ပြည်တက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်

 

ပြည်  ဖေဖော်ဝါရီ   ၆


ပဲခူးတိုင်းဒေသကြီး  ပြည်တက္ကသိုလ်၌  (၇၅)နှစ် မြောက်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုကျင်းပသော စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသူများအား   ဆုချီးမြှင့်သည့် အခမ်းအနားကို ဖေဖော်ဝါရီ   ၄  ရက်က   အဆိုပါ တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပသည်။

 


ရှေးဦးစွာ     ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သက်လွင်က   အမှာစကားပြောကြားခဲ့ပြီး  ‌ပြည်တက္ကသိုလ်မှ  ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်နှင့်   ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား ကျောင်းသူများ   တက်ရောက်ခဲ့ကြသည်။

 


ထို့နောက် ပြည်တက္ကသိုလ်၌ ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်  စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာ ပြိုင်ပွဲများတွင်  ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ဘာသာရပ်စုံ သင်တန်းအသီးသီးမှ ကျောင်းသား ကျောင်းသူ ၂၈ ဦးအနက် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် အထူးဆုများကို   ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်     ပါမောက္ခ (ဌာနမှူး) များက ကျောင်းသား ကျောင်းသူများထံ     ဂုဏ်ပြုဆု များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ကိုဆက်
(ပြန်/ဆက်)