ပဋိပက္ခအားပေးတဲ့ Yellow Journalism သတင်းတင်ဆက်မှုမျိုး မဖြစ်စေလိုပါ

Type

 

ကိုပြည် 
 

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဝိတ်တန်းမတူဘဲ ဆင်းထိုးရတဲ့ လက်ဝှေ့သမားလိုတော့ဖြစ်နေပါတယ်။ ဘာမှရေရေရာရာမသိ၊ ထင်ရာမြင်ရာ ရမ်းသန်းပြောဆိုနေတဲ့ Yellow Journalism လောက်အဆင့်ရှိတဲ့ မီဒီယာတစ်ခုရဲ့ ထုတ်လွှင့်ချက်ကို တုံ့ပြန်ပြောဆိုရတာကိုတော့ တွေးပြီးရှက်မိသား။ ဒါပေမယ့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးနဲ့ ယှဉ်လာလို့ မပြောချင်လည်း ပြောရတော့မယ်။ 

မြောက်ပိုင်းသုံးဖွဲ့လို့ဆိုတဲ့ လက်နက် ကိုင်အကြမ်းဖက်အဖွဲ့တွေရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင် ခဲ့တဲ့       လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး TNN World Today အွန်လိုင်းကနေ ဇန်နဝါရီလ ၂၃ ရက်နေ့က သတင်းတစ်ပုဒ် ထုတ်လွှင့် သွားတာ တွေ့ရပါတယ်။ အဲဒီသတင်း ထဲမှာ   ရှမ်းပြည်နယ်  (မြောက်ပိုင်း) မှာ ဖြစ်နေတဲ့   လက်နက်ကိုင်တိုက်ခိုက်မှု တွေ၊    ရခိုင်ပြည်နယ်မှာ    ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ မြန်မာ နိုင်ငံရဲ့     ဒေသတချို့မှာဖြစ်နေတဲ့ လက်နက်ကိုင်       တိုက်ခိုက်မှုတွေ အကြောင်း      ဖော်ပြသွားပါတယ်။ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ ဆက်စပ် ပြီး  ဘင်္ဂါလီနဲ့ မွတ်စလင်အသိုင်းအဝိုင်း အပေါ် ရိုက်ခတ်မှုရှိတယ်ဆိုပြီး လိုချင်တဲ့ အကွက်လေးတစ်ကွက်နဲ့    ချိတ်ဆက် တင်ပြသွားတာလည်း တွေ့ရပါတယ်။ 
လွတ်လပ်ရေးနဲ့အတူပါလာတဲ့ လက်နက်ကိုင်ပဋိပက္ခ 
မြန်မာနိုင်ငံမှာ      လက်နက်ကိုင် ပဋိပက္ခတွေဖြစ်တာ အခုမှမဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက ရှိခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော် ကြာပြီဖြစ်တဲ့  အနာဟောင်းတစ်ခု        ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဟာ လွတ်လပ်ရေး နဲ့အတူပါလာခဲ့တဲ့    ဖွားဖက်တော်လို့ တောင်    ပြောလို့ရပါတယ်။    နယ်ချဲ့ အင်္ဂလိပ်တွေက တောင်တန်းပြည်မခွဲခြား ပြီး        လွတ်လပ်ရေး    ပေးလိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာ အမျိုးသားခေါင်းဆောင်တွေက လွတ်လပ် ရေးကို တစုတစည်းတည်း၊  တစ်ချိန် တည်း တစ်ပြိုင်တည်း ရယူလိုတာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ခက်ခက်ခဲခဲ တည်ဆောက်ပြီး ရယူခဲ့ရ တာဖြစ်ပါတယ်။  ဒါပေမယ့်  စလယ်ဝင် ဖင်မမည်းခင်ကကွဲ ဆိုတာလို လွတ်လပ် ရေးမရခင်ကတည်းက       ခွဲထွက်ချင်တဲ့ တိုင်းရင်းသားတချို့ကလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝါဒ ရေးရာကို    အခြေခံတဲ့သူတွေကလည်း နိုင်ငံတော်အာဏာ     မရရှိတာနဲ့တင် လက်နက်ကိုင်လမ်းစဉ်ကို   ရွေးချယ် ခဲ့ကြပြန်ပါတယ်။ အဲဒီအကျိုးဆက်တွေ ဟာ ဒီနေ့အထိ အကင်းမသေနိုင်သေးဘဲ ဖွဲမီးလို         တငွေ့ငွေ့လောင်လိုက်၊ ကောက်ရိုးမီးလို     ဝုန်းခနဲထတောက် လိုက်ဆိုတာလို ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေခဲ့တာပါ။   ဒီပဋိပက္ခဟာ   အစိုးရ အဆက်ဆက်အတွက် ခေါင်းခဲစရာတစ်ခု ဖြစ်နေခဲ့တာပါပဲ။ 
TNN World Today ကို မေးချင်တဲ့ မေးခွန်းတစ်ခု 
 ဒီနေ့  မြန်မာနိုင်ငံ  ဒေသတချို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ   ရှိနေတယ် ဆိုတာ    အမှန်ပဲဖြစ်ပါတယ်။   ဒါပေမယ့် ဒါတွေဟာ ၂၀၂၀ ပြည့်နှစ်   အထွေထွေ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲမသမာမှု တွေကို နည်းလမ်းတကျ ဖြေရှင်းပေးခြင်း မရှိခဲ့တာကနေ အကြောင်းခံပြီး ဖြစ်လာ ခဲ့တဲ့    ပဋိပက္ခမီးတောက်ဖြစ်ပါတယ်။ မဲမသမာမှုတွေ      ရှိနေတယ်ဆိုတာကို အထောက်အထားတွေနဲ့တကွ တင်ပြပြီး ဖြေရှင်းပေးဖို့ အဲဒီအချိန်က NLD အစိုးရ တာဝန်ရှိသူအဆင့်ဆင့်ကို တပ်မတော်က နည်းလမ်းမျိုးစုံနဲ့ အကြိမ်ကြိမ်တောင်းဆို ခဲ့ပေမယ့် လျစ်လျူရှုခြင်းခံခဲ့ရတယ်။ 
ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့  တာဝန်ရှိတဲ့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အာဏာထိန်းခဲ့ရတယ်။ ဒီအတွက် နိုင်ငံရေးပြဿနာကို    နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့    အခွင့်အလမ်းရှိနေချိန်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းခြင်းမရှိဘဲ လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းခဲ့တာ ကြောင့်    အခုလို   အခြေအနေတွေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့ကလည်း ဒီလိုအခွင့်အရေးမျိုးစောင့်ပြီး တောမီး လောင်     တောကြောင်လက်ခမောင်းခတ် ဆိုတာလို    အကြမ်းဖက်မှုပိုကြီးလာ အောင် မီးထိုးပေးခဲ့ကြပါတယ်။ 
အခုမြောက်ပိုင်းသုံးဖွဲ့လို့  ပြောနေတဲ့ အဖွဲ့တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ် ခြင်းကနေ   ဝင်ငွေအများအပြားရပြီး လက်နက်ဝယ်၊    လူစု၊    အင်အား တည်ဆောက်ခဲ့ကြတဲ့အဖွဲ့တွေ ဖြစ်တယ် ဆိုတာကို TNN World Today မသိဘဲ မနေလောက်ပါဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့   လက်နက်ကိုင်ပဋိပက္ခတွေ အကြောင်းပြောမယ်ဆိုရင်    နိုင်ငံတော် အစိုးရက     အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာခြင်းခံထားရတဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဆိုသူ အခု ဘယ်မှာ နေနေလဲ၊     နှစ်သစ်ကူးညတစ်ညမှာ အိမ်အပြင်ထွက်ပြီး အရက်ဝယ်လို့ ရဲက ဒဏ်ရိုက်ခံရတာ ဘယ်နိုင်ငံမှာလဲဆိုတဲ့ အကြောင်း  သတင်းရဲ့နောက်ခံလေးမှာ ထည့်ပြောလိုက်ရင် ပိုမကောင်းဘူးလား လို့ TNN World Today ကို မေးခွန်းတစ်ခု ထုတ်ချင်ပါတယ်။ ဒီမေးခွန်းဟာ TNN World Today အတွက် အမှန်အတိုင်း ဖြေချင်ရင်    ခက်ခဲမယ့်မေးခွန်းတစ်ခု မဟုတ်လောက်ပါဘူး။ 
ထိုင်းအစိုးရနဲ့ 
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် 
တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ် မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ အဲဒီအချိန်က   ထိုင်းနိုင်ငံ   နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow က “မိမိတို့ရဲ့ ထောက်ခံ အားပေးမှုမှာ ယနေ့ထိတိုင် ခိုင်မြဲစွာနဲ့ တစ်သမတ်တည်း ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့အကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လွန်ခဲ့သည့် (၈) နှစ်က NCA ရဲ့ ရည်မှန်း ချက်ပန်းတိုင်နဲ့ ရည်ရွယ်ချက်တို့အပေါ် ခိုင်မာစွာယုံကြည်ခဲ့တာ ယနေ့ထက်တိုင် ရှိကြောင်းကို အဆွေတော်တို့အား စိတ်ချ ယုံကြည်နိုင်ကြောင်း၊ မြန်မာပြည်သူများ နဲ့ တစ်နိုင်ငံလုံးရဲ့ ပြင်းပြသောစိတ်ဆန္ဒ ပြည့်မြောက်စေရန်အတွက် သက်ဆိုင်သူ များအားလုံး   ထိတွေ့ဆက်ဆံမှုများမှ တစ်ဆင့်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဦးတည် တဲ့လမ်းကြောင်းအပေါ်မှာ    မြန်မာနိုင်ငံ အောင်မြင်စွာ     လျှောက်လှမ်းသွားနိုင် ဖို့ ဆုမွန်ကောင်းတောင်းတဲ့အကြောင်း” ပြောကြားခဲ့ပါတယ်။  
လက်ရှိထိုင်းအစိုးရက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီ ဆောင်ရွက်လိုတဲ့အကြောင်း ထုတ်ဖော် ပြောဆိုထားပြီးသားဖြစ်ပါတယ်။   မြန်မာ အစိုးရနဲ့ ထိုင်းအစိုးရရဲ့ ဆက်ဆံရေးဟာ လည်း အပြုသဘောဆောင်ပြီး ကောင်းမွန် ပါတယ်။  အစိုးရချင်း  ဆက်ဆံရေးတင် မကဘဲ     နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား  ဆက်ဆံရေးဟာလည်း နီးနီး ကပ်ကပ်ရှိပါတယ်။      Thai News Network ရဲ့ ရုပ်သံသတင်းဌာနတစ်ခု ဖြစ်တဲ့   TNN World Today အနေနဲ့ ပဋိပက္ခနဲ့ပတ်သက်တဲ့     သတင်းတွေကို တင်ဆက်ရာမှာ ပဋိပက္ခကို ပိုမိုဆိုးရွား စေတာမျိုးမဟုတ်ဘဲ   ငြိမ်းချမ်းရေးကို ဦးတည်တဲ့တင်ဆက်မှုမျိုးသာ  ဖြစ်သင့် ပါတယ်။ 
ထိုင်းနိုင်ငံ     တောင်ပိုင်းမှာလည်း မွတ်စလင်ခွဲထွက်ရေး လှုပ်ရှားမှုကြောင့် ပဋိပက္ခတွေဖြစ်ခဲ့တာ မကြာသေးပါဘူး။ ဒါမျိုးကိုလည်း ဒေသတွင်းသတင်းဌာန တွေက ပဋိပက္ခပိုကြီးလာအောင် မီးထိုး ပေးတဲ့         သတင်းတင်ဆက်ခဲ့တာမျိုး မတွေ့ရသလောက်ပါပဲ။     အခု   TNN World Today  ရဲ့  သတင်းတင်ဆက်ပုံဟာ လက်နက်ကိုင်ပဋိပက္ခ        ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့   ဘာမှသက်ဆိုင်ခြင်း မရှိတဲ့   ဘင်္ဂါလီကိစ္စနဲ့ ဆက်စပ်ဖော်ပြ တာမျိုးဟာ အရုပ်ဆိုးလွန်းပါတယ်။ 
တချို့သတင်းဌာနတွေဟာ    သူတို့ သတင်းကို   လူစိတ်ဝင်စားမှုပိုရအောင် ပုံကြီးချဲ့တင်ပြတာမျိုး၊ ထိလွယ်ရှလွယ် တဲ့ကိစ္စမျိုးကို     ထည့်သွင်းဖော်ပြလေ့ ရှိတတ်ကြပါတယ်။  ဒါကို  စာနယ်ဇင်း လောကမှာတော့ Yellow Journalism လို့ ခေါ်ကြပါတယ်။ အခု TNN World Today ရဲ့ သတင်းတင်ဆက်ပုံမျိုးပါပဲ။ သတင်းဌာနတချို့ဟာ          သတင်း လွတ်လပ်ခွင့်ကို       အလွဲသုံးစားလုပ်ပြီး သတင်းမီဒီယာကျင့်ဝတ်တွေကို   မသိ မသာတစ်မျိုး၊   သိသိသာသာတစ်မျိုး ချိုးဖောက်နေကြတာ       တွေ့နေရပါ တယ်။  
လူအများစု ကိုးကွယ်ရာဘာသာကိုပင် စော်ကားသူတွေ
ဒါ့အပြင်   မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့    နိုင်ငံ တကာက   အာရုံစိုက်ဖို့လိုပြီဆိုတာမျိုး ပြောသွားသလို ထိခိုက်ခံစားနေရသူတွေ အတွက်လည်း   ကူညီထောက်ပံ့မှုတွေ ပေးဖို့လိုပြီဆိုပြီး        ထုတ်လွှင့်သွားတာ တွေ့ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခ တစ်ခုဖြစ်လာပြီဆိုရင်တော့ ထိခိုက်ခံစား ရမှုတွေ အနည်းနဲ့အများဆိုတာ ရှိမှာပါ။ မြန်မာအစိုးရဟာ ကုလသမဂ္ဂအေဂျင်စီ တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။  
နိုင်ငံတကာအနေနဲ့  မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး အာရုံစိုက် သင့်တာတစ်ခုတော့ရှိပါတယ်။ အဲဒါက တော့ ဒီနေ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)လို့ အမည်ခံထားတဲ့ အကြမ်းဖက် သမားတွေရဲ့      အပြစ်မဲ့ပြည်သူလူထု အပေါ်  အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ပြည်သူပိုင် အခြေခံအဆောက်အအုံတွေ ဖြစ်တဲ့   လျှပ်စစ်တာဝါတိုင်နဲ့   စာသင် ကျောင်းတွေ      ဖျက်ဆီးခဲ့တာတွေ၊ ဘဏ်တွေဓားပြတိုက် လုယက်တာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ က ပြည်သူပိုင် လမ်း၊ တံတားတွေ မိုင်း ထောင်ဖောက်ခွဲ    ဖျက်ဆီးခဲ့တာတွေ၊ အတင်းအဓမ္မတပ်သားသစ်   စုဆောင်း နေတာတွေ၊ ဆက်ကြေးကောက်ခံနေတာ တွေ၊    မြန်မာနိုင်ငံမှာ     လူအများစု ကိုးကွယ်ရာဘာသာတစ်ခုဖြစ်တဲ့ ဘုရား စေတီ ပုထိုးတွေကို ထုခွဲဖျက်ဆီးနေတာ တွေပဲ ဖြစ်ပါတယ်။
ဒီလို လူသားမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ကြတဲ့   ရဟန်းရှင်၊  လူ၊ ပြည်သူတွေက   နိုင်ငံတစ်ဝန်းရှိ   မြို့ အသီးသီးမှာ ကန့်ကွက်ဆန္ဒဖော်ထုတ်နေ ကြတဲ့  မြင်ကွင်းတွေကိုလည်း မြင်တွေ့ နိုင်ပါတယ်။   ထိုင်းနိုင်ငံလည်း   ဗုဒ္ဓ ဘာသာဝင်အများစုရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဘာသာသာသနာ နဲ့ပတ်သက်ပြီး  အခုလို စော်ကားခံရတာ မျိုးကို   ထိုင်းပြည်သူတွေ   ထပ်တူခံစား နိုင်မယ်လို့     ယုံကြည်ပါတယ်။     PDF အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ရပ် တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ရဲ့     အကြမ်းဖက်လုပ်ရပ်တွေကို အနောက်နိုင်ငံက မီဒီယာတွေမသိဘူးဆို တာ လက်ခံပေးလို့   ရကောင်းရနိုင်ပေ မယ့်        ထိုင်းမီဒီယာတွေကတော့ ကောင်းကောင်းသိကြပါတယ်။ ထိုင်းက နေပြီး   အကြမ်းဖက်မှုကို   ထောက်ပို့ လုပ်နေတဲ့သူအကြောင်း   TNN World Today အနေနဲ့ သတင်းတစ်ပုဒ်တင်ဆက် နိုင်ရင်ကောင်းမယ်လို့   အကြံပြုချင်ပါ တယ်။ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ် တွေနဲ့ပတ်သက်လို့      အကြမ်းဖက်မှု ဆိုင်ရာ   နိုင်ငံအလိုက်အစီရင်ခံစာ ၂၀၂၂ (Country Reports on Terrorism – CRT) မှာ ဖော်ပြပြီး နောက်မှပြန်ဖြုတ်သွားတာ ဖြစ်ပါတယ်။ 
ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖည်ခြင်းမရှိ 
မြန်မာနိုင်ငံမှာ    ဒီနေ့ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတချို့ဟာ   ဒီနေ့ နိုင်ငံတော်တာဝန်ယူထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက    အာဏာ ထိန်းလို့ဆိုပြီး       နိုင်ငံတော်အာဏာကို မတရားနည်းနဲ့        ရယူလိုသူတချို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့က တံဆိပ်တပ်ကောင်းတပ်ကြပါလိမ့်မယ်။ အမှန်တော့ လက်နက်ကိုင်ပဋိပက္ခတွေ ဟာ    ဒီနေ့     နိုင်ငံတော်တာဝန်ယူထား တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြောင့်မဟုတ်သလို တပ်မတော်ကြောင့် ပေါ်ပေါက်လာခဲ့တာလည်း  မဟုတ်ပါဘူး။ 
ထိုင်းနိုင်ငံဆိုရင် ထိုင်းတပ်မတော်က အာဏာထိန်းခဲ့တာ   မြန်မာနိုင်ငံထက် အကြိမ်ရေ   ပိုများပါတယ်။    မှတ်မိ သလောက်ဆိုရင် ၁၂ ကြိမ်နဲ့အထက်မှာ ရှိပါတယ်။ ဒါဟာ ထိုင်းပြည်တွင်းရေး ဖြစ်တဲ့အတွက်   မှားတယ်၊  မှန်တယ် ပြောစရာမရှိသလို တခြားဘာအကြောင်း အရာနဲ့မှလည်း  ချိတ်ဆက်မပြောလိုပါ ဘူး။ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေရဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကတော့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံ ရေးကိုသာ   အမြဲဦးတည်ခဲ့တာ ဖြစ်ပါ တယ်။ မြန်မာအစိုးရအဆက်ဆက်ဟာ ရန်သူ၊   ရန်ဘက်မရှိဘဲ     အားလုံးနဲ့ ချစ်ကြည်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ 
 ပြီးခဲ့တဲ့ရက်ပိုင်းကပဲ  ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပခဲ့တဲ့ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ရဲ့    (၁၉)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို        ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး      ဦးသန်းဆွေ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီဘက်မလိုက်လှုပ်ရှားမှုအဖွဲ့    စတင် ထူထောင်ရာမှာပါဝင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။    ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးက    နိုင်ငံတော် အစိုးရရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေမှုတွေနဲ့      မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေ တွေကို   ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါ တယ်။ 
ဒီနေ့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဆိုတာ   ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ   မဲမသမာမှု တွေကို သက်ဆိုင်ရာတာဝန်ရှိအစိုးရက ဖြေရှင်းမပေးလို့   ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တာဝန်ယူခဲ့ရတဲ့အစိုးရသာ ဖြစ်ပါ တယ်။   ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကနေ   သွေဖည်ခြင်းမရှိဘဲ  ပြန်လည် လျှောက်လှမ်းနိုင်ရေး ဖော်ဆောင်ပေးနေ ခြင်းသာ   ဖြစ်ပါတယ်။   နိုင်ငံရေးအရ အယူအဆ မတူသူတွေကိုလည်း နိုင်ငံရေး ပြဿနာကို   နိုင်ငံရေးနည်းနဲ့  ဖြေရှင်းဖို့ လည်း  အကြိမ်ကြိမ်ထုတ်ဖော်ပြောဆို ထားပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားကြောင်းလည်း   ထပ်ဖန် တလဲလဲ    ပြောထားခဲ့ပြီးဖြစ်ပါတယ်။ လက်နက်ကိုင်ဖြေရှင်းတဲ့ နည်းလမ်းဟာ နှစ် ၇၀ ကျော်ကာလ မြန်မာ့သမိုင်းက သက်သေပြခဲ့ပြီးဖြစ်သလို မျက်မှောက် ခေတ် ကမ္ဘာ့အခြေအနေတွေကလည်း သက်သေပြနေပါတယ်။ 
Yellow Journalism မဖြစ်စေချင် 
မီဒီယာတွေအနေနဲ့လည်း ပဋိပက္ခ ဖြစ်စဉ်တွေကို   သတင်းရေးသားရာမှာ အထူးသတိထားသင့်ပါတယ်။ ပဋိပက္ခ ဖြစ်စဉ်တစ်ခုအပေါ်    ဘက်ပေါင်းစုံက စဉ်းစားပြီး တိကျခိုင်လုံတဲ့ သတင်းအရင်း အမြစ်မျိုးစုံကနေရယူပြီး ငြိမ်းချမ်းရေးကို ဦးတည်တဲ့   တင်ဆက်မှုမျိုး၊   မျှတတဲ့ တင်ဆက်မှုမျိုးဖြစ်အောင် ကြိုးပမ်းသင့် ပါတယ်။    ဒီလိုမဟုတ်ဘဲ   လိုချင်တဲ့ အပိုင်းလေးကွက်ပြီး     တင်ဆက်မယ် ဆိုရင်တော့        ပဋိပက္ခအားပေးတဲ့ တင်ဆက်မှုမျိုး ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အခု TNN World Today   ရဲ့    မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတင်ဆက်မှုမျိုးဟာ     သတင်း မီဒီယာကျင့်ဝတ်မဲ့ပြီး ပဋိပက္ခအားပေးတဲ့ Yellow Journalism တင်ဆက်မှုမျိုး ဖြစ်နေပါကြောင်း    ကောက်ချက်ချမိပါ တယ်။        ။