ပထမအကြိမ် မြန်မာ - ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီအစည်းအဝေး ကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၃၀


ပထမအကြိမ် မြန်မာ-ရုရှား  ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေးကို   ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

 


အစည်းအဝေးသို့   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်းနှင့် ကော်မတီဝင်   မြန်မာ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားတပ်မတော်၊  စစ်ဦးစီးချုပ်ရုံး အကြီးအကဲနှင့်   ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich နှင့် ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ ပထမအကြိမ် မြန်မာ-ရုရှား အကြမ်းဖက် မှုတိုက်ဖျက်ရေးကော်မတီ   ပူးတွဲဥက္ကဋ္ဌများဖြစ်ကြ သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယ ဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်းနှင့်     ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့်     ပထမဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich   တို့က   နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ 

 


ထို့နောက်         အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီပူးတွဲဥက္ကဋ္ဌနှစ်ဦးက      အစည်းအဝေး အစီအစဉ်အား    အတည်ပြုကြပြီး     အစည်းအဝေး တက်ရောက်လာသူများနှင့်အတူ  စုပေါင်းမှတ်တမ်း တင်  ဓာတ်ပုံရိုက်ကြသည်။

 


အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍      နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်      အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်