
မအူပင် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝ ရေပြင် မြစ်ချောင်း အင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည် တည်တံ့စေရန်နှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများ ပိုမိုစားသုံး နိုင်ရန်တို့ကို ရည်ရွယ်၍ ပန်းတနော်မြို့နယ် ကျုံတိုင်းကြီးကျေးရွာအုပ်စု ကျုံတိုင်းကြီးချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကျုံတိုင်းကြီးချောင်းတွင် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယစီမံအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ရင်း တပ်ဖွဲ့များ၊ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်စိစစ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရေလုပ်သားများနှင့် ငါးမွေးတောင်သူများက နှစ်လက်မအရွယ် ငါးမြစ်ချင်း သားပေါက်ကောင်ရေ နှစ်သိန်းငါးသောင်း၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ တစ်သိန်း စုစုပေါင်း ငါးသားပေါက် ကောင်ရေ သုံးသိန်းငါးသောင်းအား မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်