ပူးပေါင်းဆောင်ရွက်ပေးမှု လိုအပ်

စေတနာ့ဝန်ထမ်းများ  ခေါ်နေတာ ရှိပါတယ်။  တချို့လည်း  လာရောက်သတင်းပို့ကြတာရှိပါတယ်။  ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဟိုကလည်း ခြိမ်းခြောက်၊ ဒီကလည်း ခြိမ်းခြောက်ဆိုတော့ မလာရဲ၊ မပြုရဲနဲ့ လုပ်ကြတာရှိတယ်။ တချို့လည်း အပြင်ရောက်နေတဲ့သူတွေ လာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေတာကို တွေ့ရတယ်။ ဒါတွေကို ကြိုဆိုတယ်လို့ ကျွန်တော် ပြောထားပြီးသားဖြစ်ပါတယ်။ ကြိုဆိုတယ်လို့ ပြောထားပြီးသားဖြစ်တာ ကြောင့် ပူးပေါင်းဆောင်ရွက်ပေးမှု လိုအပ်တယ်ဆိုတာ ပြောလိုပါတယ်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၈-၇-၂၀၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)