
နေပြည်တော် မတ် ၁၃
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီသည် ယနေ့ နံနက်ပိုင်း တွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော် ကျွန်းပုလဲ မွေးမြူရေးစခန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ် ရေးလုပ်ငန်းအနေဖြင့် ပုလဲမွေးမြူ ထုတ်လုပ်ခြင်းကို စခန်း ၁၂ ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ် မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ၁၂၈ ရာခိုင်နှုန်း ထုတ်လုပ် နိုင်ခဲ့ကြောင်း၊ ဒေသခံများအတွက် လည်း အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လည်း ဆက်လက်ဆောင်ရွက် သွားရန်လိုကြောင်း၊ နိုင်ငံတကာ ဈေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မူတည်၍ နှစ်သက်သူများသဖြင့် ဈေးကွက် ပိုမိုရရှိရေး ကြိုးစားဆောင်ရွက် ရန်လိုကြောင်း၊ မုတ်ကောင်သား ဖောက်ခြင်း၊ ဝတ်ဆံသွင်းခြင်း၊ မွေးမြူခြင်း လုပ်ငန်းစဉ်တွင် အရည်အသွေး အရွယ်အစား ကောင်းမွန်သော ပုလဲများရရှိရေး အတွက် အထူးအရေးကြီးသည့် အတွက် ဌာနနှင့်ကုမ္ပဏီတို့ ပိုမို ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းစဉ်အလိုက် စည်းကမ်း များကိုလည်း လိုက်နာဆောင်ရွက် သွားရန်လိုကြောင်း၊ ပုလဲမွေးမြူ ထုတ်လုပ်ခြင်းမှ ဘေးထွက်ပစ္စည်း အဖြစ် ထွက်ရှိလာသော မုတ်ခွံ များကို အသုံးပြုသည့် ကနုကမာ အချောထည် လုပ်ငန်းများကို လည်း ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်များ ကောင်းမွန်မှသာ မုတ်ကောင် မွေးမြူရေးလုပ်ငန်းများအောင်မြင် စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကိုလည်း အလေးထားဆောင် ရွက်သွားရန်လိုကြောင်း မှာကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဒုံးပုလဲအော်ကျွန်း အနီးရှိ ဆလုံရွာ နှစ်ရွာအတွက် ဆိုလာမီး အစုံ ၂၀ ကို ဒေသခံများ ထံ ပေးအပ်ပြီး ဒုံးပုလဲအော်ကျွန်း စခန်းရှိ မုတ်ကောင်သားဖောက် ခြင်း၊ ဝတ်ဆံသွင်းခြင်းနှင့် ပုလဲ ဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကျွန်းစုမြို့နယ် နတ်သမီးရေတွင်းကျွန်းနှင့် ပြင်စဘု ကျွန်းရှိ မွေးမြူရေးရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ် ဒိုမယ်ကျွန်းစခန်းတွင် ပုလဲ ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။ ယင်းနောက် ဇင်ယော်ကျွန်းရှိ မွေးမြူရေးရေပြင် တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်