ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာချက်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၉
၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ  ထုတ်ဝေသူများသည် မိမိတို့ ထုတ်ဝေသည့်  စာအုပ်စာစောင် ၅ အုပ်  သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခ လွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။ 
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ  ၅ အုပ် သို့မဟုတ် ၅ စောင်ကို ဖြန့်ချိသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ပုံစံ(၁၁)ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရမည်ဖြစ်ပါသည်။ ယခုအခါ အောက်ဖော်ပြပါ  ထုတ်ဝေသူများသည်   ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ   မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရန် ပျက်ကွက်လျက်ရှိပါသဖြင့် အမြန်ဆုံးပေးအပ်နိုင်ပါရန်  အသိပေးကြေညာ အပ်ပါသည်-

ပြန်ကြားရေးဝန်ကြီးဌာန