ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူ ညီချက်ဖြင့်  ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း  နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်  အောက်တိုဘာ လ  ၁၀ ရက်နေ့တွင်  ထုတ်ပြန်ခဲ့ပြီးနောက်  လုပ်ငန်းအသိအမှတ်ပြု လက်မှတ်    လျှောက်ထားလာပါက   ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍   လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။ 

 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ  ၂၇-၇-၂၀၂၂ နေ့က ပြုလုပ်ခဲ့ သော ပြန်ကြားရေးဝန်ကြီးဌာန  စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး တွင်  ၂၃-၅-၂၀၂၂ နေ့မှ   ၁၅-၇-၂၀၂၂  နေ့အထိ  လုပ်ငန်းအသိ အမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ  နှစ်ဦးကိုလည်းကောင်း၊  ထုတ်ဝေခြင်းလုပ်ငန်း အတွက် အသစ်လျှောက်ထားသူ  ဂျာနယ်နှစ်ဦး၊  အထွေထွေ ၁၈ ဦး ပေါင်း ၂၀ ကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး ရန် ခွင့်ပြုပေးခဲ့ပါသည်။ 

 


ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄  နေ့မှစ၍  ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၁၈၀ နှင့်  သတင်းအေဂျင်စီ  လုပ်ငန်း ၃၉၅ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၂၇၃ ဦး အား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ် ပါသည်။ 


ပြန်ကြားရေးဝန်ကြီးဌာန