ပြည်တွင်းခရီးသွားများအကြား လူသိများလာသည့် ထွန့်ပတိုင်ရေကန်နှင့် ဘားအံမြို့မှ ခရီးသွားနေရာများ

 

ယဉ်လာဒ် 
 

တောင်တွေရဲ့မြို့တော်လို့ တင်စားခံထားရတဲ့ ဘားအံမြို့ပေါ်က ကျောက်စိမ်းရောင် တလက်လက်တောက်ပနေတဲ့ ထွန့်ပတိုင်ရေကန်ကို လတ်တလောမှာ ပြည်တွင်း ခရီးသွားဧည့်သည်တွေ များစွာလာရောက်လည်ပတ်နေကြပါတယ်။ ဘားအံမြို့ကို ရန်ကုန်ကနေ နေ့ချင်းပြန်သွားရောက်လည်ပတ်နိုင်သလို သွားလာရလွယ်ကူတာမို့ လက်ရှိမှာ   ပြည်တွင်းခရီးသွားတွေ   အများဆုံးသွားရောက်လည်ပတ်နေကြတဲ့  မြို့တော်တစ်ခု ဖြစ်လာနေပါတယ်။
“ပိတ်ရက်တွေဆို    ဘားအံမြို့ကို ပြည်တွင်းခရီးသွား        ဧည့်သည်တွေ တစ်ရက်ကို  လူဦးရေ  ၅၀၀  လောက် လာရောက်               လည်ပတ်ကြပါတယ်။ ကြားရက်တွေမှာတော့   လူဦးရေ ၂၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်” လို့ ဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက   စာရေးသူကို ပြောပြပါတယ်။
တကူးတက လာရောက်လည်ပတ်
၂၀၂၃     ခုနှစ်မှာ    ဘားအံမြို့ကို ပြည်တွင်းခရီးသွား အများဆုံး လာရောက် လည်ပတ်ကြတယ်လို့ဆိုနိုင်ပြီး ဘားအံ မြို့မှာ         နောက်ခံရှုခင်းကြည့်ကွက် အလှအပတွေ များစွာရှိတာမို့   အချိန်ပေး လာရောက်ပြီး             အမှတ်တရဓာတ်ပုံ ရိုက်ကူးကြတာ ဖြစ်ပါတယ်။  အများစု  လာရောက်လည်ပတ်ကြတဲ့      နေရာက တော့ ကျောက်စိမ်းရောင် တလက်လက် တောက်ပနေတဲ့  ထွန့်ပတိုင်ရေကန်ဖြစ် ပြီး ဒီရေကန်ကို တကူးတက လာရောက် လည်ပတ်ကြတာ   အလွန်များပြားလာ တယ်လို့     ဒေသခံတွေဆီက     သိရပါ တယ်။ 
ထွန့်ပတိုင်ရေကန်ရဲ့ ပတ်ဝန်းကျင်  
ထွန့်ပတိုင်ရေကန်ကို    ကြာအင်း တောင်ဘက်ကနေ လာရောက်နိုင်သလို နောင်လုံတောင်ကြား    လမ်းဘက်ကနေ လည်း လာရောက်နိုင်ပါတယ်။  အချက် အချာကျတဲ့နေရာမှာရှိတာမို့  လာရောက် လည်ပတ်မှုများတဲ့      နေရာတစ်ခုအဖြစ် ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။  နက်မှောင် နေတဲ့တောင်ကြီးကို   နောက်ခံထားပြီး ကျောက်စိမ်းရောင်       တလက်လက် တောက်ပနေတဲ့ ရေကန်မှာ   ဝါးတံတား ငယ်လေးတစ်ခုထိုးထားပြီး        ဒီတံတား လေးပေါ်ကနေ ဓာတ်ပုံရိုက်ကူးကြရတာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းလေး လှပစွာ ဆွဲဆောင်ထားတဲ့   ထွန့်ပတိုင်ရေကန်ရဲ့ ပတ်ဝန်းကျင်ကလည်း သာယာပါတယ်။  စာရေးသူသွားတုန်းကဆို  အလှည့်ကျ ဓာတ်ပုံရိုက်ဖို့ကို          တော်တော်လေး စောင့်လိုက်ရပြီးမှ ပြန်ရတဲ့အထိ စည်ကား လှတဲ့ ထွန့်ပတိုင်ရေကန်ပါ။
တောင်ကိုးလုံးရဲ့ မြို့တော်
ဘားအံမြို့ဟာ     တောင်တန်းခုံးခုံး လေးတွေနဲ့  တောင်ချင်းသွယ်ယှက်ကာ တည်ရှိနေတဲ့မြို့ဖြစ်ပြီး     တောင်တွေ များစွာရှိတဲ့   မြို့တော်တစ်ခုလည်းဖြစ် ပါတယ်။ ဘားအံကို တောင်တွေရဲ့မြို့တော် အဖြစ် တင်စားကြလေ့ရှိသလို   ဂူပေါင်း များစွာ ရှိတာမို့ ဂူတွေရဲ့မြို့တော်လို့လည်း တင်စားကြပါတယ်။       ဘားအံမြို့ကို  မိဇံတောင်၊   မိကရင်တောင်၊   ဖားပုတောင်၊ ဖားကပ်တောင်၊ ထောင်ဝိတောင်၊ ထမင်း ဆုပ်တောင်၊ ဇွဲကပင်တောင်၊  ကြာအင်း တောင်၊ ဖားမဲတောင်ဆိုတဲ့ တောင်ကိုးလုံး နဲ့    ဝန်းရံထားတာမို့     တောင်ကိုးလုံးရဲ့ မြို့တော်လို့လည်း  ခေါ်တွင်နိုင်ပါတယ်။ ဒီလို အမည်နာမများနဲ့   တင်စားခံရတဲ့ ဘားအံမြို့ဟာ ခရီးသွားရတနာသိုက်ကြီး တစ်ခု   ဖြစ်နေတယ်လို့တောင်    ဆိုနိုင်ပါ တယ်။ 
လည်ပတ်စရာနေရာများစွာ
ဒါ့အပြင်  အရှေ့တောင်အာရှနိုင်ငံများ က ပေးအပ်တဲ့   Sustainable   Tourism Award (2022) ဆုပေါင်း ၁၁ ဆုကို ရရှိခဲ့ တဲ့     ကရင်ပြည်နယ်ရဲ့    ဂုဏ်သတင်း ကြောင့်လည်း ဂုဏ်ရှိန်ဝါ ပိုပြီးကြီးမားလာခဲ့တာဖြစ်ပါတယ်။  မြို့တော်ဘားအံ မြို့ဟာ   စိတ်ဝင်စားစရာ   လည်ပတ် လေ့လာစရာကောင်းတဲ့   ခရီးစဉ်ဒေသ ဖြစ်ပါတယ်။         ဘားအံမြို့ဝန်းကျင် မှာပဲ      လည်ပတ်စရာနေရာ      များစွာရှိ ပါတယ်။ 
ခရီးသွားတွေ  အများဆုံးသွားရောက် လည်ပတ်တဲ့နေရာတွေက       ဘုရင် ညီဂူ၊   ကော့ဂွန်းဂူ၊    ရသေ့ပျံဂူ၊    သဘာဝ ရေလိုဏ်ဂူ၊  အာလဝံဂူ၊ လင်းနို့ဂူ ၊ နောင် ခရိုင်ရေဂူ၊ ဆဒ္ဒန်ဂူ၊  ကော့ကသောင်ဂူ၊ ကျောက်ကလပ်၊ ချစ်သူမြိုင်၊ ကန်သာယာ တံတား၊  လုံမ္ဗိနီဥယျာဉ်၊   ကျိုက်ကဝိရွာ (ဖိုးတခေတ်ရွာ)၊  နောင်လုံတောင်ကြား၊        ထွန့်ပတိုင်ရေကန်၊   တောင်ဝိုင်းတောင်၊   ကြာအင်းတောင်၊           လွန်းညရေပြာကန်၊  ရွှေယဉ်မျှော်            ပြည်တော်အေးစေတီ၊  မုက္ကဒိရွာ              အိပ်မက်ကြိုးတံတား၊ ကော့ခမိတ်ရွာ၊ ဂုဏ်သာဖေါန်ရွာ၊ ထမင်း ဆုပ်တောင်၊  ဇွဲကပင်တောင်၊   မိဇံတောင်၊ ဖားပုတောင်    အစရှိတဲ့    လည်ပတ်စရာ နေရာတွေ ဖြစ်ပါတယ်။
အရှေ့တောင်အာရှ       နိုင်ငံများက ပေးအပ်တဲ့ ဆုပေါင်းများစွာကို လက်ဝယ် ပိုင်ဆိုင်ထားတဲ့ ဘားအံမြို့တော်၊ များပြား လှစွာသော  ခရီးစဉ်နေရာတွေ ရှိနေပြီး ရန်ကုန်မြို့နဲ့လည်း   အလှမ်းမဝေးလှတဲ့ တောင်တွေရဲ့မြို့တော် သို့မဟုတ် ဂူတွေရဲ့ မြို့တော်ဖြစ်တဲ့     ဘားအံရွှေမြို့တော်နဲ့ ထွန့်ပတိုင်ရေကန်ကို           သွားရောက် လည်ပတ်နိုင်စေဖို့    ရေးသားဖော်ပြလိုက် ရပါတယ်။     ။