ပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါး၊ ပုစွန်များ ဈေးနှုန်းချိုသာစွာဖြင့် ဒုတိယအကြိမ် ရောင်းချပေး

 

ပုသိမ်  အောက်တိုဘာ  ၂၀


ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့  အမှတ်  (၁၄) ရပ်ကွက်၌  ပုသိမ် မြို့နယ်  ငါးလုပ်ငန်းဦးစီးဌာနက  ကြီးကြပ်၍  အညာသားငါးပုစွန် ရောင်းဝယ်ရေးမှ လူတစ်ဦးလျှင် ငါး/ပုစွန် ၅၀ ကျပ်သားကို  ငွေကျပ် ၅၀၀နှုန်းဖြင့် လူဦးရေ ၈၀၀ ခန့်အတွက် စုစုပေါင်း ငါး/ပုစွန် ပိဿာ ၄၀၀ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။

 


အဆိုပါ ပြည်သူများသို့ ရောင်းချခြင်းကို ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး   ဦးမြသိန်းနှင့်  တာဝန်ရှိသူများက  ကြီးကြပ် ဆောင်ရွက်ပေးကြောင်း သိရသည်။


သတင်းစဉ်