ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘော တူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်  ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ များကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင်    ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း   နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို   ခွင့်ပြုပေးလျက်    ရှိပါ သည်။ 
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၁၄-၆-၂၀၂၃) နေ့ကပြုလုပ် ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးတွင် (၂၀-၃-၂၀၂၃) နေ့မှ (၁၉-၅-၂၀၂၃) နေ့ထိ လုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့်   ထုတ်ဝေခြင်း လုပ်ငန်းအတွက် အသစ်လျှောက်ထားသူ     ဂျာနယ်သုံးဦးနှင့် အထွေထွေ ၂၆ ဦး ပေါင်း ၂၉ ဦးကိုလည်းကောင်း၊ သတင်းအေဂျင်စီ လုပ်ငန်းလျှောက်ထားသူတစ်ဦးကိုလည်းကောင်း အသိအမှတ်ပြု လက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ 
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဋ္ဌာန်း သည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍    ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၃၀၀ နှင့်  သတင်းအေဂျင်စီ လုပ်ငန်း ၄၀၃ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်း အေဂျင်စီလုပ်ငန်း ၅၄၀၁ ဦးအား   အသိအမှတ်ပြု    လက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။ 
ပြန်ကြားရေးဝန်ကြီးဌာန