ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်   မေ   ၃
မကွေးတိုင်းဒေသကြီး   ပခုက္ကူ မြို့နယ်   ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ  လုံခြုံရေး တပ်ဖွဲ့ဝင်များကို   အကြမ်းဖက် သမားများက မေ  ၂  ရက်တွင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့     တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှု များလုပ်ဆောင်ခဲ့ပြီး နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှန်ကန် မှုမရှိသည့် သတင်းတု၊ သတင်း အမှားများကို  တရားမဝင်ပြည်ဖျက် မီဒီယာ  Khit   Thit  က   ပြည်သူ များ အထင်အမြင်လွဲမှားစေရန် အတွက် လုပ်ကြံရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ အဆိုပါလုံခြုံ ရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ပန်းတိုင်းခြုံကျေးရွာ နှင့် ပခုက္ကူနည်းပညာတက္ကသိုလ် သို့သွားရောက်သည့်  လမ်းလုံခြုံ ရေးဆောင်ရွက်ရန်      ထွက်ခွာ စဉ်    အကြမ်းဖက်သမားများကလက်နက်ငယ်များဖြင့်    ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက်  လုံခြုံ ရေးတပ်ဖွဲ့ဝင်များက    ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်  လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင် ရွက်လျက်ရှိကြောင်းနှင့်  ပန်းတိုင်း ခြုံကျေးရွာရှိ      နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်     ဆိုသည် မှာ  မှန်ကန်မှုမရှိကြောင်း     လုံခြုံ ရေး        တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ        သိရှိရ သည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များသည်    နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့်   နယ်မြေလုံခြုံ ရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူ များမှ အထင်အမြင်လွဲမှားစေရန် နှင့်   ကြောက်ရွံ့ထိတ်လန့်စေရန် အတွက်   ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံရေးသားထားသည့် သတင်း အမှားများကို     ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ရေးသားနေခြင်း သာဖြစ်ကြောင်း      သတင်းရရှိ သည်။
သတင်းစဉ်