ပြည်တွင်းစက်သုံးဆီသုံးစွဲမှုများအတွက် စက်သုံးဆီအလုံအလောက် ဖြန့်ဖြူးပေးလျက်ရှိပြီး တရားမဝင်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား စိစစ်အရေးယူဆောင်ရွက်လျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ  ၂၁


အများပြည်သူများအနေဖြင့် မကြာမီ  စက်သုံးဆီ ပြတ်လပ်မည်ဆိုသည့်      လူမှုကွန်ရက်များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလသတင်း များကြောင့်  စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီ အရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါတန်းစီ ၍ ထုတ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ ကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ  စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ဖြည့်တင်းပေးနိုင်မှုစွမ်းအား ကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူလျက် ရှိရာ အရောင်းဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ် မှုမရှိစေရန်အတွက် စက်သုံးဆီများကို အဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် စက်သုံးဆီ အရောင်းဆိုင်များတွင် အကြိမ်ကြိမ်တန်းစီ ဝယ်ယူကာ
တစ်ဆင့်ပြန်လည်ရောင်းချမှုများနှင့်    တရားမဝင် သိုလှောင်ရောင်းချခြင်းများနှင့်    ဆီတင်ယာဉ်ဖြင့် တရားမဝင်သယ်ယူပို့ဆောင်ခြင်းများအား တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းဖွဲ့များဖြင့် စစ်ဆေး ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ၅-၁၀-၂၀၂၃ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး ရန်လင်းအောင်ကားဂိတ် တွင်    ရပ်တန့်ထားသည့် မော်တော်ယာဉ်ပေါ်တွင်      သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၄၅ ဂါလန် ဆံ့ ပီပါ ၈၄ လုံး ဂါလန် ၃၇၈၀ ခန့်အားလည်းကောင်း၊ ၈-၁၀-၂၀၂၃    ရက်နေ့တွင်    စစ်ကိုင်းတိုင်းဒေသ ကြီး     မုံရွာမြို့အတွင်း    မော်တော်ယာဉ်ပေါ်တွင်    သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၃၅ ဂါလန် ဆံ့ ပီပါ ၆၅ လုံး  ၂၂၇၅ ဂါလန်ခန့်အားလည်းကောင်း၊ ၂၄-၁၀-၂၀၂၃  ရက်နေ့တွင် မုံရွာမြို့ ကမ်းနားလမ်း ဘေးရှိ ရပ်ကွက်ရုံးရှေ့ရှိ သုံးဘီးဆိုင်ကယ် နှစ်စီး ပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင်ချက်ဆီ ၄၅ ဂါလန်ဆံ့ ပီပါ  ၈၄ လုံး ဂါလန် ၃၇၈၀ ခန့်အား လည်းကောင်း၊ ၁-၁၁-၂၀၂၃ ရက်နေ့တွင် မုံရွာမြို့၊ မန်းကျည်းပင်ဈေး ကျောက္ကာလမ်းပေါ်တွင်  သုံးဘီး ဆိုင်ကယ်  တစ်စီးပေါ်တွင် သယ်ဆောင်လာသည့် တရားမဝင် ချက်ဆီ ၃၅ ဂါလန် ဆံ့ ပီပါ ၁၄လုံး ဂါလန်  ၄၉၀ ခန့်အားလည်းကောင်း၊ ၃၀-၁၁-၂၀၂၃ ရက်နေ့ တွင် မုံရွာမြို့ ကွေ့ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ပိုင်ရှင်မဲ့ ချက်ဆီပီပါ အလုံး ၂၀ ဂါလန်  ၇၀၀ ခန့်အား လည်းကောင်း၊ ၁၂-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး မန္တလေး-စဉ့်ကူးလမ်းပိုင်း မိုင်တိုင် အမှတ် ၄၅/၃ တွင်  စက်သုံးဆီ တရားမဝင်သယ်ဆောင် လာသည့်   ဆီတင်ယာဉ်   Bowser   လေးစီးအား စက်သုံးဆီ   ၃၆၈၇၇  ဂါလန်ဖြင့် လည်းကောင်း၊ ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်  မြစ်ငယ်တံတားအနီးတွင် တရား မဝင်ချက်ဆီ ဂါလန် ၆၀၀၀ သယ်ဆောင်လာသည့် ဆီသယ်ယာဉ်တစ်စီးအားလည်းကောင်း၊ ၁၄-၁၂- ၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ဖရဲကျွန်းကျေးရွာ မိုင်တိုင်အမှတ် ၃၅၈ မိုင်၊  ၄ ဖာလုံရှိ ခြံဝင်းအတွင်း၌ တရားမဝင်မြေအောက်  သိုလှောင်ကန်ဖြင့် သိုလှောင်ထားသည့် စက်သုံးဆီ ၃၃၈၆  ဂါလန်အားလည်းကောင်း၊  ၁၄-၁၂-၂၀၂၃  ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်  Denko    စက်သုံးဆီ  အရောင်းဆိုင်တွင် နှစ်ကြိမ်     တန်းစီဝယ်ယူသည့်    မော်တော်ယာဉ် တစ်စီးအား ယာဉ်၏နောက်ခန်းတွင် မောင်းဆီတိုင်ကီ နှင့်   ပိုက်သွယ်တန်းထားသော   ဂါလန်   ၁၅၀  ဆံ့ ပလတ်စတစ်ပီပါ တစ်လုံး၊ ဂါလန် ၅၀ ဆံ့ သံပီပါ ခြောက်လုံး၊  ပလတ်စတစ်ပီပါ  တစ်လုံးဖြင့်လည်း ကောင်း၊  ၁၅-၁၂-၂၀၂၃  ရက်နေ့တွင်    သာကေတ မြို့နယ်   ၁/အနော်မာရပ်ကွက်    ဧရာဝဏ်လမ်း ကျောက်တိုင် မှတ်တိုင်အနီးတွင် အရောင်းဆိုင်များမှ တန်းစီဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနေသည့် မော်တော်ယာဉ်တစ်စီးနှင့်  ၎င်းယာဉ်ပေါ်တွင် ပါရှိ သည့်  တစ်ပီပါလျှင်  ဂါလန်  ၅၀  ဆံ့  ဒီဇယ်ဆီပီပါ ၁၀  လုံးအား  လည်းကောင်း၊  ၁၆-၁၂-၂၀၂၃  ရက် နေ့တွင်   ရန်ကုန်တိုင်းဒေသကြီး   သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၊       ဒဂုံ-သီလဝါ  လမ်းမကြီး ဘေးရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌    တရားမဝင်    သိုလှောင်ထားရှိသည့်  စက်သုံးဆီ  ၄၈  ဂါလန်ဆံ့ သံပီပါ သုံးလုံး၊ ပါဝါဆီ အဖြူ၊ ဂါလန် ၃၀ ပါ သံပီပါ တစ်လုံး၊ ပါဝါဆီအဝါ ၁၅ ဂါလန် ပါ  သံပီပါ  တစ်လုံး၊ စက်ဆီ၊ချောဆီ   ၄၈  ဂါလန်ဆံ့   သံပီပါ   နှစ်လုံး၊  ဆီမဲအပျက်  ၄၅  ဂါလန်ပါ သံပီပါ နှစ်လုံးနှင့် ၁၅ ဂါလန်ပါ သံပီပါ တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ၁၈-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးမြင့်  ဦးစီးအဖွဲ့သည်  မှော်ဘီမြို့နယ် လိပ်ပုတ် ကျေးရွာရှိ    ခြံတစ်ခြံတွင်  တရားမဝင်   စက်သုံးဆီ သိုလှောင်    ရောင်းချနေကြောင်း     သတင်းအရ ဝင်ရောက်ရှာဖွေ  စစ်ဆေးခဲ့ရာ  ဂါလန်  ၈၀၀ ဆံ့ သိုလှောင်ကန် ၁၄ ကန်နှင့် ဒီဇယ်ဆီ ဂါလန် ၇၂၀၊ ဂါလန် ၈၀၀ ဆံ့ အဖြူရောင် Bowser အခွံ နှစ်စီး၊ ဂါလန် ၈၀၀ ဆံ့ ဆီ Bowser ပုံစံဆီတိုင်ကီ အခွံ နှစ်လုံးတို့အား     ပိုင်ရှင်နှင့်အတူ      ဖမ်းဆီးရမိပြီး     ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ခြံအမှတ်   (၅၆၀)    အတွင်းမှ  ဆီ  Bowser  ပုံစံ  (ဆလင်ဒါသံကန်) ဆီသိုလှောင်ကန်  ၁၁  ကန်နှင့်  ဒီဇယ်ဆီ  ၆၈၅၇ ဂါလန်၊  92 Ron  ဂါလန် ၂၇၅၀ ပါသည့် ပီပါ ၅၅  လုံးနှင့်  ပီပါအခွံ ၁၆ လုံး၊ ဒီဇယ်ဆီ ဂါလန် ၁၃၇၀  ပါရှိသည့်    Hyundai   အမျိုးအစား     အဖြူရောင် ဆီသယ်ယာဉ် Bowser တစ်စီးနှင့် Isuzu အမျိုးအစား အဖြူရောင် ဆီသယ်ယာဉ် Bowser တစ်စီးတို့အား လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီးတွင် ၁၀-၁၂-၂၀၂၃     ရက်နေ့မှ    ၁၅-၁၂-၂ဝ၂၃   ရက်နေ့ထိ    တရားမဝင်စက်သုံးဆီရောင်းချမှု ၁၇ မှု ဖမ်းဆီးရမိပြီး စက်သုံးဆီ  ၇၁၉  ဂါလန်ခန့်နှင့်  ဖြန့်ဖြူးရောင်းချ ရာတွင်   အသုံးပြုသည့်   ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကောင်စီတွင် ၁၀-၁၂-၂၀၂၃ ရက်နေ့မှ ၁၄-၁၂-၂၀၂၃ ရက်နေ့ထိ တရားမဝင်  စက်သုံးဆီရောင်းချမှု   (၈)မှု  ဖမ်းဆီးရမိပြီး စက်သုံးဆီ ဂါလန် ၁၀၀ ခန့်နှင့် ဖြန့်ဖြူးရောင်းချရာတွင်  အသုံးပြုသည့်   ဆက်စပ် ပစ္စည်းများအားလည်းကောင်း    ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းတရား မဝင်စက်သုံးဆီ ၆၉၉၀၉ ဂါလန် ခန့်   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၃၅  သန်းကျော်)၊  စက်သုံးဆီသယ်ယူ ပို့ဆောင်ရာတွင် အသုံးပြုသည့်    ဆီတင်ယာဉ်  (Bowser)  ၁၁  စီးနှင့်  တရားမဝင် လိုင်စင်မဲ့ စက်သုံးဆီ သိုလှောင်ကန်များ    အပါအဝင်      ဖြန့်ဖြူးရောင်းချရာတွင်   အသုံးပြုသည့်  ဆက်စပ် ပစ္စည်းများအား  ဖမ်းဆီးရမိခဲ့ပြီး  သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ    အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့ပြင်   ရန်ကုန်တိုင်းဒေသကြီးနှင့်   မန္တလေး တိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်း ဆိုင် ၁၆ သည် စက်သုံးဆီရှိလျက် ရောင်းချမပေး ခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် (Bowser) ဖြင့်  အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်  ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက် ခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက စိစစ် တွေ့ရှိရသဖြင့်   ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ  ဥပဒေနှင့်အညီ      စီမံခန့်ခွဲရေး    နည်းလမ်းအရ   သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်း ဆိုင်ကို  ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။


တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင် စက်သုံးဆီသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချမှုများ ပပျောက်စေရန်အတွက်   တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာပူးပေါင်းဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် တရား မဝင် စက်သုံးဆီ သိုလှောင်သယ်ယူဖြန့်ဖြူး ရောင်းချ မှုများနှင့်ပတ်သက်၍    သတင်းရရှိပါက    အဆိုပါ အဖွဲ့များသို့  သတင်းပေးပို့  တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်