ပထမငါးလအတွင်း ဗီယက်နမ်သို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၄ ဒသမ ၆ သန်းကျော်ရှိ

 

ဟနွိုင်း   မေ    ၃၁
ဇန်နဝါရီမှ မေလအထိ ပထမငါးလအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ၄ ဒသမ ၆ သန်းကျော် ဝင်ရောက်မှုရှိခဲ့ပြီး နိုင်ငံတွင်းသို့ ယခုနှစ် ခရီးသွားဝင်ရောက်မှုခန့်မှန်းချက် ရှစ်သန်း၏  ထက်ဝက်ကျော်ရှိကာ ကပ်ရောဂါအကြိုကာလ ခရီးသွားဝင်ရောက်မှု ၆၃ ရာခိုင်နှုန်းနှင့် ညီမျှ ကြောင်း မေ ၃၁ ရက်က ဗီယက်နမ်နယူးစ်၏ အစီရင်ခံဖော်ပြချက်အရ သိရသည်။ 
အဆိုပါ ကာလအတွင်း ဗီယက်နမ်နိုင်ငံသို့ ကုန်းလမ်းမှတစ်ဆင့် ရောက်ရှိလာသူ ၁၀ ဒသမ ၉ ရာခိုင်နှုန်းနှင့်   ရေကြောင်းမှတစ်ဆင့် ရောက်ရှိလာသူ ၁ ဒသမ ၁ ရာခိုင်နှုန်းပြီးနောက် လေကြောင်းမှတစ်ဆင့် ရောက်ရှိလာသည့် ရာခိုင်နှုန်းမှာ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု စုစုပေါင်း၏  ၈၈   ရာခိုင်နှုန်းရှိကြောင်း   အထွေထွေစာရင်းအင်းရုံး (ဂျီအက်စ်အို)၏ ထုတ်ပြန်ချက်အရ သိရသည်။                  ဆင်ဟွာ