ပုလောမြို့နယ် နန်းပရုပ်ကျေးရွာမှ သံဃာတော်ခြောက်ပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂
တနင်္သာရီတိုင်းဒေသကြီး ပုလော မြို့နယ်         နန်းပရုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နှစ်ရက်ကြာ ဝင်ရောက်         တပ်စွဲခဲ့ပြီးနောက် ပြန်သွားချိန်  ဖေဖော်ဝါရီ ၁ ရက် တွင် အဆိုပါဘုန်းကြီးကျောင်းမှ သံဃာတော်ခြောက်ပါးကို လူသား ဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း သတင်းတု၊ သတင်းမှား များကို     တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က လူမှုကွန်ရက် ပေါ်တွင်   မဟုတ်မမှန်   လုပ်ကြံ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍        သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေး    တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ   လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်  နန်းပရုပ် ကျေးရွာ  ဘုန်းကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲခဲ့ခြင်း   မရှိသလို သံဃာတော်များကိုလည်း ဖမ်းဆီး ခြင်းမရှိကြောင်း သိရှိရသည်။
ပုလောမြို့နယ်အတွင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည်  နယ်မြေ လုံခြုံရေးနှင့်   တည်ငြိမ်အေးချမ်း ရေးကို    ဒေသခံပြည်သူများနှင့် အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်အတွက် အကြမ်းဖက်သမား များနှင့်      အကြမ်းဖက်အားပေး မီဒီယာများက     ကောလာဟလ သတင်းများဖြင့် သွေးထိုး လှုံ့ဆော် ပြီး  နယ်မြေတည်ငြိမ်မှု ပျက်ပြား စေရန်အတွက်  လုပ်ကြံရေးသား နေခြင်းသာဖြစ်ကြောင်း  သတင်း ရရှိသည်။
သတင်းစဉ်