
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၃၃ / ၂၀၂၂
၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်)
ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား အောက်ပါပြည်ထောင်စုဝန်ကြီးဌာနများအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၂) စွမ်းအင်ဝန်ကြီးဌာန
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး