ပတ်ဝန်းကျင်ကောင်းများ ဖန်တီး

 

ကျောင်းသား၊  ကျောင်းသူများ  အားကစားပြုလုပ်နိုင်စေရန်အတွက်  အားကစားကွင်းများနှင့်  အားကစားရုံများအား  စနစ်တကျဖြင့် တည်ဆောက်ပေးထားရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို အလေ့အကျင့်ကောင်းများ၊ စိတ်ဓာတ် ကောင်းများ၊ အတတ်ပညာကောင်းများနှင့် တွေးတောကြံဆမှုများရှိစေရန် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ တက္ကသိုလ်ပညာသင်ကြား နေစဉ်အတွင်း စာပေပညာ သင်ကြားခြင်းကိုသာမက ဘဝအတွက် အတွေ့အကြုံများ ရရှိရေးအတွက်လည်း လေ့ကျင့်ဆောင်ရွက်ပေးရန် လိုသဖြင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီး၍ ကျောင်းသား၊ ကျောင်းသူများ အမြင်ကျယ်လာစေရေး ဖန်တီးဆောင်ရွက်ပေးရန် လိုကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၇-၁-၂၀၂၂ ရက်နေ့တွင် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)