ပြည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အသိပညာ‌ပေးဆွေးနွေးဟောပြောပွဲကျင်းပ

 

ပြည်    မတ်    ၂၄


ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန     ပဲခူးတိုင်းဒေသ ကြီး   ပြည်တက္ကသိုလ်၌    ယနေ့ နံနက် ၁၀ နာရီက ဥပဒေဆိုင်ရာ အသိပညာ‌ပေး  ဆွေးနွေး    ဟော ပြောပွဲ ကျင်းပသည်။

 


ရှေးဦးစွာ   ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင် က နှုတ်ခွန်းဆက်  အမှာစကား ပြောကြားပြီး    ပြည်ခရိုင်ဥပဒေ အရာရှိ    ဒေါ်သန္တာအောင်က အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ နှင့် ရာဇသတ်ကြီးဥပဒေဆိုင်ရာ  အကြောင်းအရာများကို    လည်း ကောင်း၊ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး    သန်းဇော်ဝင်းက    မှုခင်း ကျဆင်းရေးဆိုင်ရာ အကြောင်း အရာများကိုလည်းကောင်း၊ ပြည် ခရိုင်   ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန        လက် ထောက်        ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သတင်းအမှား၊ အမှန်    စိစစ်ပိုင်းခြားခြင်းဆိုင်ရာ အကြောင်းအရာများကို     လည်း ကောင်း အသိပညာပေး ဆွေးနွေး ဟောပြောသည်။

 


အဆိုပါ    အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့      ပြည် တက္ကသိုလ်မှ       ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊   ဆရာ  ဆရာမများ၊ ကျောင်းသား  ကျောင်းသူများနှင့်  ဝန်ထမ်းများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။


ကိုဆက်(ပြန်/ဆက်)