
ဒေါက်တာခိုင်ခိုင်ဝင်း
“တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏” ဆိုသောစကားသည် ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကကျပုံကို မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရမည့်ကိစ္စရပ်များတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရန်ဖြစ်သော်လည်း အများနှင့် သို့မဟုတ် အဖွဲ့အစည်းများအချင်းချင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များအတွက် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင် အောင်ဆောင်ရွက် ရမည်လည်း ဖြစ်ပါသည်။
ဥပမာတစ်ခုပြဆိုရသော် ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၁၅ နှစ်တာကာလအတွင်း ကမ္ဘာ့နိုင်ငံ များတွင် အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်းတိုင် ၁၇ ခု ပါဝင်သည့် 2030 Agenda for Sustainable Development ကို ပြရမည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး၏ အစိုးရ များ ပူးပေါင်းပါဝင်မှု၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှု၊ ကုလသမဂ္ဂကြီး၏စီစဉ်မှု ဖြင့် အင်တာနက်ဝက်ဘ်ဆိုက်များတွင် တင်ပြပြီး ကမ္ဘာ့ နိုင်ငံများရှိပြည်သူများ၏ ထင်မြင်ယူဆချက် များ ရရှိနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများရှိလူအများ ပူးပေါင်းပါဝင်လာစေမှုစသည့် ပူးပေါင်းပါဝင်မှု ပုံစံမျိုးစုံ၊ ထင်မြင်ချက်အစုံ၊ အတွေးအမြင်အစုံတို့ ဖြင့် လိုချင်သည့်၊ အလိုရှိသည့် အနာဂတ်ကမ္ဘာ လောကကြီးကို ရည်မှန်းချက်ပန်းတိုင်များဖြင့် ပုံဖော်ခဲ့ကြပါသည်။ နိုင်ငံတစ်နိုင်ငံတည်း၏ ကြိုးစားအားထုတ်မှုမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအားလုံး၏ ပူးပေါင်းပါဝင်မှု အားထုတ်ကြိုးပမ်းမှု၊ ကမ္ဘာ့နိုင်ငံ များရှိ ပြည်သူများ၏ အသံနားထောင်၍ ပုံဖော်ခဲ့ကြ သည့် အောင်မြင်မှုဖြစ်ပါသည်။ 2030 Agenda သည် ကမ္ဘာပေါ်ရှိ ပြည်သူအားလုံးအတွက် ရည်ရွယ် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်များအတွက် ကမ္ဘာပေါ်ရှိ ပြည်သူအများ ပူးပေါင်းပါဝင်ခွင့် ရရှိခဲ့သည့် အကောင်းဆုံးသာဓကဟု ဆိုချင်ပါ သည်။
ပူးပေါင်းဆောင်ရွက်မှု လိုအပ်
2030 Agenda for Sustainable Development ကို ပြည်သူ(People)၊ ကမ္ဘာမြေ(Planet)၊ သာယာ ဝပြောမှု (Prosperity)၊ ငြိမ်းချမ်းမှု(Peace)၊ မိတ်ဖက် (Partnership) ဆိုသည့် 5Ps ဖြင့် လွှမ်းခြုံ ထားပြီး မိတ်ဖက်ကို ထည့်သွင်းထားသည်ကို ကြည့်ခြင်းအားဖြင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်များ၏ကဏ္ဍသည် အရေးကြီးသည့်နေရာ တွင် တည်ရှိနေကြောင်းကို ဆိုလိုသည်ဖြစ်၍ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း လိုအပ်ပါသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။
အမှန်စင်စစ်လည်း ကမ္ဘာ့နိုင်ငံများက ၂၀၃၀ ပြည့်နှစ်အမီ အကောင်အထည်ဖော်ဆောင်ရွက် ရမည့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ရာ၊ အောင်မြင်ဖို့ရာ နိုင်ငံတစ်နိုင်ငံချင်းဆီ၏ အားတစ်ခု တည်းဖြင့် ရရှိနိုင်မည်မဟုတ်ဘဲ နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင် ရွက်မှုများ၊ ကဏ္ဍစုံမှ မိတ်ဖက်များ၏ ပူးပေါင်း ဆောင်ရွက်မှုများ လိုအပ်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် ပိုမိုလိုအပ်သည်လည်း ဖြစ်ပါသည်။ အလားတူ နိုင်ငံအတွင်းတွင် မိမိတို့နိုင်ငံအလိုက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည်ဖော်နိုင်ရန်အတွက် မူဝါဒများ၊ မဟာဗျူဟာများ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက် လျက်ရှိရာတွင် နိုင်ငံအတွင်းရှိ အစိုးရဌာနအချင်း ချင်းအကြား ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်း ဖြင့် ဆောင်ရွက်ရမည်လည်းဖြစ်ပါသည်။
Partnership Platform သည် ရေရှည်စဉ်ဆက် မပြတ်ပန်းတိုင်များ အကောင်အထည်ဖော်ဖို့ရာ အမှန်လိုအပ်သည်လည်းဖြစ်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းတစ်ခုဖြစ်သည့် United Nations Depart-ment of Economic and Social Affairs (UND-ESA) ၏ ဦးဆောင်မှုဖြင့် 2030 Agenda Partner-ship Accelerator အဖွဲ့အစည်းသည်လည်း ၂၀၁၉ ခုနှစ်ကပင် ပေါ်ပေါက်လာနေပြီး အဓိကအားဖြင့် မိတ်ဖက်အားကိုရယူရေး အရှိန်မြှင့်တင်ရန်နှင့် Effective Multisector Collaboration ဆောင်ရွက် နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်ဖြစ်ပါသည်။
အခက်အခဲအဟန့်အတားများ ဖြစ်ပေါ်
ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) ကို အကောင်အထည်ဖော်ရမည့်ကာလမှာ ၂၀၁၆ ခုနှစ်မှ ၂၀၃၀ အထိ ၁၅ နှစ်တာဖြစ်ရာ ယနေ့ ဆိုလျှင် အကောင်အထည်ဖော်ရန်ကာလ ခြောက် နှစ်ကျော် ခုနစ်နှစ်ကျော်ထဲ ရောက်လာပြီဖြစ်သည်။ အဆိုပါ ခြောက်နှစ်ကျော် ခုနစ်နှစ်တာကာလအတွင်း ကမ္ဘာ့ကပ်ရောဂါပြဿနာ၊ ရာသီဥတုပြောင်းလဲလာ ခြင်းပြဿနာ၊ ကမ္ဘာ့စီးပွားပျက် ကပ်ဆိုက်ခြင်း အခြေအနေ၊ နည်းပညာများ လျင်မြန်စွာ ပြောင်းလဲ တိုးတက်နေခြင်းများ၊ ကမ္ဘာ့ငွေကြေးစျေးကွက် ကမောက်ကမဖြစ်ခြင်း အခြေအနေများ၊ အလုပ် လက်မဲ့ပြဿနာများ၊ ပြောင်းရွှေ့လုပ်သားများ ပြဿနာ၊ မငြိမ်းချမ်းခြင်းပြဿနာများ စသည့် ပြဿနာအထွေထွေသည် ကမ္ဘာကြီး၏ နေရာအစုံ တွင် ပုံစံမျိုးစုံဖြင့် ရှိနေလျက်ရှိရာ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် အခက်အခဲအဟန့်အတားများ ဖြစ်ပေါ်နေသည် လည်း ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ ကမ္ဘာကြီးအတွက် နိုင်ငံများမှ တညီတညွတ်တည်း ချမှတ်ခဲ့သည့် ပန်းတိုင် များကိုမူ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကမ္ဘာ့နိုင်ငံများမှ အကောင်းဆုံးကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်ပြီး တွေ့ကြုံနေရသည့် အခက်အခဲ၊ အဟန့်အတားများကြောင့်လည်း မိတ်ဖက်၏ အားများ၊ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အမှန်တကယ် ပိုမိုလိုအပ်လာနေသည်လည်း ဖြစ်ပါသည်။ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲခေါ်ကူညီ ထောက်ပံ့မှုများရှိမှသာ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အောင်မြင် အောင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။
ဘုံအကျိုးစီးပွားကိုရည်မှန်း
နိုင်ငံများအနေဖြင့် နိုင်ငံအတွင်း ရေရှည် စဉ်ဆက်မပြတ်ပန်းတိုင်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မည်မျှပင်စီမံကိန်းများ ချမှတ်ဆောင်ရွက်နေစေကာမူ ပူးပေါင်းဆောင် ရွက်မှုမရှိခြင်း၊ အားနည်းခြင်း၊ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုများမရှိပါက ပန်းတိုင်များကို အကောင်အထည်ဖော်ဖို့ရာ အခက်အခဲရှိမည် ဖြစ်ပါသည်။ ရေရှည်စဉ်ဆက်မပြတ် ပန်းတိုင်များ အကောင်အထည်ဖော်နိုင်ရေးအတွက် (Collabo-rative approach) သည် အရေးကြီးသည့်နေရာမှာ ရှိနေသည်ကို သတိပြုရမည်ဖြစ်ပါသည်။ “စည်းလုံး ခြင်းသည်အင်အား” ၊ “စည်းလုံးညီညာ အောင် ကြောင်းဖြာ” ဆိုသည့် စကားရပ်များအတိုင်း ပူးပေါင်းဆောင်ရွက်ရာတွင်လည်း စည်းစည်းလုံးလုံး ဖြင့် ဘုံအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ရန် ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့ အစည်းတစ်ခုတည်းအတွက် ပူးပေါင်းဆောင်ရွက် ရန်မဟုတ်ဘဲ ပန်းတိုင်များကို အောင်မြင်စွာ အထည်ဖော်နိုင်ရေး၊ နိုင်ငံသားတို့ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ သာယာဝပြောစွာ နေထိုင်နိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ဘုံအကျိုးစီးပွားကိုရည်မှန်းကာ ပူးပေါင်းဆောင် ရွက်ရန်ဖြစ်ပါသည်။ တစ်ဦးကောင်း၊ အဖွဲ့အစည်း တစ်ခုကောင်း တစ်ခုအတွက် ရည်ရွယ်ဆောင်ရွက် ရန် မဟုတ်ဘဲ နိုင်ငံအကျိုးအတွက်၊ နိုင်ငံသားများ အတွက် ရည်ရွယ်ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါ သည်။
မိတ်ဖက်အားကိုယူ
2030 Agenda for Sustainable Development ၏ အဓိကဦးတည်ချက်မှာ အောင်မြင်မှု အသီးအပွင့် များကို ခံစားရရှိရေးတွင် “တစ်ဦးတစ်ယောက်မျှ မကျန်ရစ်ခဲ့စေရေး” (Leave No one Behind) ဖြစ်ရာ နိုင်ငံများမှ အဆိုပါအချက်ကို ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ရာအတွက် Partnership Platform ဖြင့် ဆောင်ရွက်နိုင်ရေး မိတ်ဖက်များ၏အားကို ရယူဆောင်ရွက်ကြရာတွင် မည်သည့်အကြောင်းနှင့်မျှ ဖယ်ကျန်မထားစေရေး ကူညီဆောင်ရွက်ပေးဖို့ရာ ဖြစ်ပါသည်။ သို့မှသာ ကမ္ဘာကြီး၏ နေရာစုံတွင်ရှိနေကြသည့် လူသား အားလုံးအကျုံးဝင်ပါဝင်ပြီး သာယာဝပြောသည့်၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးသည့်၊ ငြိမ်းချမ်းသည့် ကမ္ဘာကြီးဆီ ဦးတည်သွားနိုင်မည်ဖြစ်ပြီး မိတ်ဖက် အားကိုယူကာ ထိရောက်အကျိုးရှိသည့် ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှသာလျှင် လူသားအားလုံး မျှော်မှန်းသည့် အောင်မြင်မှုပန်းတိုင်ဆီ အရောက် သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါ သည်။ ။
- Log in to post comments