာ   ရေခဲတောင် သွားလမ်း ၂၁ မိုင်    ဖောက်လုပ် သွားနိုင်ရေအတွက်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်      ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး အဆိုပါလမ်းပိုင်း အတွင်း လမ်းသားတိုးချဲ့ခြင်းနှင့် အောက်ခံ    အမာခင်းကြိတ်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်သည် ဆလားဒီ(၃)ကျေးရွာ အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်း အတွက်     လွှစာမှုန့်လောင်စာ၊ ရေနွေးငွေ့စက်ဖြင့်   ဆောင်ရွက် လျက်ရှိသည့်    လမ်းခင်းကျောက် ရွေးစက်တည်ထောင်၍  ကျောက် အရွယ်အစားအလိုက်  စစ်ထုတ် ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည် များကို     ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 
ပြည်နယ်(ပြန်/ဆက်)