ပူတာအိုခရိုင်အတွင်းမှ ခရီးသွားများ လာရောက်လည်ပတ်နိုင်သည့် နတ်ကျွန်း

 

ပူတာအို   နိုဝင်ဘာ   ၁၈


ကချင်ပြည်နယ်     မချမ်းဘော့မြို့နယ် အင်လွယ်ယာန်ကျေးရွာအနီးရှိ နတ်ကျွန်းသည်   ပြည်တွင်းပြည်ပခရီးသွားများ   အချိန်တိုအတွင်း နေ့ချင်းပြန်  သွားရောက်လည်ပတ်နိုင်သော  အထင်ကရနေရာတစ်ခု ဖြစ်ကာ  ပွင့်လင်းရာသီအချိန်တွင်  ကုန်းလမ်းခရီးမော်တော်ဆိုင်ကယ် များဖြင့်     ပူတာအိုမြို့ - မချမ်းဘော့မြို့ - အင်လွယ်ယာန်ကျေးရွာ သို့    တစ်နာရီခန့်နှင့်    တစ်နာရီခွဲခန့်   မောင်းနှင်သွားရောက်နိုင်ပြီး ရေကြောင်းခရီးစက်လှေဖြင့်လည်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။

 


နတ်ကျွန်းတွင် သဘာဝစိမ်းလန်းနေသောရေအိုင် များနှင့် သဘာဝအလှရှုခင်းများစွာကို လေ့လာနိုင် ခြင်း၊ ကျွန်းပေါ်တွင် တည်ထားကိုးကွယ်သောစေတီပုထိုးများကိုလည်း    ဖူးမြော်နိုင်ခြင်း၊  ပူတာအိုခရိုင် အတွင်း  ခရီးသွားလုပ်ငန်းကို  အထောက်အကူပြု သော အထင်ကရနေရာတစ်ခု အပါအဝင်ဖြစ်ခြင်း ကြောင့်   ပွင့်လင်းရာသီတွင်    ပြည်တွင်းပြည်ပခရီးသွား ပြည်သူများနှင့်   ဒေသခံပြည်သူများ    မိသားစုအလိုက် သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် သော်လည်းကောင်း   အဆက်မပြတ်   လာရောက် လည်ပတ်လေ့ရှိကြောင်း  ဒေသခံပြည်သူများထံမှ သိရသည်။                              

ဖုန်ကန်(ပူတာအို)