ပထမအကြိမ် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ (Farmer’s Forum)ကျင်းပ

 

နေပြည်တော်    သြဂုတ်    ၅
တောင်သူနည်းပညာပေး ဆွေးနွေး ပွဲ  (Farmer’s  Forum) ကို  ယနေ့ နံနက်ပိုင်းတွင်      ဇေယျာသီရိ မြို့နယ်     ရေဆင်းတက္ကသိုလ်    နယ်မြေရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန တောင်သူလယ်သမား ရုပ်သံခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန   ဒုတိယဝန်ကြီး  ဒေါက်တာ တင်ထွဋ်နှင့်      ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊    စိုက်ပျိုးရေး သုတေသန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊    ဝန်ကြီးဌာနအောက်ရှိ နည်းပညာကျွမ်းကျင်   ပညာရှင် များနှင့်   ဒဏ္ခိဏသီရိမြို့နယ်မှ တောင်သူများ တက်ရောက်ကြ သည်။    
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး   ဒေါက်တာတင်ထွဋ်က တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်းနှင့် အခြားလူမှုကွန်ရက် မီဒီယာများ မှ     နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး  သာမက တောင်သူများနှင့်   ပညာရှင်များ အကြား  ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည့်     နည်းလမ်း သစ်များ ဖော်ထုတ်အသုံးချ ဆောင် ရွက်ကြရန် ယနေ့ဖွင့်လှစ်သည့် တောင်သူနည်းပညာပေး ဆွေးနွေး ပွဲသည် တောင်သူလယ်သမားများ အကျိုး စီးပွားမြှင့်တင်ရေးအတွက် သုတေသီများ၊     ပညာရှင်များ နှင့်   စိုက်ပျိုးပညာပေး  တာဝန်ရှိ သူများ ပူးပေါင်းဆောင်ရွက်သည့် Smart Movement  ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က   ဝင်ငွေရပြီး စိုက်ပျိုးရေ     အနည်းငယ်သာ လိုအပ်သည့်သီးနှံများ    ပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် ရေအသုံးချ သူများအဖွဲ့(WUG)များအနေဖြင့် လက်တွေ့ဆန်ဆန်     ပူးပေါင်း ဆောင်ရွက်ကြရန်နှင့်   စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် လုံး  အင်အားကောင်းသော အစု အဖွဲ့များအဖြစ်  လှုပ်ရှားလာကြ စေရေး      တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက်    တောင်သူ   နည်း ပညာပေးဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန အပင်ရောဂါ သုတေသန ဌာနစုမှ   တာဝန်ရှိသူက    မတ်ပဲ သီးနှံ အပင်အသေအပျောက်များ ခြင်း ပြဿနာဖြေရှင်းရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် များ၊     ပိုးမွှားရောဂါ    ကာကွယ် နှိမ်နင်း   နည်းစနစ်များဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြရာ ဆွေးနွေးပွဲ တက်ရောက် လာကြသော    တောင်သူများက မတ်ပဲစိုက်ပျိုးရာတွင် ကြုံတွေ့နေ ရသည့် အခက်အခဲများကို တင်ပြ ဆွေးနွေးကြပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
တောင်သူများ၏     စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ     နည်းပညာ အခက်အခဲများ ဖြေရှင်းပေးရာ တွင် ပိုမိုထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့် တောင်သူများ အကြား    နီးကပ်စွာ    ဆွေးနွေး အဖြေရှာ   ဖော်ထုတ်ပေးနိုင်ရေး အတွက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ (Farmer's Forum) ကို အပတ်စဉ် စနေနေ့တိုင်းကျင်းပ ပြုလုပ်သွားမည်   ဖြစ်ကြောင်း သိရသည်။                

သတင်းစဉ်