ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိသည့်အပြင် ပုံမှန်ထက် ပိုမိုဖြန့်ဖြူးပေးလျက်ရှိ လက်ရှိတန်းစီဝယ်ယူနေသည့် အရောင်းဆိုင်များ အပြင် ကျန်အရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူကြရန် တိုက်တွန်းနှိုးဆော်

 

နေပြည်တော်   ဩဂုတ်    ၃


စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီသည် နိုင်ငံတွင်းစက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက်    သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ် လ ဒုတိယပတ်ကုန်အထိ လုံလောက်စွာဖြန့်ဖြူး နိုင်ရန်     သိုလှောင်ထားရှိ သည့်အပြင် ပြည်ပနိုင်ငံမှ စက်သုံးဆီတင်သင်္ဘောများကိုလည်း စဉ်ဆက် မပြတ် ဝင်ရောက်နိုင်ရေး   ကြိုတင်စီမံဆောင်ရွက်ထားရှိပြီး ဖြစ်သဖြင့်    အများပြည်သူများ အနေဖြင့်    မကြာမီ   စက်သုံးဆီ ပြတ်လပ်မည်ဆိုသည့်  Online Media  များနှင့်  ကောလာဟလ သတင်းများကြောင့်     စိုးရိမ် ကြောင့်ကြမှုဖြင့်    လိုအပ်သည် ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင် ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ပြီး တစ်ဆင့် ရောင်းချခြင်းတို့ မပြုလုပ် ကြရန်၊   သုံးစွဲရန်   လိုအပ်သည့် ပမာဏကိုသာ      ဝယ်ယူသုံးစွဲ ရန်၊ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေး ခြင်းမျိုး မပြုလုပ်စေရေး စနစ်တကျ စိစစ်ကြပ်မတ်လျက်ရှိကြောင်းနှင့် လက်ရှိအခြေအနေများအရ  စက် သုံးဆီပြတ်လပ်နိုင်မှု မရှိနိုင်ကြောင်း      သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
နိုင်ငံအနှံ့အပြားတွင် မိုးအဆက် မပြတ်ရွာသွန်းပြီး  ဒေသအချို့၌ ရေကြီးရေလျှံမှုများ   ဖြစ်ပေါ်နေ သဖြင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီများသယ်ယူပို့ဆောင်ရာတွင်  ပုံမှန်ထက်အနည်းငယ် နှောင့်နှေးကြန့်ကြာမှုရှိနိုင်သော် လည်း     ပြတ်လပ်မှုမရှိစေရန် အတွက်    ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ၉၈ ဆိုင်၊ ရန်ကုန် တိုင်းဒေသကြီးရှိ   ၁၉၆  ဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ၆၉၂ဆိုင် တို့  အပါအဝင်   နိုင်ငံတစ်ဝန်း အရောင်းဆိုင် ၃၀၀၀ ကျော်တို့သို့ ဆီတင်ယာဉ်များဖြင့်  နေ့စဉ်ပုံမှန် ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် လိုအပ်ပါက  Urgent  အစီအစဉ်၊ Special အစီအစဉ်တို့ဖြင့်လည်း ထပ်မံပြီး တစ်ရက်လျှင် ဓာတ်ဆီ နှင့်   ဒီဇယ်ဆီ  စုစုပေါင်း   ဂါလန် သုံးသန်းခန့်အား   ပိုမိုဖြန့်ဖြူးပေး လျက်ရှိသည်။
စိစစ်မှုအရ     ပြည်ထောင်စု နယ်မြေ     နေပြည်တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်   ၁၀၀    အနက်မှ ငါးဆိုင်၊  ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး    နယ်နိမိတ် အတွင်းရှိ   အရောင်းဆိုင်   ၁၄၆ အနက်မှ ၂၄ ဆိုင်နှင့် မန္တလေးတိုင်း ဒေသကြီး   စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ    အရောင်း ဆိုင် ၁၆၃ ဆိုင်အနက်မှ ၁၉ ဆိုင် တို့တွင်သာ   စုပြုံတန်းစီဝယ်ယူမှု ဖြစ်ပေါ်နေပြီး ကျန်အရောင်းဆိုင် များတွင်  စက်သုံးဆီများရှိသော် လည်း     ဝယ်ယူမှုနည်းပါးနေ ကြောင်း တွေ့ရှိရသည်။
သို့ဖြစ်ပါ၍    အများပြည်သူ များအနေဖြင့် မလိုအပ်ဘဲ  အချိန် ကြန့်ကြာစွာ တန်းစီဝယ်ယူရခြင်း၊ လမ်းသွားလမ်းလာအများပြည်သူ၊ ခရီးသွား  မော်တော်ယာဉ်များ အတွက် လမ်းပိတ်ဆို့မှုများဖြစ်ပေါ် နေခြင်းတို့ မရှိစေရေးတန်းစီဝယ်ယူ နေသော အရောင်းဆိုင်များအပြင်     ကျန်နီးစပ်ရာ အရောင်းဆိုင်များသို့ လည်း  သွားရောက်ဝယ်ယူကြပါ ရန် နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။                   

သတင်းစဉ်