
ပုဗ္ဗသီရိ ဇူလိုင် ၁၈
နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် တပင် ရွှေထီးရပ်ကွက် ခုတင်-၃၀၀ တွင် အောက်ဆီဂျင် အရည် တန် ၂၀ ရှိ တစ်နေ့လျှင်အောက်ဆီဂျင် လီတာ ၄၀ အိုး ၁၄၀၀ ဖြည့်တင်းပေးနိုင်သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ဆောက်လုပ်ရေးဦးစီးဌာန အဆောက် အဦအထူးအဖွဲ့-၄မှ ဒေါ်နွယ်နီဝင်းက ကြီးကြပ်၍ ဆောက်လုပ်လျက်ရှိရာ အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရေး ပစ္စည်းများ ၉၀ ရာခိုင်နှုန်း ရောက်ရှိ နေပြီး အဆောက်အအုံမှာ ၅၅ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီ ဖြစ်သည်။ စက်ရုံပြီးစီးပါက နေပြည်တော်အတွင်းရှိ မြို့နယ်များအပြင် အောက်ဆီ ဂျင် လိုအပ်သောနေရာများသို့ ဖြန့်ဖြူးသွားနိုင်မည် ဖြစ်ကြောင်းနှင့် အောက်ဆီဂျင်စက်ရုံအား တစ်လ အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း နေပြည်တော်တိုင်း လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)