ပန်းတောင်းမြို့နယ် စာရေးဆရာအသင်း စာဆိုတော်နေ့အခမ်းအနားကျင်းပ

 

ပန်းတောင်း  ဒီဇင်ဘာ   ၄


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် စာရေး ဆရာအသင်းက စာဆိုတော်နေ့အခမ်းအနားကို ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက ဥသျှစ်ပင်မြို့ရှိ စာရေးဆရာအသင်းရုံး အလင်္ကာခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင် ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက   အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးလှကျော်က စာဆိုတော် နေ့အခမ်းအနား ကျင်းပရခြင်းအကြောင်း ပြောကြားသည်။ ထို့နောက် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသား ခဲ့ကြသော   ကလောင်သစ်ကဗျာဆရာ ငါးဦးတို့အား မြို့နယ် အသင်း၏   ဂုဏ်ပြုမှတ်တမ်းများကို   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများက ပေးအပ်သည်။

 


ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းက ထုတ်ဝေ သော  စာဆိုတော်နေ့အထိမ်းအမှတ်   ကဗျာစာအုပ်တွင် ရေးသားသော ကဗျာဆရာများက ကဗျာများကို  ရွတ်ဆိုကြ ပြီး စာအုပ်များကို အခမဲ့ဖြန့်ဝေပေးသည်။ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ ကျင်းပကြောင်း သိရ သည်။                                       
 အောင်မြင့်(ပန်းတောင်း)